ေဖာက္ခြဲေရး ပစၥည္းေတြနဲ႔အတူ ဖမ္းမိထားတဲ့ AA တပ္ဖြဲ႔ဝင္ေတြပါတဲ႕ ေျခာက္ဦးကို ရံုးထုတ္ခဲ့ျပီး ထြက္ေျပးလြတ္ေျမာက္ေနသူေတြကို ဝရမ္းထုတ္

မႏၱေလး ေအာက္တိုဘာ ၈-၂၀၁၉
ျဖဴျဖဴ (VOM)

ေဖာက္ခြဲေရး ဆက္စပ္ပစၥည္းေတြနဲ႔အတူ ဖမ္းဆီးရမိထားတဲ့ AA တပ္ဖြဲ႔ဝင္ေတြအပါအဝင္ ေျခာက္ဦးကို ဒီေန႔ ေအာက္တုိဘာ ၈ ရက္ေန႔လယ္ပိုုင္းက မႏၱေလးခရိုင္တရားရံုးမွာ ရံုးထုတ္ခဲ့ပါတယ္။

 

ထြက္ေျပးလြတ္ေျမာက္ေနဆဲျဖစ္တဲ့ က်န္သံုးဦးကိုေတာ့ ဒီေန႔မွာပဲ ဖမ္းဝရမ္းထုတ္လိုက္ျပီလို႔ မႏၱေလးခရိုင္သတင္းျပန္ၾကားေရး အရာရွိ ေဒၚမာလာထြဋ္ကေျပာပါတယ္။

 

ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္းရွိ ေနအိမ္တစ္ခုအတြင္းကေန ေဖာက္ခြဲေရးပစၥည္းေတြနဲ႔ ဆက္စပ္ပစၥည္းေတြကို စက္တင္လာ ၁၀ ရက္က ဖမ္းဆီးရမိခဲ့တာျဖစ္ျပီး သူတို႔ကို အၾကမ္းဖက္ဥပေဒ ပုဒ္မ ၅၁(ဂ)/၅၂(က) တို႔နဲ႔ တရားရံုးစြဲတင္ထားတယ္လို႔ ခရိုင္တရားရံုးက သိရပါတယ္။

#voiceofmyanmar #မႏၱေလး #AA

 

ဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ ဖမ်းမိထားတဲ့ AA တပ်ဖွဲ့ဝင်တွေပါတဲ့ ခြောက်ဦးကို ရုံးထုတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသူတွေကို ဝရမ်းထုတ်

မန္တလေး အောက်တိုဘာ ၈-၂၀၁၉
ဖြူဖြူ (VOM)

ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိထားတဲ့ AA တပ်ဖွဲ့ဝင်တွေအပါအဝင် ခြောက်ဦးကို ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းက မန္တလေးခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တဲ့ ကျန်သုံးဦးကိုတော့ ဒီနေ့မှာပဲ ဖမ်းဝရမ်းထုတ်လိုက်ပြီလို့ မန္တလေးခရိုင်သတင်းပြန်ကြားရေး အရာရှိ ဒေါ်မာလာထွဋ်ကပြောပါတယ်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုအတွင်းကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို စက်တင်လာ ၁၀ ရက်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူတို့ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)/၅၂(က) တို့နဲ့ တရားရုံးစွဲတင်ထားတယ်လို့ ခရိုင်တရားရုံးက သိရပါတယ်။

#voiceofmyanmar #မန္တလေး #AAf

Related posts

Leave a Comment

VOM News

FREE
VIEW