ေရအားလွ်ပ္စစ္ မွ ၫြန္ခ်ဳပ္ နဲ႔ ၫြန္မႉးကို တိုင္းတရားလႊတ္ေတာ္သို႔ တရားစြဲတင္

မႏၲေလး၊ ေအာက္တိုဘာ ၉-၂၀၁၉
ဟိန္းကို(VOM)

ေနျပည္ေတာ္ရွိ ေရအားလွ်ပ္စစ္ အေကာင္အထည္ေဖာ္ေရး ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်စ္တိုး ႏွင့္ ၫႊန္ၾကားေရးမႉး ဦးမင္းခိုင္တို႔ကို ယေန႔ေန႔လယ္ပိုင္းက မႏၲေလးတိုင္းေဒသႀကီးတရားလႊတ္ေတာ္သို႔ တရားစြဲတင္ခဲ့ပါတယ္။

ဒီကေန႔႐ုံးခ်ိန္းမွာေတာ့ တိုင္းတရားလြတ္ေတာ္ကို တရားစြဲတင္ခဲ့ၿပီး စြပ္စြဲခံရသူဘက္ကလည္း ေရွ႕ေနပါဝါတင္ခဲ့ၿပီး ေအာက္တိုဘာ ၂၃ရက္မွာ အမႈကိုစတင္စစ္ေဆးမယ္လို႔ အမိန႔္ခ်ခဲ့ပါတယ္။

သူတို႔ ၂ဦးဟာ လုပ္ငန္း‌ေတြေဆာင္႐ြက္တာမွာ ရာထူးအာဏာကို အလြဲသုံးစားျပဳၿပီး အဂတိလိုက္စားတယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္ အမွတ္(၁)ၿမိဳ႕မရဲစခန္း၊ ဥတၱရသီရိၿမိဳ႕နယ္ ဘုရားကုန္းၿမိဳ႕မရဲစခန္း ႏွင့္ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းတို႔မွာ အမႈဖြင့္ခံရတာျဖစ္ပါတယ္။

စက္တင္ဘာ(၂၆)ရက္ေန႔က အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ- ၅၆ျဖင့္ အမႈဖြင့္တိုင္ၾကားခဲ့ၿပီး ဒီေန႔မွာ မႏၲေလးတိုင္းေဒသႀကီးတရားလႊတ္ေတာ္သို႔ တရားစြဲတင္ခဲ့တာ ျဖစ္ပါတယ္။

ေရအားလွ်ပ္စစ္ အေကာင္အထည္ေဖာ္ေရး ဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်စ္တိုးသည္ အထက္ရဲ႐ြာေရအား လွ်ပ္စစ္စီမံကိန္း၏ လုပ္ငန္းမ်ားအတြက္ တင္ဒါ ေအာင္ျမင္ခဲ့ေသာ ကုမၸဏီမွ လုပ္ငန္းၿပီးစီးေၾကာင္း လက္မွတ္ထုတ္ေပးရန္ ေတာင္းခံခဲ့ကာ ဌာနမွ TOC ထုတ္ေပးခဲ့ေသာ္လည္း စာခ်ဳပ္ပါ စည္းကမ္းခ်က္မ်ားအရ ေနာက္က်ဒဏ္ေၾကး တန္ဖိုး Euro(225,930.69) (ျမန္မာေငြက်ပ္ သိန္း၄၀၀၀)နီးပါး ေတာင္းခံရန္ ပ်က္ကြက္ခဲ့တဲ့အတြက္ ႏိုင္ငံေတာ္၏ ေငြေၾကး ထိခိုက္နစ္နာ ဆုံးရႈံးမႈမ်ား ျဖစ္ေစခဲ့တဲ့အတြက္ နဲ႔ အမွတ္(၂) တည္ေဆာက္ေရး၊ ေ႐ႊလီ(၃) ေရအားလွ်ပ္စစ္ စီမံကိန္းတြင္ တင္ဒါေအာင္ျမင္ခဲ့တဲ့ လုပ္ငန္း(၂)ခုကို ေဆာင္႐ြက္ရာ ကုမၸဏီမွ အလုပ္သမားမ်ားအား သုံးစြဲမႈမရွိဘဲ ဌာနလုပ္ငန္းခြင္ရွိ ပုတ္ျပတ္ ေန႔စား အလုပ္သမား ဝန္ထမ္းမ်ားအား သုံးစြဲခြင့္ျပဳခအျဖစ္ သီးျခား ေငြေတာင္းခံတဲ့အတြက္ ကုမၸဏီမွ ေငြက်ပ္ (၇၁၅)သိန္း ေငြလႊဲေပးပို႔သည္ကို လက္ခံရယူခဲ့တဲ့အတြက္ အဂတိလိုက္စားမႈ က်ဴးလြန္ျခင္းျဖစ္တယ္လို႔ ေကာ္မရွင္က ေဖာ္ျပထားပါတယ္။

ဒီဇိုင္းႏွင့္ ပုံထုတ္ဌာနခြဲမွ ၫႊန္ၾကားေရးမႉး ဦးမင္းခိုင္ ကလည္း စီမံခန႔္ခြဲပိုင္ခြင့္ရွိေသာ ေရအားလွ်ပ္စစ္ ဒီဇိုင္းမ်ားနဲ႔ ပက္သက္တဲ့ ကိစၥရပ္ေတြမွာ ကုမၸဏီလီမိတက္မ်ားထံက စုစုေပါင္းေငြက်ပ္ သိန္း (၃၁၀)ကို ေတာင္းခံ ရယူခဲ့ျခင္းေတြအတြက္ အဂတိလိုက္စားမႈရွိတယ္လို႔ဆိုကာ
အဂတိတိုက္ဖ်က္ေရးေကာ္မရွင္က သတင္းထုတ္ျပန္ထားတာပဲျဖစ္ပါတယ္။

#voiceofmyanmar#မႏၲေလး#ေရအားလွ်ပ္စစ္ မွ ၫြန္ခ်ဳပ္ နဲ႔ ၫြန္မႉးကို တိုင္းတရားလႊတ္ေတာ္သို႔ တရားစြဲတင္#

Unicode

ရေအားလျှပ်စစ် မှ ညွန်ချုပ် နဲ့ ညွန်မှူးကို တိုင်းတရားလွှတ်တော်သို့ တရားစွဲတင်

မန္တလေး၊ အောက်တိုဘာ ၉-၂၀၁၉
ဟိန်းကို(VOM)

နေပြည်တော်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင်တို့ကို ယနေ့နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သို့ တရားစွဲတင်ခဲ့ပါတယ်။

ဒီကနေ့ရုံးချိန်းမှာတော့ တိုင်းတရားလွတ်တော်ကို တရားစွဲတင်ခဲ့ပြီး စွပ်စွဲခံရသူဘက်ကလည်း ရှေ့နေပါဝါတင်ခဲ့ပြီး အောက်တိုဘာ ၂၃ရက်မှာ အမှုကိုစတင်စစ်ဆေးမယ်လို့ အမိန့်ချခဲ့ပါတယ်။

သူတို့ ၂ဦးဟာ လုပ်ငန်း‌တွေဆောင်ရွက်တာမှာ ရာထူးအာဏာကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်း၊ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်း နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းတို့မှာ အမှုဖွင့်ခံရတာဖြစ်ပါတယ်။

စက်တင်ဘာ(၂၆)ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၅၆ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပြီး ဒီနေ့မှာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သို့ တရားစွဲတင်ခဲ့တာ ဖြစ်ပါတယ်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးသည် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ လုပ်ငန်းများအတွက် တင်ဒါ အောင်မြင်ခဲ့သော ကုမ္ပဏီမှ လုပ်ငန်းပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရန် တောင်းခံခဲ့ကာ ဌာနမှ TOC ထုတ်ပေးခဲ့သော်လည်း စာချုပ်ပါ စည်းကမ်းချက်များအရ နောက်ကျဒဏ်ကြေး တန်ဖိုး Euro(225,930.69) (မြန်မာငွေကျပ် သိန်း၄၀၀၀)နီးပါး တောင်းခံရန် ပျက်ကွက်ခဲ့တဲ့အတွက် နိုင်ငံတော်၏ ငွေကြေး ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်စေခဲ့တဲ့အတွက် နဲ့ အမှတ်(၂) တည်ဆောက်ရေး၊ ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်းတွင် တင်ဒါအောင်မြင်ခဲ့တဲ့ လုပ်ငန်း(၂)ခုကို ဆောင်ရွက်ရာ ကုမ္ပဏီမှ အလုပ်သမားများအား သုံးစွဲမှုမရှိဘဲ ဌာနလုပ်ငန်းခွင်ရှိ ပုတ်ပြတ် နေ့စား အလုပ်သမား ဝန်ထမ်းများအား သုံးစွဲခွင့်ပြုခအဖြစ် သီးခြား ငွေတောင်းခံတဲ့အတွက် ကုမ္ပဏီမှ ငွေကျပ် (၇၁၅)သိန်း ငွေလွှဲပေးပို့သည်ကို လက်ခံရယူခဲ့တဲ့အတွက် အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်တယ်လို့ ကော်မရှင်က ဖော်ပြထားပါတယ်။

ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းခိုင် ကလည်း စီမံခန့်ခွဲပိုင်ခွင့်ရှိသော ရေအားလျှပ်စစ် ဒီဇိုင်းများနဲ့ ပက်သက်တဲ့ ကိစ္စရပ်တွေမှာ ကုမ္ပဏီလီမိတက်များထံက စုစုပေါင်းငွေကျပ် သိန်း (၃၁၀)ကို တောင်းခံ ရယူခဲ့ခြင်းတွေအတွက် အဂတိလိုက်စားမှုရှိတယ်လို့ဆိုကာ
အဂတိတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။

#voiceofmyanmar#မန္တလေး#ရေအားလျှပ်စစ် မှ ညွန်ချုပ် နဲ့ ညွန်မှူးကို တိုင်းတရားလွှတ်တော်သို့ တရားစွဲတင်#

Related posts

Leave a Comment

VOM News

FREE
VIEW