သိန္းေပါင္း(၂၉)သိန္းေက်ာ္တန္ဖိုးရွိတဲ့ ICEဟုယူဆရေသာ မူးယစ္ေဆးဝါးမ်ား ပိုင္ရွင္မဲ့ဖမ္းမိ

ဖ်ာပံု၊ ေအာက္တိုဘာ ၁၇-၂၀၁၉
ကိုေအာင္(VOM)

ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံခ႐ိုင္၊ အမာၿမိဳ႕၊ ဘဝသစ္ေက်းရြာအုပ္စု၊ အေ႐ွ႕ဖ်ားေက်းရြာ မွ ေရမိုင္ ၁၅မိုင္အကြာ ပင္လယ္ျပင္အတြင္း ICEဟုယူဆရေသာ မူးယစ္ေဆးဝါးေတြကို ပုံေဆာင္ခဲပံုစံျပဳလုပ္ကာထည့္ထားတဲ႕ ပီနံအိတ္၂၃အိတ္ ေရထဲေမ်ာေနတာကို ေအာက္တိုဘာ၁၆ရက္ေန႔မနက္ပိုင္းက ေရလုပ္သားေတြကေတြ႕ခဲ့တယ္လို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕က သိရပါတယ္။

အေ႐ွ႕ဖ်ားေက်းရြာက ေရလုပ္ငန္းလုပ္ကိုင္တဲ့ ေရလုပ္သားေတြငါးဖမ္းထြက္ေနတဲ့အခ်ိန္ ေရမိုင္ ၁၅ မိုင္ခန္႔အ ကြာ ပင္လယ္ျပင္မွာ ေမ်ာေနတဲ့အထုတ္ေတြ ေတြ႔ရတာေျကာင့္ငါးဖမ္းစက္ေလွေပၚကို သယ္ယူခ့ဲၾကၿပီး ေရလုပ္ငန္း႐ွင္ထံအပ္ႏွံခ့ဲ့ကာ ပီနံအိတ္ေတြကို ဖြင့္ေဖာက္စစ္ေဆးရာ မသၤကာဖြယ္ ပုံေဆာင္ခဲအ ထုတ္ေတြေတြ႔ရတဲ့အတြက္ သက္ဆိုင္ရာရဲတပ္ဖြဲ႔ထံ အေၾကာင္းၾကားခ့ဲတာျဖစ္ပါတယ္။

” iceလို႕ယူဆရတဲ႕အခဲအိတ္အျပည့္ (၃၀)ထုတ္ပါ ပီနံအိတ္(၁၆)အိတ္နဲ႕ အိတ္မျပည့္ ပီနံအိတ္(၇) အိတ္ကို သိမ္းဆည္းထားပီး ဖ်ာပံုမူးယစ္တပ္ဖြဲ႕၅၀က ဆက္လက္စံုစမ္းေနပါတယ ္” လို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕က ဒုတိယရဲမူးျကီးထြန္းေရႊကေျပာပါတယ္။

ပီနံအိတ္ေတြအတြင္းမွာ ပလပ္စတစ္အမဲနဲ႔ပတ္ထားတဲ့ Refined(Chinese Tea စာတန္းႏွင့္တ႐ုတ္စာမ်ားပါရိွ) အမွတ္တံဆိတ္ပါ လက္ဖက္ေျခာက္အိတ္နဲ႕ထပ္၍ပတ္ထားေသာ ICE ဟုယူဆရေသာ အျဖဴေရာင္ပုံေဆာင္ခဲ 1kg ပါအထုတ္ (၆၄၉)ထုတ္ စုစုေပါင္းတန္းဘိုး က်ပ္သိန္းေပါင္း (၂၉၂၀၅၀)သိန္းက်ပ္အား ပိုင္ရွင္မဲ့သိမ္းဆည္းရမိခဲ့တဲ့အတြက္ အမာနယ္ေျမရဲစခန္းမွ မယ(ပ)၁/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉ /ကျဖင့္ အမႈဖြင့္ထားၿပီး တရားခံဖမ္းဆီးရမိေရးကိုလည္း ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မူးရုံးကေန သိရပါတယ္။

#voiceofmyanmar#ဖ်ာပံု#ပိုင္ရွင္မဲ့#မူးယစ္ေဆးဝါးမ်ားေတြ႔#

Unicode

သိန်းပေါင်း(၂၉)သိန်းကျော်တန်ဖိုးရှိတဲ့ ICEဟုယူဆရသော မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ဖမ္းမိ

ဖျာပုံ၊ အောက်တိုဘာ ၁၇-၂၀၁၉
ကိုအောင်(VOM)

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အရှေ့ဖျားကျေးရွာ မှ ရေမိုင် ၁၅မိုင်အကွာ ပင်လယ်ပြင်အတွင်း ICEဟုယူဆရသော မူးယစ်ဆေးဝါးတွေကို ပုံဆောင်ခဲပုံစံပြုလုပ်ကာထည့်ထားတဲ့ ပီနံအိတ်၂၃အိတ် ရေထဲမျောနေတာကို အောက်တိုဘာ၁၆ရက်နေ့မနက်ပိုင်းက ရေလုပ်သားတွေကတွေ့ခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က သိရပါတယ်။

အရှေ့ဖျားကျေးရွာက ရေလုပ်ငန်းလုပ်ကိုင်တဲ့ ရေလုပ်သားတွေငါးဖမ်းထွက်နေတဲ့အချိန် ရေမိုင် ၁၅ မိုင်ခန့်အ ကွာ ပင်လယ်ပြင်မှာ မျောနေတဲ့အထုတ်တွေ တွေ့ရတာကြောင့်ငါးဖမ်းစက်လှေပေါ်ကို သယ်ယူခဲ့ကြပြီး ရေလုပ်ငန်းရှင်ထံအပ်နှံခဲ့ကာ ပီနံအိတ်တွေကို ဖွင့်ဖောက်စစ်ဆေးရာ မင်္သကာဖွယ် ပုံဆောင်ခဲအ ထုတ်တွေတွေ့ရတဲ့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

” iceလို့ယူဆရတဲ့အခဲအိတ်အပြည့် (၃၀)ထုတ်ပါ ပီနံအိတ်(၁၆)အိတ်နဲ့ အိတ်မပြည့် ပီနံအိတ်(၇) အိတ်ကို သိမ်းဆည်းထားပီး ဖျာပုံမူးယစ်တပ်ဖွဲ့၅၀က ဆက်လက်စုံစမ်းနေပါတယ ်” လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမူးကြီးထွန်းရွှေကပြောပါတယ်။

ပီနံအိတ်တွေအတွင်းမှာ ပလပ်စတစ်အမဲနဲ့ပတ်ထားတဲ့ Refined(Chinese Tea စာတန်းနှင့်တရုတ်စာများပါရှိ) အမှတ်တံဆိတ်ပါ လက်ဖက်ခြောက်အိတ်နဲ့ထပ်၍ပတ်ထားသော ICE ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ 1kg ပါအထုတ် (၆၄၉)ထုတ် စုစုပေါင်းတန်းဘိုး ကျပ်သိန်းပေါင်း (၂၉၂၀၅၀)သိန်းကျပ်အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တဲ့အတွက် အမာနယ်မြေရဲစခန်းမှ မယ(ပ)၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉ /ကဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေးကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မူးရုံးကနေ သိရပါတယ်။

#voiceofmyanmar#ဖျာပုံ#ပိုင်ရှင်မဲ့#မူးယစ်ဆေးဝါးများတွေ့#

Related posts

Leave a Comment

VOM News

FREE
VIEW