ဇလုံေတာင္ေပၚကိုု ေတာင္တက္ကားလိုုင္း စတင္ေျပးဆြဲေပး

Zawgyi

 

 

ဗန္းေမာက္ေအာက္တိုဘာ၁၅-၂၀၁၉

ေမာင္တာရာ(VOM)

 

 

စစ္ကိုင္းတိုင္း ၊ဗန္းေမာက္ၿမိဳ႕နယ္မွာရွိတဲ့ဇလုံေတာင္ေတာ္ေပၚကုိတက္ေရာက္မယ့္  ေတာင္တက္လမ္းပုိင္း  ဒီေန႔  ၁၅ရက္ေန႔ကစတင္ဖြင့္လွစ္ၿပီး  ျမနႏၵာရပ္ကြက္နဲ႕ခမိုးေက်း႐ြာၾကားကန္သာယာယာယီယာဥ္ရပ္နားစခန္းကေနေတာင္တက္ကားမ်ားေျပးဆြဲေပးေနၿပီၿဖစ္ပါတယ္။

 

 

 

ဇလုံေတာင္၊ေတာင္တက္ကားတစ္စီးကုိလူဦးေရ၁၅ဦးထိလုိက္ပါစီးနင္းႏုိင္ၿပီးလူႀကီးတစ္ဦးလွ်င္အသြားအၿပန္ေငြက်ပ္၇၀၀၀၊ ကေလးတစ္ဦးလ်ွင္ေငြက်ပ္၃၅၀၀က်ပ္ေကာက္ခံပါတယ္လုိ႔ဇလုံေတာင္ေတာင္တက္ကားအသင္းဥကၠဌဦးဘလင္းေျပာပါတယ္။

 

 

”ဒီေန႕စတင္ဖြင့္ၿပီးေျပးဆြဲေနပါတယ္။ မေမွ်ာ္လင့္ဘဲဒီေန႔မွာရာသီဥတုအေျခအေနအေတာ္ဆုိးရြာေနတယ္။ မုိးတေနကုန္ရြာေတာ့ဇလုံေတာင္ေပၚထိေျပးဆြဲမေျပးႏုိင္ဘူးၿဖစ္ေနတယ္။ တယ္ပင္ၿပန္႔ဆုိတာရွိတယ္။အဲထိပဲေျပးဆြဲေပးပါတယ္။ ရာသီဥတုမေကာင္းေတာ့ခရီးသည္ေတြကုိပြင့္ပြင့္လင္းလင္းေျပာပါရတယ္။ ဘယ္ထိပဲပုိ႕ႏုိင္မယ္ဆုိတာကုိေပါ့။ အဆင္ေျပမွာပဲအဲဒီကုိသြားႀကပါ။ အဲကေနခရီးသည္ေတြကႏွစ္မုိင္ေလာက္လမ္းေလ်ာက္သြားေရာက္ၿပီးဖူးေၿမာ္ႀကပါတယ္။”ဟု၎ကေျပာပါတယ္။

 

 

ဇလုံေတာင္ေတာ္ေပၚကုိၿပီးခဲ့သည့္  ခုႏွစ္ကေတာင္တက္ယာဥ္အစီးေရ၁၅၀နီးပါး  ေၿပးဆြဲေပးခဲ့ရာမွယခုႏွစ္မွေတာ့ေတာင္တက္ေမာ္ေတာ္ယာဥ္၁၈၀နီးပါးတုိးၿမွင့္  ေျပးဆြဲေပးလ်က္ရွိပါတယ္လုိ႔  ဇလုံေတာင္ေတာင္တက္ကားအသင္းဥကၠဌဦးဘလင္းေျပာပါတယ္။

 

 

ဇလုံေတာင္ကုိလာေရာက္တဲ့  ခရီးသြားေတြအဆင္ေျပေစရန္တုိင္းအစုိးရအဖြဲ႔ကဦးစီးၿပီးဇလုံေတာင္အတက္ခမုိးေက်းရြာအနီးစားေသာက္ဆုိင္ခန္းေတြ၊လူေနအိပ္ေဆာင္ေတြ၊ ကားရပ္နားကြင္း၊အမွတ္တရလက္ေဆာင္ပစၥည္းအေရာင္းဆုိင္ေတြပါဝင္တဲ့”ခမုိး”ယာဥ္ရပ္နားစခန္းႏွင့္အပန္းေျဖစခန္းကုိ  ၂၀၁၈ခုႏွစ္ဒီဇင္ဘာ၂၅တြင္စတင္ဖြင့္လွစ္ခဲ့ပါတယ္။

 

အဲဒီ”ခမုိး”ယာဥ္ရပ္နားစခန္းႏွင့္အပန္းေျဖစခန္းလာေရာက္လုပ္ကုိင္ျခင္းကုိသေဘာမတူေႀကာင္း၂၀၁၉ခုႏွစ္ေမလ၃ရက္ေန႕ကေဒသခံေတြဆႏၵထုတ္ေဖာ္ခဲ့ပါေသးတယ္။

 

#voiceofmyanmar #စစ္ကိုုင္း #ဗန္းေမာက္ #ဇလံုုေတာင္

 

Unicode

ဇလုံတောင်ပေါ်ကို တောင်တက်ကားလိုင်း စတင်ပြေးဆွဲပေး

ဗန်းမောက် အောက်တိုဘာ ၁၅ -၂၀၁၉
မောင်တာရာ (VOM)

စစ်ကိုင်းတိုင်း ၊ဗန်းမောက်မြို့နယ်မှာရှိတဲ့ ဇလုံ တောင်တော်ပေါ်ကို တက်ရောက်မယ့် တောင်တက်လမ်းပိုင်း ဒီနေ့ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ပြီး မြနန္ဒာရပ်ကွက်နဲ့ ခမိုး ကျေးရွာ ကြား ကန်သာယာ ယာယီယာဉ်ရပ်နားစခန်းကနေ တောင်တက်ကားများ ပြေးဆွဲပေးနေပြီ ဖြစ်ပါတယ်။

ဇလုံ တောင်၊ တောင်တက်ကားတစ်စီးကို လူဦးရေ ၁၅ ဦးထိ လိုက်ပါစီးနင်းနိုင်ပြီး လူကြီးတစ်ဦးလျှင် အသွားအပြန် ငွေကျပ် ၇၀၀၀၊ ကလေးတစ်ဦးလျှင်ငွေကျပ် ၃၅၀၀ ကျပ် ကောက်ခံပါတယ်လို့
ဇလုံတောင် တောင်တက်ကား အသင်း ဥက္ကဌ ဦးဘလင်း ပြောပါတယ်။

”ဒီနေ့ စတင်ဖွင့်ပြီး ပြေးဆွဲနေပါတယ်။ မမျှော်လင့်ဘဲ ဒီနေ့မှာ ရာသီဥတု အခြေအနေ အတော်ဆိုးရွာနေတယ်။ မိုးတနေကုန်ရွာတော့ ဇလုံတောင်ပေါ်ထိ ပြေးဆွဲမပြေးနိုင်ဘူး ဖြစ်နေတယ်။ တယ်ပင်ပြန့်ဆိုတာရှိတယ်။အဲထိပဲ ပြေးဆွဲပေးပါတယ်။ ရာသီဥတု မကောင်းတော့ ခရီးသည်တွေကို ပွင့်ပွင့်လင်းလင်းပြောပါရတယ်။ ဘယ်ထိပဲပို့နိုင်မယ်ဆိုတာကိုပေါ့။ အဆင်ပြေမှာပဲ အဲဒီကိုသွားကြပါ။ အဲကနေ ခရီးသည်တွေက နှစ်မိုင်လောက် လမ်းလျောက်သွားရောက်ပြီး ဖူးမြော်ကြပါတယ်။” ဟု ၎င်းကပြောပါတယ်။

ဇလုံ တောင်တော်ပေါ်ကို ပြီးခဲ့သည့် ခုနှစ်က တောင်တက်ယာဉ်အစီးရေ ၁၅၀ နီးပါး ပြေးဆွဲပေးခဲ့ရာမှ ယခုနှစ်မှတော့ တောင်တက်မော်တော်ယာဉ် ၁၈၀ နီးပါး တိုးမြှင့် ပြေးဆွဲပေးလျက်ရှိပါတယ်လို့ ဇလုံတောင် တောင်တက်ကား အသင်း ဥက္ကဌ ဦးဘလင်း ပြောပါတယ်။

ဇလုံတောင်ကို လာရောက်တဲ့ ခရီးသွားတွေ အဆင်ပြေစေရန် တိုင်းအစိုးရအဖွဲ့ကဦးစီးပြီး ဇလုံတောင်အတက် ခမိုးကျေးရွာအနီး စားသောက်ဆိုင်ခန်းတွေ၊လူနေအိပ်ဆောင်တွေ၊ ကားရပ်နားကွင်း၊အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေပါဝင်တဲ့ ”ခမိုး ”ယာဉ်ရပ်နားစခန်းနှင့်အပန်းဖြေစခန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၂၅ တွင်စတင်ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီ ”ခမိုး ”ယာဉ်ရပ်နားစခန်းနှင့်အပန်းဖြေစခန်း လာရောက်လုပ်ကိုင်ခြင်းကို သဘောမတူကြောင်း ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့က ဒေသခံတွေ ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။

#voiceofmyanmar #စစ်ကိုင်း #ဗန်းမောက် #ဇလုံတောင်

 

Related posts

Leave a Comment

VOM News

FREE
VIEW