စက္ေလွမီးေလာင္မွဳက မီးေလာင္ၿပီးေသဆံုးသြားသူကို အမွဳဖြင့္ထား

ေျမာင္းျမ၊ ေအာက္တိုဘာ ၁၁-၂၀၁၉
ကိုေအာင္(VOM)

ဧရာဝတီတိုင္း ေျမာင္းျမျမိဳ႕မွာ မေန႕ကျဖစ္ပြားခဲ့တဲ့စက္ေလွမီးေလာင္မူျဖစ္စဥ္က မီးေလာင္ၿပီးေသဆံုးသြားတဲ့ စက္ေလွလုပ္သားကို ရဲတပ္ဖြဲ႔က အမွဳဖြင့္အေရးယူထားတယ္လို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕ကေန သိရပါတယ္။

ေျမာင္းျမၿမိဳ႕ကေန လူေတာ္ေက်းရြာကိုေျပးဆြဲတဲ့ ေအာင္ခ်မ္းသာစက္ေလွေပၚက စက္ေလွလုပ္သား မ်ိဳးထက္ေက်ာ္ဆိုသူဟာ စက္ေလွရဲ႕စက္ခန္းတြင္းဆီျဖည့္ရာ ေဆးလိပ္ေသာက္ၿပီး ဝင္သြားတာေျကာင့္ စက္ေလွမီးေလာင္မွဳျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

“မ်က္ျမင္သက္ေသေတြစစ္ေဆးခ်က္အရ ေဆးလိပ္မီးေၾကာင့္ေလာင္တာလို႕သိရပါတယ္၊ စက္ခန္းပိုင္းကေနၿပီး ေရယာဥ္ကိုယ္ထည္ ပိုင္း အမိုးတို႔ကိုေလာင္တာ စက္ေလွလုပ္သားလဲ မီးထဲပါသြားတာ” လို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မွ ဒုတိယရဲမွဳးၾကီးထြန္းေရႊ က ေျပာပါတယ္။

စက္ေလွမီးေလာင္မူမွာ စက္ေလွလုပ္သား မ်ိဳးထက္ေက်ာ္ဆိုသူ မီးေလာင္ေသဆံုးခဲ့ၿပီး ခရီးသည္ (၃)ဦး မီးေလာင္ဒဏ္ရာေတြရရွိခဲ့ကာ ခရီးသည္တစ္ဦးျဖစ္တဲ့ ေဒၚတူးတူးမာကေတာ့ ဒဏ္ရာအေျခအေနစိုးရိမ္ရတယ္လို႕သိရပါတယ္။

မီးေလာင္မူေျကာင့္ စက္ေလွတန္ဖိုး ၃၅သိန္း၊ ေရယာဥ္ေပၚရွိသူမ်ား မီးေလာင္ဒဏ္ရာမ်ားရရွိကာ လူေသဆံုးသည္အထိျဖစ္ပြားခဲ့တာေၾကာင့္ စက္ေလွေပၚမွာ မီးေလာင္ေသဆံုးသြားတဲ့ အႀကီးေကာင္(ေခၚ)မ်ိဳးထက္ေက်ာ္ အသက္(၂၀)ကို ေျမာင္းျမၿမိဳ႕မရဲစခန္းက (ပ)၇၈၈/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၂၈၅/၃၀၄နဲ႔ အမွုဖြင့္အေရးယူထားတာ ျဖစ္ပါတယ္။
#voiceofmyanmar#ေျမာင္းျမ#မီးေလာင္ၿပီးေသဆံုးသြားသူကို#အမွဳဖြင့္ထား#

Unicode

စက်လှေမီးလောင်မှုက မီးလောင်ပြီးသေဆုံးသွားသူကို အမှုဖွင့်ထား

မြောင်းမြ၊ အောက်တိုဘာ ၁၁-၂၀၁၉
ကိုအောင်(VOM)

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ မနေ့ကဖြစ်ပွားခဲ့တဲ့စက်လှေမီးလောင်မူဖြစ်စဉ်က မီးလောင်ပြီးသေဆုံးသွားတဲ့ စက်လှေလုပ်သားကို ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

မြောင်းမြမြို့ကနေ လူတော်ကျေးရွာကိုပြေးဆွဲတဲ့ အောင်ချမ်းသာစက်လှေပေါ်က စက်လှေလုပ်သား မျိုးထက်ကျော်ဆိုသူဟာ စက်လှေရဲ့စက်ခန်းတွင်းဆီဖြည့်ရာ ဆေးလိပ်သောက်ပြီး ဝင်သွားတာကြောင့် စက်လှေမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“မျက်မြင်သက်သေတွေစစ်ဆေးချက်အရ ဆေးလိပ်မီးကြောင့်လောင်တာလို့သိရပါတယ်၊ စက်ခန်းပိုင်းကနေပြီး ရေယာဉ်ကိုယ်ထည် ပိုင်း အမိုးတို့ကိုလောင်တာ စက်လှေလုပ်သားလဲ မီးထဲပါသွားတာ” လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှုးကြီးထွန်းရွှေ က ပြောပါတယ်။

စက်လှေမီးလောင်မူမှာ စက်လှေလုပ်သား မျိုးထက်ကျော်ဆိုသူ မီးလောင်သေဆုံးခဲ့ပြီး ခရီးသည် (၃)ဦး မီးလောင်ဒဏ်ရာတွေရရှိခဲ့ကာ ခရီးသည်တစ်ဦးဖြစ်တဲ့ ဒေါ်တူးတူးမာကတော့ ဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့သိရပါတယ်။

မီးလောင်မူကြောင့် စက်လှေတန်ဖိုး ၃၅သိန်း၊ ရေယာဉ်ပေါ်ရှိသူများ မီးလောင်ဒဏ်ရာများရရှိကာ လူသေဆုံးသည်အထိဖြစ်ပွားခဲ့တာကြောင့် စက်လှေပေါ်မှာ မီးလောင်သေဆုံးသွားတဲ့ အကြီးကောင်(ခေါ်)မျိုးထက်ကျော် အသက်(၂၀)ကို မြောင်းမြမြို့မရဲစခန်းက (ပ)၇၈၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄နဲ့ အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။
#voiceofmyanmar#မြောင်းမြ#မီးလောင်ပြီးသေဆုံးသွားသူကို#အမှုဖွင့်ထား#

Related posts

Leave a Comment

VOM News

FREE
VIEW