အသက္ ၂၅ နွစ္အရြယ္ ေတာင္ကိုရီးယား ေကေပါ႔စတားဆူလီ ရုတ္တရက္ ကြယ္လြန္

Zawgyi

ဆိုးလ္၊ ေအာက္တိုဘာ-၁၅-၂၀၁၉
မ်ိဳးဆက္ (VOM)

ေတာင္ကိုရီးယားနုိင္ငံမွ ေကေပါ႔စတားတစ္ဦးျဖစ္သူ f(x) ေတးဂီတအဖြဲ႔၀င္ေဟာင္း ဆူလီဟာ အသက္ ၂၅ နွစ္အရြယ္မွာ ရုတ္တရက္ ကြယ္လြန္သြားပါတယ္။

 

ဆူလီရဲ႕ ရုပ္အေလာင္းကို ေတာင္ကိုရီးယားနုိင္ငံ ဆိုးလ္ျမိဳ႕အနီးရိွေနအိမ္မွာ သူ႔ရဲ႕မန္ေနဂ်ာျဖစ္သူက ရွာေဖြေတြ႔ရိွခဲ႔တာလို႔ ရဲတပ္ဖြ႔ဲက ေျပာပါတယ္။

 

 

ဆူလီ ေသဆံုးရတဲ႔ အေၾကာင္းရင္းနဲ႔ ပတ္သက္လို႔ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနျပီး ကိုယ္႔ကိုကိုယ္သတ္ေသတာမ်ိဳး ျဖစ္နိုင္ဖြယ္ရိွတယ္ဆိုတဲ႔ ယူဆခ်က္ေတြနဲ႔ ပတ္သက္ျပီးလည္း စစ္ေဆးေနတယ္လို႔ဆိုပါတယ္။

 

 

ေကေပါ႕စတား ဆူလီဟာ သူရုပ္ေဆာင္အလုပ္ကိုအာရံုစိုက္ဖို႔အတြက္ ၂၀၁၅ ခုနွစ္မွာ f(x) ေတးဂီတအဖြဲ႔ကေန နႈတ္ထြက္ခဲ႔ပါတယ္။ ဒါေပမယ္႔သူဟာ အြန္လိုင္းေပၚမွာ ေ၀ဖန္ေနွာက္ယွက္မႈ ေတြခံခဲ႔ရတာေၾကာင္႔ ေကေပါ႔အဖြဲ႔မွာ လႈပ္ရွားမႈေတြကို ရပ္ဆုိင္းလိုက္တာလို႔ အခ်ိဳ႕ကယံုၾကည္ေနပါတယ္။

 

 

ဆူလီဟာ အျငင္းပြားဖြယ္ရာကိစၥေတြမွာလည္း လူသိမ်ားခဲ႔ျပီး ကိုယ္႔ခႏၶာကိုယ္ကို ဘယ္လို မည္သို႔လွစ္ဟျပသရမယ္ဆိုတာနဲ႔ ပတ္သက္ျပီး ကိုယ္ပိုင္အခြင္႔အေရးျဖစ္တယ္လို႔ ပရိတ္သတ္ေတြ ကို မရွက္မေၾကာက္ ေျပာဆိုတတ္သူျဖစ္ပါတယ္။

 

 

သူဟာ ေတာင္ကိုရီးယားမွာလုပ္တဲ႔ No Bra လႈပ္ရွားမႈမွာလည္း တက္ၾကြစြာပါ၀င္သူတစ္ဦးျဖစ္ကာ လူမႈကြန္ရက္ေပၚမွာ သူ႕ရဲရင္သားကိုလွစ္ဟျပခဲ႔ဖူးျပီး ျပီးခဲ႔တဲ႔လအတြင္းကလည္း အင္စတာဂရမ္မွာ လိုက္ဖ္လႊင္႔ေနရင္း ရင္သားေတြကို မေတာ္တဆ ထုတ္ေဖာ္ျပသခဲ႔မိပါတယ္။

 

 

Ref : BBC
Photo : Getty Images

#voiceofmyanmar #ေကေပါ့ #ဆူလီကြယ္လြန္ #ေတာင္ကိုုရီးယား

Unicode

အသက် ၂၅ နှစ်အရွယ် တောင်ကိုရီးယား ကေပေါ့စတားဆူလီ ရုတ်တရက် ကွယ်လွန်

ဆိုးလ်၊ အောက်တိုဘာ-၁၅-၂၀၁၉
မျိုးဆက် (VOM)

တောင်ကိုရီးယားနိုင်ငံမှ ကေပေါ့စတားတစ်ဦးဖြစ်သူ f(x) တေးဂီတအဖွဲ့ဝင်ဟောင်း ဆူလီဟာ အသက် ၂၅ နှစ်အရွယ်မှာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။

ဆူလီရဲ့ ရုပ်အလောင်းကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အနီးရှိနေအိမ်မှာ သူ့ရဲ့မန်နေဂျာဖြစ်သူက ရှာဖွေတွေ့ရှိခဲ့တာလို့ ရဲတပ်ဖွ့ဲက ပြောပါတယ်။

ဆူလီ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ကိုယ့်ကိုကိုယ်သတ်သေတာမျိုး ဖြစ်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ပတ်သက်ပြီးလည်း စစ်ဆေးနေတယ်လို့ဆိုပါတယ်။

ကေပေါ့စတား ဆူလီဟာ သူရုပ်ဆောင်အလုပ်ကိုအာရုံစိုက်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ f(x) တေးဂီတအဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့်သူဟာ အွန်လိုင်းပေါ်မှာ ဝေဖန်နှောက်ယှက်မှု တွေခံခဲ့ရတာကြောင့် ကေပေါ့အဖွဲ့မှာ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းလိုက်တာလို့ အချို့ကယုံကြည်နေပါတယ်။

ဆူလီဟာ အငြင်းပွားဖွယ်ရာကိစ္စတွေမှာလည်း လူသိများခဲ့ပြီး ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လို မည်သို့လှစ်ဟပြသရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အခွင့်အရေးဖြစ်တယ်လို့ ပရိတ်သတ်တွေ ကို မရှက်မကြောက် ပြောဆိုတတ်သူဖြစ်ပါတယ်။

သူဟာ တောင်ကိုရီးယားမှာလုပ်တဲ့ No Bra လှုပ်ရှားမှုမှာလည်း တက်ကြွစွာပါဝင်သူတစ်ဦးဖြစ်ကာ လူမှုကွန်ရက်ပေါ်မှာ သူ့ရဲရင်သားကိုလှစ်ဟပြခဲ့ဖူးပြီး ပြီးခဲ့တဲ့လအတွင်းကလည်း အင်စတာဂရမ်မှာ လိုက်ဖ်လွှင့်နေရင်း ရင်သားတွေကို မတော်တဆ ထုတ်ဖော်ပြသခဲ့မိပါတယ်။

Ref : BBC
Photo : Getty Images

#voiceofmyanmar #ကေပေါ့ #ဆူလီကွယ်လွန် #တောင်ကိုရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW