ဟောင်ကောင်မှာ ညမထွက်ရအမိန့်ထုတ်ဖို့ အစိုးရကို ရဲတပ်ဖွဲ့တိုက်တွန်း

ဟောင်ကောင်၊ အောက်တိုဘာ-၃-၂၀၁၉
မျိုးဆက် (VOM)

ဟောင်ကောင်မှာ ယခုသီတင်းပတ်အစောပိုင်းက ဆန္ဒပြလူငယ်တစ်ဦးသေနတ်နဲ့ ပတ်ခတ်ခံရတဲ့အပေါ် အမျက်ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ အောက်တိုဘာ ၃ ရက်အစောပိုင်းမှာတော့ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေပြီး လအတန်ကြာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အဆုံးသတ်ဖို့ အရိပ်လက္ခဏာမရှိေသေးပါဘူး။

ဆန္ဒပြသူတွေကို အလွန်အကျွံအင်အားသုံးစွဲတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်းထွက်ပေါ်နေတဲ့ကြားမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေရဲ့ ပစ်မှတ်တွေဖြစ်နေတဲ့အတွက် မြင့်တက်လာတဲ့ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ရေး အထောက်အကူပြုရန် ညမထွက်ရအမိန့်ထုတ်ပြန်ဖို့ ရဲတပ်ဖွဲ့က ဟောင်ကောင်မှာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေဟာ မီးရှို့ခြင်း၊ လမ်းများပိတ်ဆို့ခြင်း၊ ဈေးဆိုင်တွေနဲ့ ဘူတာရုံတွေကို ဖျက်စီးခြင်းအပါအဝင် အာရှရဲ့ဘဏ္ဍာရေအချက်အချာကျရာ ခရိုင်တွေတစ်လျှောက်မှာ သောင်းကျန်းမှုတွေ လုပ်ဆောင်ခဲ့ပြီး သူတို့တို့ကိုလူစုခွဲဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေအသုံးပြုခဲ့ကြပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိ အလယ်တန်းကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပတ်ခတ်ခဲ့တာကို ပြစ်တင်ရှုတ်ချဖို့အတွက် အောက်တိုဘာ ၂ ရက်မှာ လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်မှာ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ အတွက် သေနတ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အပြင်းအထန်ကိုင်တွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေထွက်ပေါ်နေချိန်မှာ ဟောင်ကောင်လူထုဟာ ရဲတပ်ဖွဲ့အပေါ် ဦးတည်ရန်လိုမှုတွေ တိုးပွားလာနေပါတယ်။ မြင့်တက်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ရာမှာ သူတို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ခဲ့တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က တုံ့ပြန်ပြောဆိုထားပါတယ်။

Ref : CNA
Photo : Getty Image
#voiceofmyanmar#ဟောင်ကောင်#ညမထွက်ရအမိန့်ထုတ်ဖို့ အစိုးရကို ရဲတပ်ဖွဲ့တိုက်တွန်း#

Zawgyi Code

ေဟာင္ေကာင္မွာ ညမထြက္ရအမိန္႔ထုတ္ဖို႔ အစိုးရကို ရဲတပ္ဖြဲ႔တိုက္တြန္း

ေဟာင္ေကာင္၊ ေအာက္တိုဘာ-၃-၂၀၁၉
မ်ိဳးဆက္ (VOM)

ေဟာင္ေကာင္မွာ ယခုသီတင္းပတ္အေစာပိုင္းက ဆႏၵျပလူငယ္တစ္ဦးေသနတ္နဲ႔ ပတ္ခတ္ခံရတဲ႕အေပၚ အမ်က္ေဒါသထြက္ေနတဲ႔ ဆႏၵျပသူေတြဟာ ေအာက္တိုဘာ ၃ ရက္အေစာပိုင္းမွာေတာ႔ ရဲတပ္ဖြဲ႔နဲ႔ ထိပ္တိုက္ရင္ဆိုင္မႈေတြ ျဖစ္ပြားေနျပိီး လအတန္ၾကာ အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲေတြ အဆံုးသတ္ဖို႔ အရိပ္လကၡဏာမရိွေေသးပါဘူး။

ဆႏၵျပသူေတြကို အလြန္အကြ်ံအင္အားသံုးစြဲတယ္ဆိုတဲ႔ စြပ္စြဲမႈေတြလည္းထြက္ေပၚေနတဲ႔ၾကားမွာ ရဲတပ္ဖြဲ႔၀င္ေတြဟာ ဆႏၵျပသူေတြရဲ႕ ပစ္မွတ္ေတြျဖစ္ေနတဲ႔အတြက္ ျမင္႔တက္လာတဲ႔ အၾကမ္းဖက္မႈေတြကို ထိန္းခ်ဳပ္ေရး အေထာက္အကူျပဳရန္ ညမထြက္ရအမိန္႔ထုတ္ျပန္ဖို႔ ရဲတပ္ဖြဲ႔က ေဟာင္ေကာင္မွာ အစိုးရကို တိုက္တြန္းလိုက္ပါတယ္။

တက္ၾကြလႈပ္ရွားသူေတြဟာ မီးရိႈ႕ျခင္း၊ လမ္းမ်ားပိတ္ဆို႔ျခင္း၊ ေစ်းဆိုင္ေတြနဲ႔ ဘူတာရံုေတြကို ဖ်က္စီးျခင္းအပါအဝင္ အာရွရဲ႕ဘ႑ာေရအခ်က္အခ်ာက်ရာ ခရိုင္ေတြတစ္ေလွ်ာက္မွာ ေသာင္းက်န္းမႈေတြ လုပ္ေဆာင္ခဲ႔ျပီး သူတို႔တို႔ကိုလူစုခြဲဖို႔ ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗံုးေတြအသံုးျပဳခဲ႔ၾကပါတယ္။

အသက္ ၁၈ နွစ္အရြယ္ရိွ အလယ္တန္းေက်ာင္းသားတစ္ဦးကို ရဲတပ္ဖြဲ႔က ေသနတ္နဲ႔ ပတ္ခတ္ခဲ႔တာကို ျပစ္တင္ရႈတ္ခ်ဖို႔အတြက္ ေအာက္တိုဘာ ၂ ရက္မွာ လူေထာင္ေပါင္းမ်ားစြာ လမ္းေပၚထြက္ဆႏၵျပခဲ႔ၾကျပီး ရဲတပ္ဖြဲ႔ကေတာ႔ ဒီျဖစ္စဥ္မွာ ကိုယ္႔ကိုကိုယ္ကာကြယ္ဖို႔ အတြက္ ေသနတ္ပစ္ခတ္ခဲ႔တာျဖစ္တယ္လို႔ ေျပာပါတယ္။

ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႔က အျပင္းအထန္ကိုင္တြယ္ခဲ႔တယ္ဆုိတဲ႔ စြပ္စြဲမႈေတြထြက္ေပၚေနခ်ိိန္မွာ ေဟာင္ေကာင္လူထုဟာ ရဲတပ္ဖြဲ႔အေပၚ ဦးတည္ရန္လိုမႈေတြ တိုးပြားလာေနပါတယ္။ ျမင္႔တက္လာတ႔ဲ အၾကမ္းဖက္မႈေတြနဲ႔ ရင္ဆိုင္ရာမွာ သူတို႔အေနျဖင္႔ ထိန္းထိန္းသိမ္းသိမ္းလုပ္ေဆာင္ခဲ႔တယ္လို႔ ေဟာင္ေကာင္ရဲတပ္ဖြဲ႔က တံု႕ျပန္ေျပာဆိုထားပါတယ္။

Ref : CNA
Photo : Getty Image
#voiceofmyanmar#ေဟာင္ေကာင္#ညမထြက္ရအမိန္႔ထုတ္ဖို႔ အစိုးရကို ရဲတပ္ဖြဲ႔တိုက္တြန္း#

Related posts

Leave a Comment

VOM News

FREE
VIEW