တူရကီရဲ႕ ထိုးစစ္ကိုတန္ျပန္ေရး ကာ႔ဒ္တပ္ဖြဲနဲ႔ ဆီးရီးယားအစိုးရတပ္ေတြ ပူးေပါင္း

ဒမတ္စကတ္၊ ေအာက္တိုဘာ-၁၄-၂၀၁၉
မ်ိဳးဆက္ (VOM)

တူရကီရဲ႕ ထိုးစစ္ဆင္မႈေတြ ကိုရပ္တန္႔ရန္ၾကိဳးစားမႈအျဖစ္ နိုင္ငံေျမာက္ပိုင္းနယ္စပ္သို႔ ဆီးရီးယား အစိုးရတပ္ဖြဲ႔ေတြကိုေစလႊတ္ဖို႔ ဆီးရီးယားအစိုးရနဲ႔ သေဘာတူခဲ႔ေၾကာင္း ဆီးရီးယားရိွ ကာ႔ဒ္တပ္ဖြဲ႔က ေျပာသည္။

ထိုးစစ္ကို တန္ျပန္ဖို႔အတြက္ ဆီးရီးယားေျမာက္ပိုင္းေဒသကို အစိုးရတပ္ဖြဲ႔ဝင္ေတြ ျဖန္႔ၾကက္ထားျပီးျဖစ္တယ္လို႔လည္း ဆီးရီးယားနုိင္ငံပိုင္ သတင္းဌာနမွာ အေစာပိုင္းက ေဖာ္ျပထားပါတယ္။

ဆီးရီးယားနုိင္ငံေျမာက္ပိုင္းကေန က်န္ရိွေနတဲ႔ အေမရိကန္တပ္ဖြဲ႔၀င္ေတြကို ရုပ္သိမ္းဖို႔ အေမရိကန္က ဆံုးျဖတ္ျပီးေနာက္ တူရကီက ဆီးရီးယားမွာ နယ္စပ္ျဖတ္ေက်ာ္ ထိုးစစ္ဆင္ႏႊဲေနတာျဖစ္ပါတယ္။

နယ္စပ္တစ္ေလွ်ာက္ရိွ ကာ႔ဒ္တပ္ဖြဲ႔ေတြကိုဖိအားေပး ေမာင္းထုတ္ဖို႔ ရည္ရြယ္ျပီး တူရကီဟာ လြန္ခဲ႔တဲ႔ သီတင္းပတ္ကတည္းက နယ္စပ္မွာ တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခ႔ဲတာျဖစ္ပါတယ္။

တူရကီရဲ႕ ထိုးစစ္ေၾကာင္႔ အရပ္သားဒါဇင္ေပါင္းမ်ားစြာ ေသဆံုးခဲ႔ျပီး နွစ္ဘက္စလံုးက တိုက္ခိုက္ေရးသမားေတြလည္း ေသဆံုးခဲ႔ပါတယ္။

အေမရိကန္၏ အဓိကမဟာမိတ္ျဖစ္ေသာ ကာ႔ဒ္မ်ားဦးေဆာင္သည္႔ ဆီးရီးယားဒီမိုကရက္တစ္ တပ္ဖြဲ႔ထိန္းခ်ဳပ္ထားရာ ေဒသေတြက ေနရာေတြကို တူရကီက အၾကီးအက်ယ္ဗံုးၾကဲတိုက္ခိုက္ခဲ႔ျပီး အဓိကနယ္စပ္ျမိဳ႕နွစ္ျမိဳ႕ကို ထိန္းခ်ဳပ္ခဲ႔ပါတယ္။

Ref : BBC
Photo :AFP
#voiceofmyanmar#တူရကီရဲ႕#ထိုးစစ္ကိုတန္ျပန္ေရး#ကာ႔တပ္ဖြဲနဲ႔ဆီးရီးယားအစိုးရတပ္ေတြပူးေပါင္း#

Unicode

တူရကီရဲ့ ထိုးစစ်ကိုတန်ပြန်ရေး ကာ့ဒ်တပ်ဖွဲနဲ့ ဆီးရီးယားအစိုးရတပ်တွေ ပူးပေါင်း

ဒမတ်စကတ်၊ အောက်တိုဘာ-၁၄-၂၀၁၉
မျိုးဆက် (VOM)

တူရကီရဲ့ ထိုးစစ်ဆင်မှုတွေ ကိုရပ်တန့်ရန်ကြိုးစားမှုအဖြစ် နိုင်ငံမြောက်ပိုင်းနယ်စပ်သို့ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေကိုစေလွှတ်ဖို့ ဆီးရီးယားအစိုးရနဲ့ သဘောတူခဲ့ကြောင်း ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့က ပြောသည်။

ထိုးစစ်ကို တန်ပြန်ဖို့အတွက် ဆီးရီးယားမြောက်ပိုင်းဒေသကို အစိုးရတပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ထားပြီးဖြစ်တယ်လို့လည်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနမှာ အစောပိုင်းက ဖော်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံမြောက်ပိုင်းကနေ ကျန်ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းဖို့ အမေရိကန်က ဆုံးဖြတ်ပြီးနောက် တူရကီက ဆီးရီးယားမှာ နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်နွှဲနေတာဖြစ်ပါတယ်။

နယ်စပ်တစ်လျှောက်ရှိ ကာ့ဒ်တပ်ဖွဲ့တွေကိုဖိအားပေး မောင်းထုတ်ဖို့ ရည်ရွယ်ပြီး တူရကီဟာ လွန်ခဲ့တဲ့ သီတင်းပတ်ကတည်းက နယ်စပ်မှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တူရကီရဲ့ ထိုးစစ်ကြောင့် အရပ်သားဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး နှစ်ဘက်စလုံးက တိုက်ခိုက်ရေးသမားတွေလည်း သေဆုံးခဲ့ပါတယ်။

အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်သော ကာ့ဒ်များဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့ထိန်းချုပ်ထားရာ ဒေသတွေက နေရာတွေကို တူရကီက အကြီးအကျယ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဓိကနယ်စပ်မြို့နှစ်မြို့ကို ထိန်းချုပ်ခဲ့ပါတယ်။

Ref : BBC
Photo :AFP
#voiceofmyanmar#တူရကီရဲ့#ထိုးစစ်ကိုတန်ပြန်ရေး#ကာ့တပ်ဖွဲနဲ့ဆီးရီးယားအစိုးရတပ်တွေပူးပေါင်း#

Related posts

Leave a Comment

VOM News

FREE
VIEW