၃ႏွစ္ၾကာ အမွဳရင္ဆိုုင္ခဲ႕ရတဲ႕ လက္ပံေတာင္းေတာင္ဝမ္ေပါင္ဝန္ထမ္းနဲ႕မသြဲ႕သြဲ႕ဝင္းတိုု႕ ၇ဦးအမွဳ ဒဏ္ေငြအသီးသီးအမိန႔္ခ်

ဆားလင္းၾကီး-ေအာက္တိုုဘာ ၉ -၂၀၁၉

ရန္နိုုင္စိုုး(VOM)

 

 

ဆားလင္းႀကီးၿမိဳ႕နယ္လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းမွာ၀မ္ေပါင္ကုမၸဏီကေျမစာလာပံုတဲ့ကိစၥနဲ႔ပတ္သတ္ၿပီးမသြဲ႕သြဲ႕ဝင္းအပါဝင္၇ဦးနဲ႔ကုမၸဏီတို႔အျပန္လွန္တရားစြဲဆိုရာမွာ၃ႏွစ္ေက်ာ္ၾကာစစ္ေဆးၿပီးေနာက္ေအာက္တိုဘာလ၉ရက္ေန႔ကဆားလင္းႀကီးၿမိဳ႕နယ္တရား႐ုံးကႏွစ္ဘက္လုံးကိုဒဏ္ေငြအသီးသီးခ်မွတ္ခဲ့ပါတယ္။

 

ဆားလင္းႀကီးၿမိဳ႕နယ္တရား႐ုံးကမသြဲ႕သြဲ႕ဝင္းအပါဝင္၃ဦးကိုပုဒ္မ၄၄၇၊၃၂၃ျဖင့္တစ္မႈခ်င္းဒဏ္ေငြ၃ေသာင္းစီခ်မွတ္ခဲ့ၿပီးက်န္‌ေက်း႐ြာသား၄ဦးကိုလည္းပုဒ္မ၄၄၇၊၄၂၇တို႔ျဖင့္ဒဏ္ေငြ၃ေသာင္းစီအသီးသီးခ်မွတ္ခဲ့ပါတယ္။

 

ဝမ္ေပါင္ကုမၸဏီဝန္ထမ္းတ႐ုပ္လူမ‌်ိဳးျဖစ္သူ  Mr.Yu Guo Li (ယူဂူးလီ)ကိုေတာ့ယာဥ္မဆင္မခ်င္ေမာင္းႏွင္တဲ့အတြက္နာက်င္ေစမႈပုဒ္မ၃၃၇  ျဖင့္ဒဏ္ေငြ၁သိန္းခ်မွတ္ခဲ့ပါတယ္။

 

 

လြန္ခဲ့၂၀၁၆ခုႏွစ္ဩဂုတ္လ၂၃ရက္ေန႔ကဝမ္ေပါင္ကုမၸဏီမွဝက္ေမွးေက်း႐ြာအနီးကစီမံကိန္းဧရိယာအတြင္းဘုရားအုပ္တိုက္နဲ႔နတ္စင္ေနရာကိုေျမစာလာပုံတဲ့ကိစၥမွာမသြဲ႕သြဲ႕ဝင္းအပါဝင္ေက်း႐ြာသား၇ဦးကတ႐ုပ္လူမ်ိဳးဝန္ထမ္းတစ္ဦးေမာင္းႏွင္လာတဲ့ကားကိုေရွ႕ကတားဆီးခဲ့ရာကားရပ္တန႔္မေပးဘဲ ေမာင္းႏွင္ခဲ့တဲ့အတြက္မသြဲ႕သြဲ႕ဝင္းမွာထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔သိရပါတယ္။

 

အဲ့ဒီလိုထိခိုက္ဒဏ္ရာရွိမႈေၾကာင့္မသြဲ႕သြဲ႕ဝင္းကယာဥ္ေမာင္းျဖစ္သူတ႐ုပ္လူမ်ိဳးကိုယာဥ္ေၾကာင့္နာက်င္ေစမႈနဲ႔ဆားလင္းႀကီးၿမိဳ႕နယ္ရဲစခန္းမွာသြားေရာက္အမႈဖြင့္ခဲ့ၿပီးဝမ္ေပါင္ကုမၸဏီဘက္ကလဲစီမံကိန္းဧရိယာအတြင္းဝင္ေရာက္ခဲ့တဲ့အတြက္ပိုင္နက္က်ဴးလြန္မႈ၊နာက်င္ေစမႈနဲ႔အက်ိဳးဖ်က္စီးမႈတို႔နဲ႔အျပန္လွန္တရားစြဲဆိုထားတာပါ။

 

 

ဒီကိစၥနဲ႔ပတ္သတ္ၿပီးတ႐ုတ္လူမ်ိဳးမွကားရပ္တန႔္ေပးျခင္းမရွိတဲ့အတြက္စီမံကိန္းဧရိယာထဲေရာက္ရွိသြားရတာကိုထင္ရွားပါလွ်က္နဲ႕ တရား႐ုံးက  ပိုင္နက္က်ဴးလြန္မႈနဲ႔အမိန႔္ခ်မွတ္ခဲ့တဲ့အေပၚမွာေက်နပ္မႈမရွိေၾကာင္းမသြဲ႕သြဲ႕ဝင္းကေျပာပါတယ္။

 

လက္ပ‌ံေတာင္းေတာင္ေဒသကဝက္ေမွးေက်း႐ြာေဟာင္းမွာေနထိုင္သူအမ်ားစုဟာေၾကးနီစီမံကိန္းကလယ္ယာေျမသိမ္းဆည္းမႈမွာေလ်ာ္ေၾကးမယူသူေတြျဖစ္ၾကပါတယ္။

 

 

#voiceofmyanmar  #လက္ပံေတာင္း #ဝမ္ေပါင္ #ဆားလင္းၾကီး

 

Unicode

၃နှစ်ကြာ အမှုရင်ဆိုင်ခဲ့ရတဲ့ လက်ပံတောင်းတောင် ဝမ်ပေါင်ဝန်ထမ်းနဲ့ မသွဲ့သွဲ့ဝင်းတို့ ၇ ဦးအမှု ဒဏ်ငွေအသီးသီးအမိန့်ချ

ဆားလင်းကြီး-အောက်တိုဘာ ၉ -၂၀၁၉
ရန်နိုင်စိုး(VOM)

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ဝမ်ပေါင်ကုမ္ပဏီက မြေစာလာပုံတဲ့ကိစ္စနဲ့ပတ်သတ်ပြီး မသွဲ့သွဲ့ဝင်းအပါဝင် ၇ ဦးနဲ့ ကုမ္ပဏီတို့ အပြန်လှန်တရားစွဲဆိုရာမှာ ၃ နှစ်ကျော်ကြာစစ်ဆေးပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က ဆားလင်းကြီးမြို့နယ်တရားရုံးက နှစ်ဘက်လုံးကို ဒဏ်ငွေအသီးသီးချမှတ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်တရားရုံးက မသွဲ့သွဲ့ဝင်းအပါဝင် ၃ ဦးကို ပုဒ်မ ၄၄၇ ၊ ၃၂၃ ဖြင့် တစ်မှုချင်းဒဏ်ငွေ ၃ သောင်းစီချမှတ်ခဲ့ပြီး ကျန်ကျေးရွာသား ၄ ဦးကိုလည်း ပုဒ်မ ၄၄၇ ၊ ၄၂၇ တို့ဖြင့် ဒဏ်ငွေ ၃ သောင်းစီအသီးသီးချမှတ်ခဲ့ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်း တရုပ်လူမျိုးဖြစ်သူ Mr.Yu Guo Li (ယူဂူးလီ) ကိုတော့ ယာဉ်မဆင်မချင်မောင်းနှင်တဲ့အတွက် နာကျင်စေမှု ပုဒ်မ ၃၃၇ ဖြင့် ဒဏ်ငွေ ၁ သိန်းချမှတ်ခဲ့ပါတယ်။

လွန်ခဲ့ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီမှ ဝက်မှေးကျေးရွာအနီးက စီမံကိန်းဧရိယာအတွင်း ဘုရားအုပ်တိုက်နဲ့ နတ်စင်နေရာကို မြေစာလာပုံတဲ့ကိစ္စမှာ မသွဲ့သွဲ့ဝင်းအပါဝင် ကျေးရွာသား ၇ ဦးက တရုပ်လူမျိုးဝန်ထမ်းတစ်ဦးမောင်းနှင်လာတဲ့ကားကို ရှေ့ကတားဆီးခဲ့ရာ ကားရပ်တန့်မပေးဘဲ မောင်းနှင်ခဲ့တဲ့အတွက် မသွဲ့သွဲ့ဝင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ထိခိုက်ဒဏ်ရာရှိမှုကြောင့် မသွဲ့သွဲ့ဝင်းက ယာဉ်မောင်းဖြစ်သူ တရုပ်လူမျိုးကို ယာဉ်ကြောင့် နာကျင်စေမှုနဲ့ ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ သွားရောက်အမှုဖွင့်ခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီဘက်ကလဲ စီမံကိန်းဧရိယာအတွင်းဝင်ရောက်ခဲ့တဲ့အတွက် ပိုင်နက်ကျူးလွန်မှု၊ နာကျင်စေမှုနဲ့ အကျိုးဖျက်စီးမှုတို့နဲ့ အပြန်လှန်တရားစွဲဆိုထားတာပါ။

ဒီကိစ္စနဲ့ပတ်သတ်ပြီး တရုတ်လူမျိုးမှ ကားရပ်တန့်ပေးခြင်းမရှိတဲ့အတွက် စီမံကိန်းဧရိယာထဲ ရောက်ရှိသွားရတာကို ထင်ရှားပါလျှက်နဲ့ တရားရုံးက ပိုင်နက်ကျူးလွန်မှုနဲ့ အမိန့်ချမှတ်ခဲ့တဲ့အပေါ်မှာ ကျေနပ်မှုမရှိကြောင်း မသွဲ့သွဲ့ဝင်းကပြောပါတယ်။

လက်ပံတောင်းတောင်ဒေသက ဝက်မှေးကျေးရွာဟောင်းမှာ နေထိုင်သူအများစုဟာ ကြေးနီစီမံကိန်းက လယ်ယာမြေသိမ်းဆည်းမှုမှာ လျော်ကြေးမယူသူတွေ ဖြစ်ကြပါတယ်။

#voiceofmyanmar #လက်ပံတောင်း #ဝမ်ပေါင် #ဆားလင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW