အင္အားျပင္း စူပါတိုင္ဖြန္းမုန္တိုင္း ဂ်ပန္နုိင္ငံကို ဝင္ေရာက္တိုက္ခတ္ေတာ႔မယ္

တိုက်ိဳ၊ ေအာက္တိုဘာ-၁၁-၂၀၁၉
မ်ိဳးဆက္ (VOM)

အင္အားျပင္း စူပါတိုင္ဖြန္းမုန္တိုင္းတစ္ခုဟာ ဂ်ပန္နုိင္ငံကို ဝင္ေရာက္တိုက္ခတ္ဖို႔ ေအာက္တိုဘာ ၁၁ ရက္မွာ ခ်ဥ္းကပ္လာေနျပီး နွစ္ေပါင္းေျခာက္ဆယ္အတြင္း စံခ်ိန္တင္မိုးအၾကီးအက်ယ္ရြာသြန္းမႈ ေတြျဖစ္ေပၚ လာနုိင္ပါတယ္။

အျမန္နႈန္းလို႔ အဓိပၸါယ္ရတဲ႔ တိုင္ဖြန္းမုန္တိုင္း ဟာဂီဘစ္ဟာ ဟြန္ရွဴးကြ်န္းေပၚကို လာမယ္႔ စေနေန႔မွာ တိုက္ခိုက္လာနိုင္ပါတယ္။ ဂ်ပန္နိုင္ငံမွာ ျပီးခဲ႔တဲ႔လကလည္း မၾကာေသးမီနွစ္ေတြအတြင္း အင္အား အေကာင္းဆံုးလို႔ သတ္မွတ္ရမယ္႔ တိုင္ဖြန္းမုန္တိုင္းတုိက္ခတ္ခဲ႔တာေၾကာင္႔ ေနအိမ္ ၃၀၀၀၀ ပ်က္စီးျပီးလွ်ပ္စစ္မီးေတြအၾကီးအက်ယ္ျပတ္ေတာက္မႈျဖစ္ေပၚခဲ႔ပါတယ္။

လက္ရိွတိုက္ခတ္မယ္႔ တိုင္ဖြန္းမုန္တိုင္းေၾကာင္႔ စံခ်ိန္တင္မိုးရြာသြန္းမႈနဲ႔ ေလျပင္းတိုက္ ခတ္မႈေတြျဖစ္ေပၚလာမယ္လို႔ ဂ်ပန္မိုးေလဝသဌာနမွ တာဝန္ရိွသူတစ္ဦးက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

မုန္တိုင္းဟာ ၁၉၅၈ ခုနွစ္ေနာက္ပိုင္း တိုက်ိဳကို အင္အားအေကာင္းဆံုးနဲ႔ တိုက္ခတ္မွာျဖစ္ျပီး ေရၾကီးေရလွ်ံမႈေတြနဲ႔ လိႈင္းၾကီးတာေတြအတြက္ ၾကိဳတင္ကာကြယ္ထားဖို႔ မိုးေလ၀သဌာနက သတိေပးထားပါတယ္။ မုန္တိုင္းခ်ဥ္းကပ္လာေနတာေၾကာင္႔ ဂ်ပန္ျပည္တြင္း ေလယာဥ္ခရီးစဥ္ ၁၅၀၀ ေက်ာ္ကိုလည္း ဖ်က္သိမ္းထားရျပီး ကမၻာ႔ဖလား ရပ္ဘီျပိဳင္ပြဲနဲ႔ ေဖာ္ျမဴလာဝမ္း ကားေမာင္းျပိဳင္ပြဲေတြကိုလည္း ေရႊ႕ဆိုင္းထားခဲ႔ရပါတယ္။

Ref : CNA
Photo:AP
#voiceofmyanmar#တိုက်ိဳ#အင္အားျပင္းစူပါတိုင္ဖြန္းမုန္တိုင္း#ဂ်ပန္နုိင္ငံကိုဝင္ေရာက္တိုက္ခတ္ေတာ႔မယ္#

Unicode

အင်အားပြင်း စူပါတိုင်ဖွန်းမုန်တိုင်း ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်တော့မယ်

တိုကျို၊ အောက်တိုဘာ-၁၁-၂၀၁၉
မျိုးဆက် (VOM)

အင်အားပြင်း စူပါတိုင်ဖွန်းမုန်တိုင်းတစ်ခုဟာ ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ဖို့ အောက်တိုဘာ ၁၁ ရက်မှာ ချဉ်းကပ်လာနေပြီး နှစ်ပေါင်းခြောက်ဆယ်အတွင်း စံချိန်တင်မိုးအကြီးအကျယ်ရွာသွန်းမှု တွေဖြစ်ပေါ် လာနိုင်ပါတယ်။

အမြန်နှုန်းလို့ အဓိပ္ပါယ်ရတဲ့ တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်ဟာ ဟွန်ရှူးကျွန်းပေါ်ကို လာမယ့် စနေနေ့မှာ တိုက်ခိုက်လာနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့လကလည်း မကြာသေးမီနှစ်တွေအတွင်း အင်အား အကောင်းဆုံးလို့ သတ်မှတ်ရမယ့် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၃၀၀၀၀ ပျက်စီးပြီးလျှပ်စစ်မီးတွေအကြီးအကျယ်ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါတယ်။

လက်ရှိတိုက်ခတ်မယ့် တိုင်ဖွန်းမုန်တိုင်းကြောင့် စံချိန်တင်မိုးရွာသွန်းမှုနဲ့ လေပြင်းတိုက် ခတ်မှုတွေဖြစ်ပေါ်လာမယ်လို့ ဂျပန်မိုးလေဝသဌာနမှ တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မုန်တိုင်းဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း တိုကျိုကို အင်အားအကောင်းဆုံးနဲ့ တိုက်ခတ်မှာဖြစ်ပြီး ရေကြီးရေလျှံမှုတွေနဲ့ လှိုင်းကြီးတာတွေအတွက် ကြိုတင်ကာကွယ်ထားဖို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ မုန်တိုင်းချဉ်းကပ်လာနေတာကြောင့် ဂျပန်ပြည်တွင်း လေယာဉ်ခရီးစဉ် ၁၅၀၀ ကျော်ကိုလည်း ဖျက်သိမ်းထားရပြီး ကမ္ဘာ့ဖလား ရပ်ဘီပြိုင်ပွဲနဲ့ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲတွေကိုလည်း ရွှေ့ဆိုင်းထားခဲ့ရပါတယ်။

Ref : CNA
Photo:AP
#voiceofmyanmar#တိုကျို#အင်အားပြင်းစူပါတိုင်ဖွန်းမုန်တိုင်း#ဂျပန်နိုင်ငံကိုဝင်ရောက်တိုက်ခတ်တော့မယ်#

Related posts

Leave a Comment

VOM News

FREE
VIEW