‘မီကို’ကော်ဖီမစ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအတွက် ဆန္ဒပြ

မန္တလေး၊စက်တင်ဘာ၁၅-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ထဲက’မီကို’ကော်ဖီမစ်စက်ရုံကနေ ၂၀၁၈ခုနှစ်ကမတရားအလုပ်ခံရတဲ့အလုပ်သမားခေါင်းဆောင်(၄)ဦး အလုပ်ပြန်လည်ရရှိရေးအတွက်အလုပ်သမားအဖွဲ့အစည်းတွေစုပေါင်းပြီးဒီကနေ့မနက်ပိုင်းကကနောင်မင်းသာကြီးလမ်း၆၄လမ်းနဲ့၆၅လမ်းကြားက’မီကို’ကော်ဖီမစ်စက်ရုံရှေ့မှာဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ မီကိုစက်ရုံက အလုပ်သမားတွေပါသလို တခြားအလုပ်သမားအဖွဲ့စည်းက အလုပ်သမား ၁၀၀ ဝန်းကျင်နဲ့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။   #voiceofmyanmar #မီကိုကော်ဖီမစ် #အလုပ်သမားဆန္ဒပြ

Read More

ကိုယ်ဝန်ဆောင်စဉ်ကနေ ၂နှစ်ထိ ကလေးတွေကို ငွေကြေးထောက်ပံ့တော့မယ်

ပုသိမ်-စက်တင်ဘာ၁၄-၂၀၁၉ ကိုအောင်(VOM)   ၂၀၂၀မှာ ဧရာဝတီတိုင်းနဲ့ရှမ်းပြည်နယ်မှာရှိတဲ့ ကိုယ်ဝန်ဆောင်စဉ်မှ အသက်၂နစ်ထိ ကလေးငယ်တွေကို ငွေကြေးထောက်ပံပေးဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။   နိင်ငံတော်ရံပုံငွေနဲ့ ကမ္ဘာ့ဘဏ်ချေးငွေပေါင်းစပ်ပီး ကိုယ်ဝန်ဆောင်စဉ်ကာလမှအသက်၂နစ်ထိ ရက်ပေါင်း၁၀၀၀အတွက်ထောကိပံပေးဖို့စီစဉ်နေတာလို့လည်းသိရပါတယ်။   ၂၀၁၈/၂၀၁၉ဘဏ္ဏာရေးနစ်မှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ချင်းပြည်နယ် ရခိုင်ပြည်နယ် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ထောက်ပံ့ပေးနေပြီး ၂၀၂၀မှာဧရာဝတီတိုင်း နဲ့ရှမ်းပြည်နယ်ကို တိုးချဲ့ထောက်ပံ့ပေးဖို့စီစဉ်လိုက်တာလို့သိရပါတယ်။     ရက်ပေါင်း၁၀၀၀ထောက်ပံ့ပေးမယ့်အစီအစဉ်ကို ၂၀၂၀ခုနှစ်မှာ ဧရာဝတီတိုင်းမှာ၂၄ဒသမ၆ဘီလီယံ ရှမ်းပြည်နယ်မှာ၂၄ဒသမ ၈ဘီလီယံလျာထားသတ်မှတ်ထားပီး တစ်ဦးလျှင် တစ်လတစ်သောင်းခွဲနူန်းအပြင် ကျန်းမာရေးနဲ့အာဟာရဆိုင်ရာမိသားစုစီမံကိန်းနဲ့လူမူရေးဆိုင်ရာ ပံ့ပိုးမူတွေပါဝင်တယ်လို့သိရပါတယ်။   #voiceofmyanmar #လူကယ်ပြန် #ကလေးငယ်ထောက်ပံ့ရေး  

Read More

စစ်ကိုင်းမှာ ဘုန်းကြီး အချင်းချင်း ဓားထိုးမှု ဖြစ်

စစ်ကိုင်း၊စက်တင်ဘာ ၁၄-၂၀၁၉ စောပြည့်ချမ်းသာ(VOM)       စစ်ကိုင်းမြို့ မီးရထားရပ်ကွက်၊ မုံရွာတေဇောတာရုံကျောင်းတိုက်မှာ စက်တင်ဘာ ၁၃ရက် မနက်ပိုင်းက ဘုန်းကြီးအချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့တယ်လို့  မီးရထား ရပ်ကွက် ကဒေသခံတွေ ထံ က နေသိရပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ နံနက် ၆နာရီ ခန့်က  စစ်ကိုင်းမြို့ မီးရထားရပ်ကွက် မုံရွာတေဇောတာရုံ ကျောင်း ဝန်း ထဲ နေထိုင်တဲ့ မဇင်မာလှိုင်က  နေအိမ်အတွင်းအိပ်နေတုန်း  အိမ်နောက်ဖေးမှာ  ဆိုင်ကယ်လဲသံ နဲ့အတူ  အဲ့ဒီကျောင်းဝန်းထဲနေတဲ့ မောင်ဝမ်းကွဲဖြစ်သူဦးဇင်း ဂန္ဓမာ အသက် (၃၂)ဝါတော် (၁၂)ဝါ က ”မင်းကိုငါဘာလုပ်လို့တုန်း” ပြောသံကြားလိုက်ရပြီး  ကျောင်းတိုက်ရှေ့မြေပြင် မှာ မောင်ဖြစ်သူဦးဇင်းမှာလဲကျနေပြီး တစ်ကျောင်းတည်းနေတဲ့ ဦးဇင်း နန္ဒသီဟ အသက် ၃၂နှစ် ဝါတော် (၁၂)ဝါ က ဓားဦးချွန်ဖြင့်ထိုးနေတဲ့အတွက်…

Read More

KIA ထိန်းချုပ်နယ်မြေကလွဲလို့ မြစ်ကြီးနားခရိုင်အတွင်း အခြေခံမဲစာရင်းကောက်ယူပြီးစီး

မြစ်ကြီးနား၊ စက်တင်ဘာ ၁၄-၂၀၁၉ ရန်အောင်ထွန်း (VOM)   ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း ၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူစာရင်းကောက်ယူမှု ဩဂုတ်လကစ ပြုလုပ်ခဲ့ရာ KIA ထိန်းချုပ်နယ်မြေတွေကလွဲလို့ အားလုံးစာရင်းကောက်ပြီးနေပြီလို့ မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ကပြောသည်။   လူဦးရေစာရင်း အားလုံးကောက်ထားတဲ့အထဲက အသက် ၁၈ နှစ်ပြည့်ပြီးသူတွေကို ကွန်ပျူတာစာရင်းသွင်းနေတာတွေကလည်း စက်တင်ဘာအကုန်တွင် ပြီးမည်သိရသည်။   မြစ်ကြီးနားခရိုင်အတွင်းမြို့နယ် ၆ ခုရှိရာမှာ  KIA ထိန်းချုပ်နယ်မြေတွေကိုသာ ကောက်ယူဖို့ ကျန်ရှိတယ်လို့ ပြောပါတယ်။   ကချင်ပြည်နယ် တစ်ခုလုံးအတွက် မဲစာရင်းကောက်ယူမရတဲ့ နေရာတွေကို အားလုံးတိတိကျကျ မပြောနိုင်ပေမယ့် အတက်နိုင်ဆုံး တိကျပြည့်စုံအောင် ဆောင်ရွက်မယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းကပြောပါတယ်။   လက်ရှိမြစ်ကြီးနားခရိုင်အတွင်း လူဦးရေစာရင်းကောက်ယူရာမှာ ၄၄၄၅၉၄ ဦး ရှိပြီး အဲဒီအထဲက အသက်…

Read More

၇နှစ်​အရွယ်​ ဒုတိယတန်း​ကျောင်းသူ​ကို သားမယားပြုကျင့်​မှု နတ္တလင်းမှာဖြစ်

နတ္တလင်း -စက်​တင်​ဘာ၁၄-၂၀၁၉ မိုးယံ(VOM)     ပဲခူးတိုင်းသာယာဝတီခရိုင်​၊  နတ္တလင်းမြို့နယ်​၊ လယ်​မအင်း​ကျေးရွာအုပ်​စုမန်းကျည်းပင်​​ကျေးရွာမှာမ​နေ့ည​နေ၅နာရီဝန်းကျင်​​လောက်​ကလယ်​စာရင်းငှါးလုပ်​သူကအလုပ်​ရှင်​ရဲ့သမီးအသက်​၇နှစ်​အရွယ်​ရှိဒုတိယတန်း​ကျောင်းသူ​ကိုသားမယားပြုကျင့်​မှုဖြစ်​ပွားခဲ့တယ်​လို့​တောင်​ညိုရဲကင်းက သိရပါတယ်​။   စာရင်းငှားအလုပ်​သမားကအလုပ်​ရှင်​ရဲ့သမီး၇နှစ်​အရွယ်​က​လေးမ​ကိုသားမယားပြုကျင့်​​နေတာ​မျက်မြင်တွေ့ခဲ့တဲ့သူက ရဲကင်းစခန်းမှာ သက်သေထွက်​ဆိုထားပါတယ်​။   “ ကျွန်​​တော်​ ဦး—ကိုဖုန်းအားသွင်းဖို့သွားတာမှာလမ်းမှာဦး—အိမ်​ကလယ်​စာရင်းငှါးလုပ်​တဲ့​အောင်​မင်းနိုင်​က​ပေါက်​ပြားထမ်းပြီး​ရှေ့ကသွားတယ်​ ​နောက်​ကဦး—သမီး​လေးကတီ​ကောင်​​တွေထည့်​ထားတဲ့အိတ်​ကိုကိုင်​ပြီးလမ်းရဲ့ဘယ်​ဖက်​ချုံပုတ်​ထဲဝင်​သွားတယ်​။ ကျ​နော်​လည်းလမ်းဆက်​​လျောက်​လာတာက​လေးမ​လေးရဲ့အော်တဲ့အသံကိုကြားလိုက်​ရတယ်​အဲ့ဒါနဲ့ချုံပုတ်​ထဲသွားကြည့်​​တော့​ကလေးမလေးကို သားမယားကျင့်တာ  မြင်တွေ့ရတာပဲလို့”ကိုခင်​​ဇော်​ထွန်းက​ပြောဆိုပါတယ်​။   ​အောင်​မင်းနိုင်​အားကိုခင်​​ဇော်​ထွန်းမှဖမ်းဆီး​ခေါ်​ဆောင်​လာစဉ်​ရွာအနီးမှာထွက်​​ပြေးသွားတယ်​လို့​ပြောဆိုပါတယ်​။   `​”ငါးမျှားဖို့တီ​ကောင်​တူးမယ်​ဆိုလို့လိုက်​သွားတာပါရွာအပြင်​ချုံပုတ်​နားမှာခဏနားမယ်​ဆိုပြီးသားအယားပြုကျင့်​​ခဲ့တယ်​လို့”က​လေးမ​လေးကသူ့ဖခင်​ဦး—ကို​ပြောပြာတယ်​လို့ဆိုပါတယ်​။   ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့(ပ)၄၉/၂၀၁၉ရာဇသတ်​ကြီးပုဒ်​မ၃၇၆နဲ့ဖွင့်​ထားပြီး​ အသက်​၁၇နှစ်​ရှိဦး​အောင်​​အောင်​ရဲ့သား​အောင်​မင်းနိုင်​ကို​တောင်​ညိုဆည်​ရဲကင်းမှူးဒုရဲအုပ်​စိုးပိုင်​နဲ့အဖွဲ့မှည၁၂နာရီက​ကျောက်​ခွက်​​ကျေးရွာအုပ်​စုထန်း​တော​ကျေးရွာလမ်းအနီးမှာဖမ်းဆီးမိခဲ့တယ်​လို့သိရပါတယ်​။   #voiceofmyanmar  #နတ္တလင်း #ပဲခူးတိုင်း #သက်ငယ်မုဒိမ်း

Read More

ဒိုရင်းဟာရီကိန်းမုန်တိုင်းအပြီးဘဟားမားမှာလူ၁၃၀၀ ပျောက်ဆုံးနေ

နာဆော၊စက်တင်ဘာ-၁၃-၂၀၁၉ မျိုးဆက်(VOM)   ဘဟားမားနိုင်ငံမှာဒိုရင်းဟာရီကိန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ပျောက်ဆုံးနေသူဦးရေဟာ၁၃၀၀အထိရှိနေတယ်လို့နိုင်ငံအတွင်းရှိအရေးပေါ်ဌာနတွေက ပြောပါတယ်။   အဲဒီပျောက်ဆုံးသူအရေအတွက်ဟာယခုသီတင်းပတ်အစောပိုင်းက ပျောက်ဆုံးစာရင်း၂၅၀၀ကနေ လျော့ကျသွားတာဖြစ်ပါတယ်။ယာယီခိုလှုံရေးစခန်းတွေမှာ ရောက်နေသူတွေရဲ့စာရင်းနဲ့ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီးနောက် ပျောက်ဆုံးသူအရေအတွက်ကျလာတာဖြစ်တယ်လို့အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေးဌာနကပြောပါတယ်။   ဒိုရင်းဟာရီကိန်းမုန်တိုင်းဟာယခုလအစောပိုင်းကဘဟားမားနိုင်ငံမှာဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီးလူပေါင်း၅၀ထက်မနည်းသေဆုံးခဲ့ပါတယ်။ရှင်းလင်းရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေချိန်မှာ သေဆုံးသူအရေအတွက် မြှင့်တက်လာဖွယ်ရှိပါတယ်။   အသက်ဆုံးတာတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတတ်နိုင်သလောက်အချိန်နဲ့တပြေးညီ ကြေညာပေးသွားမယ်လို့ဝန်ကြီးချုပ်ဟူဘတ်မင်နစ်က ပြောပါတယ်။ဟာရီကိန်းမုန်တိုင်းဒိုရင်းဟာတစ်နာရီကို၁၈၅မိုင်နှုန်းနဲ့တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းအမြင့်ဆုံးတိုက်ခတ်ခဲ့တဲ့စံချိန်တင်ဟာရီကိန်းမုန်တိုင်းရဲ့ လေတိုက်နှုန်းနဲ့ တူညီခဲ့တယ်လို့ဆိုပါတယ်။   Ref : BBC Photo :Reuters   #voiceofmyanamr#ဘဟားမား #ဒိုရင်းဟာရီကိန်းမုန်တိုင်း   .

Read More

ချင်းပြည်နယ် မင်းတပ်မြို့မှာ  ဝိဇ္ဇာ၊သိပ္ပံ ကောလိပ် တည်ဆောက်မယ်

စက်တင်ဘာ ၁၃-၂၀၁၉ ကိုးသက်စံ (VOM)       ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့မှာ  ပညာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး၊ မင်းတပ်မြို့မှာ ဝိဇ္ဇာ၊ သိပ္ပံကောလိပ် တစ်ခုကို ၂၀၁၉-၂၀၂၀ခုနှစ် မှာ တည်ဆောက်ပေးသွား ဖို့ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။   ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့က ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မင်းတပ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ရဲ့ မင်းတပ်မြို့မှာ  ဒေသခံတွေ ပါဝင်လှူဒါန်းထားတဲ့ မြေပေါ်မှာ တက္ကသိုလ် ဒါမှမဟုတ် ကောလိပ် တစ်ခု တည်ဆောက် ပေးဖို့ အစီအစဉ်ရှိမရှိ မေးခွန်းမေးမြန်းခဲ့တဲ့ အပေါ် ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက အခုလို ပြန်လည်ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ် ။     ဒေသခံတွေက…

Read More

အချုပ်နဲ့ တရားရင်ဆိုင်နေရတဲ့  ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း အာမခံရပြီ

ပုသိမ်၊စက်တင်ဘာ ၁၃-၂၀၁၉ ကိုအောင်(VOM)     ငွေကြေးအလွဲသုံးစားမှုနဲ့ တရားစွဲဆိုခံနေရတဲ့ ဧရာဝတီလွှတ်တော်ဒုဥက္ကဌဟောင်း ဦးစံမင်းအောင်ဘက်က အချုပ်လွတ် ကျန်းမာရေးအာမခံလျှောက်ထားမူကို ဒီနေ့ရုံးချိန်း၆ကြိမ်မြောက်မှာတော့  ပုသိမ်မြို့နယ်တရားသူကြီးက အာမခံပေးလိုက်ပါတယ်။   ဦးစံမင်းအောင်ရဲ့ကျန်းမာရေးအခြေအနေဟာဘယ်ဘက်ကျောက်ကပ်မကောင်း ကျောက်တည်နေပြီး တီဘီရောဂါ နလုံးသွေးကြောကျဉ်းရောဂါနဲ့ လိပ်ခေါင်းရောဂါတွေခံစားနေရပြီး အထူးကုဆရာဝန်တွေနဲ့ပြသင့်တယ်လို့ပုသိမ်ဆေးရုံက ခွဲစိပ်ဆရာဝန်ကြီး ဒေါက်တာဇာရှိန်းက ပြီးတဲ့ရုံးချိန်းက ထွက်ဆိုခဲ့ပါတယ်။   ဒီထွက်ဆိုမူအရ တရားသူကြီးဒေါ်ခင်မြတ်မြတ်ထွန်း က ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၉၇(၁)အရ သိန်း၅၀၀နဲ့အာမခံပေးလိုက်တာဖြစ်ကြောင်း ခုလိုရှင်းပြပါတယ်။   “သူ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ ဆရာဝန်ရဲ့ထွက်ဆိုချက်ကို ထည့်သွင်းစဉ်းစားခဲ့ပြီးသူရုံးထွက်တိုင်းကျန်းမာရေးမကောင်းတာလည်း မျက်မြင်ဖြစ်တဲ့အတွက် အာမခံသူ၂ဦးနဲ့ သိန်း၅၀၀အာမခံပေးလိုက်တာပါ” လို့  ပုသိမ်မြို့နယ်တရားသူကြီးဒေါ်ခင်မြတ်မြတ်ထွန်းကပြောပါတယ်။   လက်ရှိဥင်္ိးစံမင်းအောင်ဟာ ကျန်းမာရေးဆိုးရွားနေတာကြောင့် ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်သွားရောက်ကုသနေပြီဖြစ်ပါတယ်။     ဦးစံမင်းအောင်ဟာ ၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း တစ်ထောင့်ငါးရာရှစ်ဆယ်ကို အသုံးပြုပြီး တိုင်းလွှတ်တော်အတွက် ကားငါးစီးဝယ်ယူခဲ့ရာမှာ ၁၉ သိန်းကျော်ကို…

Read More

မန္တလေးမှာ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိတဲ့အတွက် စစ်ကိုင်းမြို့မှာ စစ်တပ်နဲ့ရဲ လုံခြုံရေးဆောင်ရွက်

စစ်ကိုင်း- စက်တင်ဘာ ၁၃-၂၀၁၉ စောပြည့်ချမ်းသာ(VOM)       ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေး ချမ်းမြသာစည်မြို့ နယ်- မြို့သစ်(၅)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ AA လက်နက်ကိုင် အဖွဲ့ဝင်များလို့ ယူဆရတဲ့ အမျိုးသား ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများ ဆက်သွယ်ရေးပစ္စည်းများ ဆက်စပ်ပစ္စည်းများနဲ့အတူ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကိုင်းနဲ့ တံတားတွေပေါ်မှာ လုံခြုံရေး ဆောင်ရွက်ခဲ့ကြပါတယ်။   ဒီလိုလုံခြုံရေးဆောင်ရွက်ရာမှာ  တပ်မ (၃၃)ခြေမြန်တပ်မဌာနချုပ်။အမှတ်(၁၃)ခြေမြန်တပ်ရင်း  တပ်ရင်း အမှတ် (၁၆) လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ သံချပ်ကာတပ်တွေနဲ့မော်တော် ယာဉ်တန်းတွေနဲ့အတူ လှည်လည်ကာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်နေကြပါတယ်။   ”ဒါက မန္တလေးမှာ လွန်ခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ က AA…

Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့Honorary Freedom ဆု ယာယီရုပ်သိမ်း

  လန်ဒန်၊စက်တင်ဘာ-၁၃-၂၀၁၉ မျိုးဆက်(VOM)   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ထားတဲ့Honorary Freedom ဆုကို ယာယီ ပြန်ရုပ်သိမ်းရေးအတွက်လန်ဒန်မြို့တော်ကောင်စီကစက်တင်ဘာ၁၂ရက်မှာမဲခွဲဆုံးဖြတ်ပြီးရုပ်သိမ်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။   မြန်မာဒီမိုကရေစီအရေးမှာဒေါ်အောင်ဆန်းစုကြည်ဟာအကြမ်းမဖက်ရုန်းကန်လှုပ်ရှားခဲ့ပြီးပြည်သူတွေအတွက်ငြိမ်းချမ်းရေး၊လုံခြုံရေး၊လွတ်လပ်ရေးတဲ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတစ်ခုဖန်တီးပေးဖို့အားထုတ်ခဲ့တဲ့အတွက်၂၀၁၇ခုနှစ်မေလမှာဒီဆုကိုပေးအပ်ခဲ့တာဖြစ်တယ်လို့မြို့တော်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။     မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေနဲ့လူနည်းစုရိုဟင်ဂျာတွေအပေါ်ဖိနှိပ်မှုတွေကိုလက်မခံဘူးဆိုတာဒီဆုကိုရုပ်သိမ်းပြီးရှင်းလင်းတဲ့သတင်းစကားပါးလိုက်တာဖြစ်တယ်လို့ဆုရွေးချယ်ရေးအဖွဲ့ဥက္ကဌဒေးဗစ်ဝုဒ်တန်ကပြောပါတယ်။   ဒီဆုရုပ်သိမ်းမယ့်ကိစ္စနဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်ကိုသုံးကြိမ်တိုင်ဆက်သွယ်ခဲ့ပေမယ့်ဘာမှတုံ့ပြန်လာတာမရှိကြောင်းနဲ့ဆုပြန်လည်ရုပ်သိမ်းတယ်ဆိုတာမြို့တော်ကော်ပိုရေးရှင်းရဲ့သမိုင်းမှာမကြုံစဖူးဖြစ်တယ်လို့သူကဆိုပါတယ်။   မြန်မာနိုင်ငံမှာလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ရိုဟင်ဂျာတွေအပေါ်မှာဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီးနှုတ်ဆိတ်နေခဲ့တာကြောင့်ဆုရုပ်သိမ်းခြင်းဖြစ်ပြီးဒီဆုဟာလူပုဂ္ဂိုလ်တစ်ဦးချင်းကိုလန်ဒန်မြို့တော်ကော်ပိုရေးရှင်းကပေးတဲ့အမြင့်ဆုံးဆုဖြစ်ပါတယ်။ဒီဆုမျိုးကိုနယ်ဆင်မင်ဒဲလ်လား၊ဒက်စမွန်တူးတူး၊စတီဖင်ဟော့ကင်းတို့လိုပုဂ္ဂိုလ်မျိုးတွေရရှိထားပါတယ်။   Ref : City of London Photo : Times   #voiceofmyanmar #ဒေါ်အောင်ဆန်းစုကြည် #Honorary Freedom

Read More
VOM News

FREE
VIEW