ပစ္ခတ္ခံရတဲ့ DKBA အမွတ္ ၉၀၉ တပ္ရင္းမႉး စ်ာပန

ေကာ့ကရိတ္ ၊ ေအာက္တိုဘာ ၈-၂၀၁၉
သူရိန္(VOM)

ဒီမိုကေရစီအက်ိဳးျပဳ ကရင့္တပ္မေတာ္ DKBA ရဲ႕အမွတ္ ၉၀၉ တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး ေစာေဝ့ထူးရဲ႕ စ်ာပနကို ဒီကေန႔မနက္ပိုင္းက ေကာ့ကရိတ္ၿမိဳ႕နယ္ ေကာ့ႏြဲ႕ေက်း႐ြာကသုသာန္မွာ က်င္းပခဲ့ပါတယ္။

ဒုဗိုလ္မႉးႀကီး ေစာေဝ့ထူး ကို ေအာက္တိုဘာ ၅ ရက္၊ ညပိုင္းက ေကာ့ကရိတ္ၿမိဳ႕နယ္ ေခ်ာင္းေတာင္ကြက္သစ္ ၂ လမ္းရွိေနအိမ္မွာ ပုဆိုးၿခဳံထားတဲ့ လူစိမ္းတစ္ဦးေရာက္လာၿပီး အနီးကပ္ ၄ ေပခန႔္အကြာက AK 47 ျဖင့္က်ည္ဆံ ၈ ခ်က္ပစ္သြားၿပီး ၅ခ်က္က တိုက္႐ိုက္ထိမွန္ကာ ၃ ခ်က္က ရွပ္မွန္ခဲ့တဲ့အတြက္အခင္းျဖစ္ေနရာမွာဘဲ ပြဲခ်င္းၿပီးေသဆုံးခဲ့တာပါ။

” ကြၽန္ေတာ္တို႔အေနနဲ႔ အရမ္းဝမ္းနည္းတယ္။ကြၽန္ေတာ္တို႔အတြက္တန္ဖိုးမျဖတ္ႏိုင္ဘူး။ ဘာေၾကာင့္အဲလိုျဖစ္ရလဲဆိုရင္ ကြၽန္ေတာ္အျမင္အရ သူကအရာရွိတစ္ေယာက္ ၊ သူ႔ရဲ႕လုံၿခဳံေရးက သူတာဝန္သူမသိလို႔ ၊ တာဝန္ကိုအေလးမထားလို႔ ၊ ကိုယ့္အရာရွိအသက္တေခ်ာင္းကို တန္ဖိုးမထားလို႔။ ဒာခုလိုမ်ိဳးျဖစ္တာ ကြၽန္ေတာ္တို႔အေနနဲ႔ လုံၿခဳံေရးနဲ႔ပက္သက္ရင္ တအားတိုးျမႇင့္ဖို႔ လိုၿပီ။ တရားခံမိဖို႔ရဲ႕ နဲ႔ စ ရ ဖ ၊ SB တို႔နဲ႔ပူးေပါင္းၿပီး အဲဒီလူသတ္သမားကို မရရေအာင္ေဖာ္ထုတ္မယ္။ ဒါမ်ိဳးျဖစ္တာဘယ္လိုမွသည္းမခံႏိူင္ဘူး။ မျဖစ္ျဖစ္ေအာင္လုပ္မယ္။ တကယ္ေပၚလာရင္ ဘာေၾကာင့္သတ္ရတယ္။ မေသမခ်င္းဘာေၾကာင့္သတ္ရတယ္ဆိုတာ ေဖာ္ထုတ္မယ္”လို႔ ဒီေကဘီေအ ဒုစစ္ဦးစီးခ်ဳပ္ ဒုဗိုလ္ခ်ဳပ္ႀကီးေစာစတီးကေျပာပါတယ္။

#voiceofmyanmar#ေကာ့ကရိတ္#ပစ္ခတ္ခံရတဲ့ DKBA အမွတ္ ၉၀၉ တပ္ရင္းမႉး စ်ာပန#

Unicode

ပစ်ခတ်ခံရတဲ့ DKBA အမှတ် ၉၀၉ တပ်ရင်းမှူး ဈာပန

ကော့ကရိတ် ၊ အောက်တိုဘာ ၈-၂၀၁၉
သူရိန်(VOM)

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ရဲ့အမှတ် ၉၀၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဝေ့ထူးရဲ့ ဈာပနကို ဒီကနေ့မနက်ပိုင်းက ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာကသုသာန်မှာ ကျင်းပခဲ့ပါတယ်။

ဒုဗိုလ်မှူးကြီး စောဝေ့ထူး ကို အောက်တိုဘာ ၅ ရက်၊ ညပိုင်းက ကော့ကရိတ်မြို့နယ် ချောင်းတောင်ကွက်သစ် ၂ လမ်းရှိနေအိမ်မှာ ပုဆိုးခြုံထားတဲ့ လူစိမ်းတစ်ဦးရောက်လာပြီး အနီးကပ် ၄ ပေခန့်အကွာက AK 47 ဖြင့်ကျည်ဆံ ၈ ချက်ပစ်သွားပြီး ၅ချက်က တိုက်ရိုက်ထိမှန်ကာ ၃ ချက်က ရှပ်မှန်ခဲ့တဲ့အတွက်အခင်းဖြစ်နေရာမှာဘဲ ပွဲချင်းပြီးသေဆုံးခဲ့တာပါ။

” ကျွန်တော်တို့အနေနဲ့ အရမ်းဝမ်းနည်းတယ်။ကျွန်တော်တို့အတွက်တန်ဖိုးမဖြတ်နိုင်ဘူး။ ဘာကြောင့်အဲလိုဖြစ်ရလဲဆိုရင် ကျွန်တော်အမြင်အရ သူကအရာရှိတစ်ယောက် ၊ သူ့ရဲ့လုံခြုံရေးက သူတာဝန်သူမသိလို့ ၊ တာဝန်ကိုအလေးမထားလို့ ၊ ကိုယ့်အရာရှိအသက်တချောင်းကို တန်ဖိုးမထားလို့။ ဒာခုလိုမျိုးဖြစ်တာ ကျွန်တော်တို့အနေနဲ့ လုံခြုံရေးနဲ့ပက်သက်ရင် တအားတိုးမြှင့်ဖို့ လိုပြီ။ တရားခံမိဖို့ရဲ့ နဲ့ စ ရ ဖ ၊ SB တို့နဲ့ပူးပေါင်းပြီး အဲဒီလူသတ်သမားကို မရရအောင်ဖော်ထုတ်မယ်။ ဒါမျိုးဖြစ်တာဘယ်လိုမှသည်းမခံနိူင်ဘူး။ မဖြစ်ဖြစ်အောင်လုပ်မယ်။ တကယ်ပေါ်လာရင် ဘာကြောင့်သတ်ရတယ်။ မသေမချင်းဘာကြောင့်သတ်ရတယ်ဆိုတာ ဖော်ထုတ်မယ်”လို့ ဒီကေဘီအေ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောစတီးကပြောပါတယ်။

#voiceofmyanmar#ကော့ကရိတ်#ပစ်ခတ်ခံရတဲ့ DKBA အမှတ် ၉၀၉ တပ်ရင်းမှူး ဈာပန#

Related posts

Leave a Comment

VOM News

FREE
VIEW