ပါကစ္စတန်မှာအင်အားပြင်းငလျင်လှုပ်၊လူ၁၉ဦးသေဆုံးပြီး၃၀၀ကျော်ဒါဏ်ရာရ

အစ္စလမ္မာဘတ်၊စက်တင်ဘာ-၂၅-၂၀၁၉ မျိုးဆက်(VOM)   ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းမှာပြင်းအား၅ဒသမ၈အဆင့်ရှိအင်အားပြင်းမြေငလျင်တစ်ခုစက်တင်ဘာ၂၄ရက်မှာလှုပ်ခတ်ခဲ့တာကြောင့်လူ၁၉ဦးထက်မနည်းသေဆုံးပြီး၃၀၀ကျော်ဒါဏ်ရာရရှိသွားတယ်လို့ဒေသဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ်။   ငလျင်ဟာပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသကမီယာပူမြို့အနီးဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလျင်ကြောင့်အဲဒီဒေသကအဓိကလမ်းမကြီးတစ်ခုပေါ်မှာကြီးမားတဲ့အက်ကွဲကြောင်းကြီးဖြစ်ပေါ်နေပြီးလူနေအိမ်တွေလည်းပျက်စီးခဲ့တဲ့ဓါတ်ပုံတွေလူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။   ပျက်စီးမှုအခြေအနေအလုံးစုံကိုလက်ရှိအချိန်ထိမသိရသေးပါဘူး။၂၀၀၅ခုနှစ်ကလည်းအဲဒီဒေသမှာအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင်းလူထောင်ပေါင်းများစွာသေဆုံးခဲ့ရပါတယ်။   အခုလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာအနက်ခြောက်မိုင်ကနေလှုပ်ခတ်ခဲ့တာဖြစ်ပြီးမီယာပူမြို့ဟာငလျင်ဒါဏ်ကိုအဓိကခံခဲ့ရတဲ့မြို့ဖြစ်တယ်လို့ပါကစ္စတန်မိုးလေ၀သဌာနအကြီးအကဲမိုဟာမက်ရိုက်ဇ်ကပြောပါတယ်။   ငလျင်ကြောင့်သေဆုံးသူတွေထဲမှာကလေးငယ်တွေလည်းပါဝင်နေပြီးအဲဒီဒေသကိုလေကြောင်းနဲ့ဆေးဝါးထောက်ပံ့ရေးအဖွဲ့တွေစေလွှတ်ထားတယ်လို့ပါကစ္စတန်စစ်ဘက်ကထုတ်ပြန်ထားပါတယ်။   Ref : BBC Photo :Hirunews

Read More

တိုက်ပွဲရပ်စဲရေးနဲ့အရပ်သားတွေသေဆုံးမှုအတွက်သရုပ်ပြခဲ့တဲ့လူငယ်တစ်ဦးပုဒ်မ၁၉နဲ့တရားစွဲခံရ

စစ်တွေ၊စက်တင်ဘာ၂၅-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်အတွင်းမှာမြန်မာ့တပ်မတော်နဲ့AA တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးအရပ်သားတွေထိခိုက်သေဆုံးနေရတာကြောင့်တိုက်ပွဲတွေရပ်စဲဖို့နဲ့အရပ်သားတွေကိုဖမ်းဆီးနှိပ်စက်ခြင်းမလုပ်ဖို့အတွက်သရုပ်ပြခဲ့ကြတဲ့လူငယ်တွေထဲကဦးဆောင်သူကိုသန်းလှကိုငြိမ်းစုစီပုဒ်မ၁၉နဲ့တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။   အဲ့ဒီလှုပ်ရှားမှုကိုရခိုင်လူငယ်တစ်စုကစစ်တွေမြို့ဦးဥတ္တမပန်းခြံမှာဇူလိုင်လ၂ရက်နေ့ကပြုလုပ်ခဲ့ကြတာဖြစ်ပြီးလက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့အဖွဲ့အစည်းတွေအနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ကိုတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။     “ကျွန်တော်တို့ကတိုက်ပွဲတွေရပ်စဲဖို့အတွကိုပဲတောင်းဆိုခဲ့တာပါ။စစ်ကြောင့်အရပ်သားတွေဖမ်းဆီးခံနေရတယ်။သေဆုံးနေကြရတယ်။ဒီအတွက်မတရားဖမ်းဆီးခြင်းတွေမလုပ်ဖို့သရုပ်ပြခဲ့တာဖြစ်ပါတယ်။ဒါကိုခွင့်ပြုချက်မရှိဘဲပြုလုပပ်တယ်ဆိုပြီးတော့ပုဒ်မ၁၉နဲ့တရားစွဲဆိုထားပါတယ်။”လို့ဒီကနေ့ပထမအကြိမ်ရုံးချိန်မှာကိုသန်းလှကပြောကြားခဲ့ပါတယ်။     ဒါ့အပြင်ကိုသန်းလှဟာပြီးခဲ့တဲ့နှစ်ကမြောက်ဦးမှာဖြစ်ပွားခဲ့တဲ့ဆန္ဒပြလူငယ်တွေကိုရဲတပ်ဖွဲ့ကသေနတ်ပစ်ခတ်ခဲ့တာကြောင့်၇ဦးသေပြီး၁၂ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်မှာလည်းတာဝန်ရှိသူတွေကိုဖော်ထုတ်အရေးယူပေးဖို့နဲ့တရားဥပဒေစိုးမိုးရေးအတွက်ဆောင်ရွက်ပေးဖို့ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာတောင်းဆိုခဲ့ဖူးပါတယ်။     အဲ့ဒီကိစ္စအပါအဝင်လွန်ခဲ့တဲ့နှစ်လကျော်ကပြုလုပ်ခဲ့တဲ့သရုပ်ပြကွက်တွေကိုပြသခဲ့တဲ့ကိစ္စနှစ်ခုစလုံးမှာခွင့်ပြုချက်မဲ့ပြုလုပ်တယ်ဆိုပြီးစစ်တွေမြို့နယ်ရဲတပ်ဖွဲ့ကငြိမ်းစုစီပုဒ်မ၁၉နဲ့တရားစွဲဆိုခဲ့တဲ့အတွက်အမှုနှစ်ခုကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။   “ပထမတစ်ခုကမြောက်ဦးမှာလူငယ်တွေကိုပစ်ခတ်ခဲ့တဲ့အတွက်တရားဥပဒေစိုးမိုးရေးအတွက်တောင်းဆိုခဲ့တာပါ။အဲ့ဒါကိုလည်းပုဒ်မ၁၉နဲ့ဖွင့်ထားတယ်။အခုကျွန်တော်ကအမှုနှစ်ခုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့လူငယ်တွေတောင်းဆိုတဲ့စစ်ပွဲရပ်စဲပေးဖို့တောင်းဆိုတာကိုတရားစွဲတယ်ဆိုတော့သူတို့ကစစ်ပွဲတွေကိုမရစေချင်တဲ့သဘောရှိပါတယ်။”လို့ကိုသန်းလှကပြောကြားခဲ့ပါတယ်။   သူ့အနေနဲ့တရားဥပဒေစိုးမိုးရေး၊ဒီမိုကရေးစီတိုးတက်လာစေရေးတို့အတွက်ဆက်လက်ပြီးတော့တာင်းဆိုတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။   #voiceofmyanmar  #စစ်တွေ  #ပုဒ်မ၁၉

Read More

China Today မျက်နှာဖုံး ကိစ္စ ပြည်ထောင်စုအဆင့် တင်ပြထား

မန္တ​လေး၊ စက်တင်ဘာ ၂၄၊ ၂၀၁၉ ဖြူဖြူ (VOM)     မန္တ​လေးနန်းမြို့ရိုးနဲ့ကျုံးရေပြင်မှာ တရုတ်​နန်းမြို့ရိုးပုံ ရောင်ပြန်​ထင်ဟပ်နေတဲ့ ရုပ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့ China Today မဂ္ဂဇင်း ကိစ္စနဲ့ပတ်​သက်​ပြီး အ​ရေးယူ​ဆောင်​ရွက်​​ပေးဖို့ သာသနာ​ရေးနဲ့ ယဉ်​​ကျေးမှုဝန်​ကြီးဌာနကို တင်​ပြထားတယ်​လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။   မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ဝေတဲ့  China Today မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပုံဟာ  Facebook လူမှုကွန်​ရက်​ စာမျက်​နှာက​နေတစ်​ဆင့်​ လူသိများလာပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။   “သူတို့နိုင်​ငံမှာလည်း ဒီလိုနန်း​တော်​မျိုးရှိပါတယ်​ ဆိုတဲ့ဟာကို ပြချင်​လို့ထုတ်​တာပါလို့​ပြောတယ်​။ ဒါ​ပေမယ့်​ ပြည်​သူ​တွေရဲ့တုန့်​ပြန်​ချက်​ကကျ တမျိုးမြင်​တယ်​။ အဲ​ဒီတော့ ပြည်​​ထောင်​စုကိုတင်​လိုက်​ပါပြီ။  ကျ​နော်​ရဲ့လုပ်​ပိုင်​ခွင့်​က​တော့ သာသနာ​ရေးဝန်​ကြီးဌာနကို တင်​ပြထားတယ်​” လို့ မန္တ​လေးတိုင်း ၀န်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​က ဒီနေ့ကျင်းပတဲ့ လွှတ်တော်စည်းဝေးအပြီးမှာ သတင်းထောက်တွေကို ​ပြောပါတယ်​။  …

Read More

အန်အယ်လ်ဒီဟာ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်နေတယ်လို့ တစညပါတီ ဝေဖန်

ရန်ကုန် စက်တင်ဘာ ၂၄ သိဂီ င်္(VOM)   NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာမျှော်လင့်သလို ဖြစ်မလာတဲ့အပြင် တောင်စမ်းစမ်း မြောက်စမ်းစမ်းနဲ့ ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင် ဖြစ်နေတယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ  ဦးဟန်ရွှေက ဝေဖန်ပြောဆိုလိုက်ပါတယ်။   အန်အယ်လ်ဒီအနေနဲ့ နိုင်ငံရေးအတွေ့အကြုံတွေ အများကြီး ရှိခဲ့တာကြောင့် အစိုးရတရပ် ဖြစ်လာချိန်မှာ နိုင်ငံအရေးတွေကို အင်တိုက်အားတိုက် လုပ်သွားနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာတွေဟာ ဖြစ်မလာဘူးလို့ ဒီနေ့ကျင်းပတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၃၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ဝေဖန်ခဲ့တာပါ။   “ပြည်သူတွေက ပုံပြီး ယုံပြီးမဲပေးကြတယ်။ NLD က တပ်မတော်အစိုးရလက်ထက်လည်းမှီတယ်။  ဦးသိန်းစိန်အစိုးရလက်ထက်လည်းမှီတယ်။  လွှတ်တော်လည်း ဝင်ရောက်ခဲ့တယ်။၂၀၁၅ မှာအစိုးရဖြစ်တယ်။ ဘာပဲပြောပြော သူကအတွေ့ကြုံရှိနေပြီ။ ဒီတော့ NLD အစိုးရဖြစ်တာနဲ့ ဒိုင်း ဒိုင်း ဒိုင်း…

Read More

စစ်ကိုင်းမြို့မှာ မွေးကင်းစ ကလေးငယ်တစ်ဦး စွန့်ပစ်မှုဖြစ်

စစ်ကိုင်း စက်တင်ဘာ ၂၄၊၂၀၁၉ မောင်တာရာ (VOM)     စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက် အနောက်ပိုင်း၊ မအူပင်သွားလမ်း Ak အုတ်ဖိုလမ်းဘေခြုံထဲမှာ  မွေးကင်းစကလေးငယ်တစ်ဦးကို ဒီနေ့မနက်မှာ လာရောက်စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။   ”မနက်က ၉ နာရီလောက်က Sk အုတ်ကျင်း  တာဝန်ခံက ဒီမှာ ကလေးလေးတစ်ယောက် လာရောက် စွန့်ပစ်သွားလို့ဆိုပြီး ဖုန်းလှမ်းအကြောင်းကြားတယ်၊ ကျနော်တို့သွားတော့ အဲနားကလူတွေက ကလေးလေးကို ရေချိုးသန့်စင်ပေးနေတယ်၊ ဆားတောင်က မိဘမဲ့ ဂေဟာကို လှမ်းဆက်သွယ်ပြီး၊ ပို့ဆောင်ပေးခဲ့ပါတယ်”လို့ အိုးဘိုကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီးမှ ကိုသံမဏိ ကပြောပါတယ်။   စွန့်ပစ်ခံရတဲ့ ကလေးဟာ သမီးမိန်းကလေးဖြစ်ပြီး သူ့ကို အိုးဘိုကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီးမှ ဆားတောင်မြို့၊ ညောင်ငုတ်တိုရပ်ရှိ  ဆရာမ ရှင်ချမ်း တည်ထောင်ထားတဲ့ သစ္စာရွှေဂူမေတ္တာရိပ် ကလေးသူငယ် ကယ်ဆယ်စောင့်ရှောက်ရေးနဲ့ ပညာသင်ကြားပေးရေးကျောင်းကို ပို့ဆောင်ထားရှိပေးခဲ့တာဖြစ်ပါတယ်။

Read More

အင်ဒိုနီးရှား ပါပူအာဒေသမှာ ဆန္ဒပြသူတွေအကြမ်းဖက်လို့ လူ ၂၁ ဦးထက်မနည်းသေဆုံး

ဂျကာတာ၊ စက်တင်ဘာ-၂၄-၂၀၁၉ မျိုးဆက် (VOM)   အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူအာဒေသမှာ ရာပေါင်းများစွာသော ဆန္ဒပြသူတွေ ဟာ မြို့အတွင်းရှိ အဆောက်အဦတွေကို မီးရှို့ခဲ့တာကြောင့် လူ၂၁ ထက်မနည်း သေဆုံးပြီး ၆၅ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။     စက်တင်ဘာ၂၃ရက်မှာ အထက်တန်းကျောင်းသားအများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ  ဝါမီနာ မြို့တွင်းရှိ အစိုးရအဆောက်အအုံတစ်ခုနဲ့  အခြားသော အဆောက်အဦးတွေကို မီးရှို့ခဲ့ကြပါတယ်။ သေဆုံးသူတွေထဲက ၁၆ဦးဟာ မီးလောင်နေတဲ့ အဆောက်အဦးတွေအတွင်း ပိတ်မိသေဆုံးခဲ့ကြတာပါ။   မနေ့ကဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ဆရာတစ်ယောက်ရဲ့ လူမျိုးရေးခွဲခြားပြောဆိုမှုကြောင့် ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ပါပူအာဒေသမှာ သီတင်းပတ်ချီကြာအောင် ဆူပူအုံ့ကြွမှုတွေဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေအသုံးပြုကာ လူစုခွဲခဲ့ရပါတယ်။   စက်တင်ဘာ၂၃ရက်ကဖြစ်ပေါ်တဲ့ အကြမ်းဖက်ဆူပူကြောင့် သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး  မီးလောင်သွားတဲ့  အဆောက်အဦးတွေထဲမှာ  ပိတ်မိနေသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့  စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။…

Read More

ပုပ္ပားတောင်ဒေသကို ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ်  သတ်မှတ်ခံရဖို့အလားလာကောင်းများရှိနေ

ရန်​ကုန်​ ၊စက်​တင်​ဘာ၂၃-၂၀၁၉ သူရိန်​ ( VOM )   မြန်မာနိုင်ငံမှာ Global Geopark ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ်သတ်မှတ်ခံရဖို့အလားအလာကောင်းများပိုင်ဆိုင်တဲ့နေရာအများအပြားရှိတဲ့အနက်  မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းလေ့လာမှုအရ ပုပ္ပါးတောင်ဒေသကအလားအလာအကောင်းဆုံးဖြစ်တယ်လို့သိရပါတယ်။   အဲဒီဒေသမှာထူးခြားတဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ပုဂံခေတ်သံရည်ကျိုမီးဖိုတွေ၊ ထူးခြားတဲ့ဇီဝမျိုးစုံမျိုးကွဲများရှိနေတယလို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းကပြောပါတယ်။   ဒါ့အပြင်အစွယ်(၂)ထပ်ဆင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးများလည်းရှိတယ်လို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းကဆိုပါတယ်။   UNESCO  ဟာကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်ကို၂၀၀၁ခုနှစ်တွင်စတင်ခဲ့ပြီးလက်ရှိမှာ၄၁နိုင်ငံတွင်ကမ္ဘာ့ဘူမိဥယျာဉ်၁၄၇ခုရှိနေတယ်လို့သိရပါတယ်။  တရုတ်နိုင်ငံ၊အင်ဒိုနီးရှား၊ထိုင်း၊ဗီယက်နမ်နဲ့မလေးရှားနိုင်ငံတို့မှာလည်းကမ္ဘာ့ဘူမိဥယျာဉ်များရှိနေပါတယ်။   မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းရဲ့လေ့လာမှုအရမြန်မာနိုင်ငံမှာ  Global Geopark အဖြစ်သတ်မှတ်ခံရဖို့အလားအလာရှိတဲ့  နေရာအများအပြားရှိနေတယ်လို့ဆိုပါတယ်။   #voiceofmyanmar  #ပုပ္ဗါး     ဓာတ်​ပုံ…Mount Popa

Read More

မကွေးတိုင်းမှာ လူသတ်မှုနဲ့မုဒိမ်းမှုအများဆုံးဖြစ်

မ​ကွေး၊စက်​တင်​ဘာ၂၃-၂၀၁၉ သူရိန်(VOM)     မကွေးတိုင်းအတွင်း ဒီနှစ်ဖြစ်တဲ့ အမှုတွေထဲမှာ လူသတ်မှုနဲ့မုဒိမ်းမှုကအများဆုံးဖြစ်ပွားခဲ့တယ်​လို့မ​ကွေးတိုင်းလုံခြုံ​ရေးအ​ခြေအ​နေနဲ့ပက်​သက်​ပြီး ဒီကနေ့ ပြုလုပ်​တဲ့ရှင်းလင်းပွဲကနေ သိရပါတယ်​။   “ အခုနှစ်ဇန်​နဝါရီလ(၁)ရက်က​နေသြဂုတ်လ(၃၁)ရက်အထိမကွေးတိုင်းဒေသကြီးအတွင်းမှာအမှုကြီး(၁၁၄)မှုဖြစ်ပွားခဲ့ရာမှာလူသတ်မှု(၆၆)မှု၊မုဒိန်းမှုကလည်း(၆၆)မှုဖြစ်ပွားခဲ့လို့အဲဒီအမှုနှစ်ခုကအများဆုံးဖြစ်ပွားခဲ့တယ်လို့ပြောရမှာပါ။အခြားမှု(၃၇၆၉)မှုဖြစ်ပွားခဲ့တာမှာနာကျင်ယာဉ်တိုက်မှုတွေက(၉၉၀)ကျော်လောက်ဖြစ်လို့အခြားမှုမှာလည်း ယာဉ်တိုက်မှုကအများဆုံးပါ”လို့ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးခင်မောင်လတ်ကပြောပါတယ်​။   ၂၀၁၈ခုနှစ်တစ်နှစ်လုံးမှာအမှုကြီး(၂၁၅)မှုဖြစ်ပွားခဲ့ပြီး၂၀၁၉ခုနှစ်မှာ(၈)လပိုင်းကုန်အထိအမှုကြီး(၁၄၄)မှု၊အခြားမှုအနေနဲ့၂၀၁၈ခုနှစ်တစ်နှစ်လုံးမှာ(၅၆၄၈)မှုဖြစ်ပွားခဲ့ပြီး၂၀၁၉ခုနှစ်(၈)လပိုင်းကုန်အထိ(၃၇၀၀)ကျော်သာရှိသေးတဲ့အတွက်​၂၀၁၈ခုနှစ်ကထက်အမှုကြီးရောအခြားမှုပါဖြစ်ပွားမှုနှုန်းလျော့နည်းမယ့်​အခြေအနေမှာရှိ​နေတယ်​လို့သိရပါတယ်​။     ဒါ့ပြင်​မ​ကွေးမြို့က​လုံခြုံမှုမရှိ​တော့​ဘူးလို့လူမှု့ကွန်ယက်စာမျက်​နာ​တွေမှာ ပျံနှံ​နေမှုနဲ့ပက်​သက်​ပြီး​​နေ့ညလုံခြုံ​ရေး​တွေဆောင်​ရွက်​​နေသလို ရပ်​ကင်း၊ လှည့်​ကင်းတွေကိုမြို့​ပေါ်( ၉) နေရာဖြစ်​တဲ့အထက( ၃)လမ်းဆုံ၊ရန်ပယ်ဈေး၊မြို့မဈေး၊ပြည်တော်သာလမ်း၊မြင်းကင်းလမ်းဆုံ၊လမ်းငါးသွယ်လမ်းဆုံ၊  ဗိုလ်ချုပ်ပန်းခြံအာရှထောင့်၊ ကန်သာကန်ဘောင်၊ တက္ကသိုလ်လမ်းဆုံနေရာ​တွေမှာမနက်​က​နေ​နေ့လည်​ ( ​၁၂)နာရီထိတစ်ဖွဲ့၊ည​နေပိုင်းထိ(၁)ဖွဲ့၊ည(၁၂)နာရီ​နောက်​ပိုင်းက​နေမိုးလင်းအထိလှည့်​ကင်း​ဆောင်​ရွက်​​နေ​တယ်​လို့သိရပါတယ်​။     မကွေးတိုင်းဒေသကြီးအတွင်းမှာ၂၀၁၉ခုနှစ်ဇန်​နဝါရီလ(၁)ရက်က​နေသြဂုတ်လ(၃၁)ရက်အထိသက်ငယ်မုဒိန်းဖြစ်ပွားမှုအနေနဲ့အသက်(၂)နှစ်က​နေ(၅)နှစ်အရွယ်ထိ(၄)ဦး၊(၆)နှစ်က​နေ(၁၀)နှစ်အထိ(၆)ဦးကျူးလွန်ခံခဲ့ရသလိုမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ မကွေးတိုင်းတစ်တိုင်းလုံးအနေနဲ့(၄၉)မှု၊ တရားခံကျား(၈၄)ဦး၊မ(၁၀) ဦးဖမ်းဆီးနိုင်ခဲ့ပြီးမကွေးခရိုင်မှာ(၁၆)မှု၊ ပခုက္ကူခရိုင်မှာ(၁၄)မှု၊သရက်ခရိုင်မှာ(၇)မှု၊ဂန့်ဂေါခရိုင်မှာ(၆)မှု၊မင်းဘူးခရိုင်​မှာ(၆)မှုဖြစ်ပွားခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်​။   #voiceofmyanmar #မကွေးတိုင်း #မှုခင်း  

Read More

ထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ လူသတ်မှုတွေမှာ မြန်မာလုပ်သားတွေဘက်က အကူညီပေးဖို့ မြန်မာအစိုးရကိုစာပို့ပေမယ့် အကြောင်းမပြန်

ရန်​ကုန်​ ၊စက်တင်ဘာ၂၃-၂၀၁၉ သူရိန် (VOM)   ထိုင်းနိုင်ငံမှာဖြစ်တဲ့လူသတ်မှု​တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တာဝန်​ရှိသူ​တေဆီ စာပို့ထား​ပေမယ့်​ အကြောင်းမပြန်သေးဘူးလို့ ရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေတဲ့ဦးထူးချစ်က ဒီကနေ့စက်တင်ဘာလ၂၃ရက်နေ့ ရန်ကုန်မြို့ Lotte ဟိုတယ်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။     ပြီးခဲ့တဲ့၂၀၁၄ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်းစူရပ်ဌာနီခရိုင်၊ ကော့တောင်မှာဖြစ်ပွားခဲ့တဲ့ကမ္ဘာလှည့်ခရီးသည်၂ဦးသတ်ဖြတ်ခံရမှုနဲ့၂၀၁၅ခုနှစ်ထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့မှာအသက်၁၇နှစ်အရွယ်ထိုင်းကျောင်းသူတစ်ဦးသတ်ဖြတ်ခံရမှုတွေမှာ လိုက်ပါကူညီပေးခဲ့တဲ့  ထိုင်းရှေ့နေများကောင်စီမှရှေ့နေတွေကသတင်းစာရှင်းလင်းပွဲ ဒီကနေ့လုပ်ခဲ့တာဖြစ်ပါတယ်။     “ ကိုယ့်နိုင်ငံသားတစ်ယောက်အနေနဲ့မတရားဖမ်းဆီးခံရတာသေချာနေတယ်ဆိုရင် အစိုးရဘက်ကနေကူညီဆောင်ရွက်ပေးပါလို့ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံထားတဲ့စာတွေသွားပို့ထားပါတယ်။ လက်ခံယူထားတဲ့သူတွေရဲ့ နာမည်နဲ့ လက်ခံယူခဲ့တဲ့ရက်စွဲတွေအတိအကျရှိထားပါတယ်။ဆိုလိုတာကတော့လူသတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်သမ္မတနဲ့ တာဝန်ရှိသူတွေကိုစာပို့ထားတာမှာ ယနေ့အချိန်အထိအကြောင်းပြန်ထားခြင်းမရှိသေးပါဘူးလို့  “ ဦးထူးချစ်ကပြောပါတယ်​။     ပြီးခဲ့တဲ့၂၀၁၄ခုနှစ်စက်တင်ဘာလ၁၅ရက်က ထိုင်းနိုင်ငံတောင်ပိုင်း၊စူရပ်ဌာနီခရိုင်၊ကော့တောင်(လိပ်ကျွန်း)ဗြိတိန်နိုင်ငံသားကမ္ဘာလှည့်ခရီးသည်(၂)ဦးသတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာရွေ့ပြောင်းလုပ်သား(၂)ဦးဖြစ်​တဲ့မောင်ဇော်လင်းနဲ့မောင်ဝင်းဇော်ထွန်း(ခ)ဝေဖြိုးတို့ကိုလူသတ်မှု၊မုဒိမ်းမှု၊လုယက်မှု၊အုပ်စုဖွဲ့တိုက်ခိုက်မှု၊ပူးပေါင်းကြံစည်မှု၊တရားမဝင်ခိုးဝင်မှု၊တရားမဝင်နေထိုင်မှုစတဲ့အမှုပေါင်း(၇)မှုနဲ့တရားစွဲခဲ့ပြီးသေဒဏ်​ချမှတ်​ခံခဲ့ရပါတယ်။   #voiceofmyanmar #လိပ်ကျွန်းလူသတ်မှု

Read More

ကမ္ဘာကြီးပူနွေးလာမှုငါးနှစ်တာကာလအတွင်းစံချိန်တင်

ဂျီနီဗာ၊စက်တင်ဘာ-၂၃-၂၀၁၉ မျိုးဆက်(VOM)   ကမ္ဘာကြီးပူနွေးလာမှုအရှိန်မြင့်တက်နေတဲ့လက္ခဏာတွေနဲ့  ဆိုးကျိုးသက်ရောက်မှုတွေကိုနယူးယောက်မှာကျင်းပမယ့်ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာကုလသမဂ္ဂဆွေးနွေးပွဲတွေမတိုင်မီသိပ္ပံဆိုင်ရာနောက်ဆုံးတွေ့ရှိချက်တွေကိုထုတ်ပြန်လိုက်ပါတယ်။     ကမ္ဘာကြီးပူနွေးလာမှုဟာ၂၀၁၄ခုနှစ်မှ၂၀၁၉ခုနှစ်အထိငါးနှစ်တာကာလအတွင်းအပူဆုံးအဖြစ်စံချိန်တင်ခဲ့တယ်လို့ကမ္ဘာ့မိုးလေ၀သအဖွဲ့ကပြုစုထားတဲ့အချက်အလက်တွေမှာ  ဖော်ပြထားပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ထုတ်လွှတ်မှုဟာလည်းစံချိန်တင်မြင့်တက်ခဲ့သလိုငါးနှစ်တာကာလအတွင်းပင်လယ်ရေမျက်နှာပြင်ဟာ  သိသာထင်ရှားတဲ့အရှိန်နဲ့  မြင့်တက်လာပြီးကာဗွန်လျှော့ချတဲ့အားထုတ်မှုတွေကိုချက်ချင်းပြင်းပြင်းထန်ထန်လုပ်ဆောင်ရမယ်လို့ကမ္ဘာ့မိုးလေ၀သအဖွဲ့ကသတိပေးပြောဆိုပါတယ်။     ကမ္ဘာ့အပူချိန်သည်၁၈၅၀ခုနှစ်နောက်ပိုင်းနဲ့နှိုင်းယှဉ်ရင်၁ဒသမ၁ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ခဲ့ပြီး၂၀၁၁ခုနှစ်နဲ့၂၀၁၅ခုနှစ်အကြားနဲ့ယှဉ်ရင်တော့သုညဒသမ၂ဒီဂရီစင်တီဂရိတ်တိုးမြင့်ခဲ့တယ်လို့ဆိုပါတယ်။     လွန်ခဲ့သည့်ငါးနှစ်တာကာလနဲ့နှိုင်းယှဉ်ရင်၂၀၁၅ခုနှစ်မှ၂၀၁၉ခုနှစ်အတွင်းလေထုထဲသို့ကာဗွန်ထုတ်လွှတ်မှုဟာ၂၀ရာခိုင်နှုန်းအထိတိုးမြင့်လာတယ်လို့ကမ္ဘာ့မိုးလေ၀သအဖွဲ့ရဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။     ပင်လယ်ရေမျက်ပြင်မြင့်တက်မှုဟာပျမ်းမျှအားဖြင့်၁၉၉၃ခုနှစ်မှစပြီးတစ်နှစ်ကို၃ဒသမ၂မီလီမီတာမြင့်တက်ခဲ့ပါတယ်။ဒါပေမယ့်၂၀၁၄ခုနှစ်မေလမှ၂၀၁၉ခုနှစ်အကြားမှာတော့တစ်နှစ်ကို၅မီလီမီတာပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။     Ref : BBC Photo :Getty Images    

Read More
VOM News

FREE
VIEW