တပ္မေတာ္လမ္းေဖာက္လုပ္မႈ မလိုလားတဲ့ ေဒသခံ ကရင္တိုင္းရင္းသား‌ေတြဆႏၵျပ

Zawgyi

ေက်ာက္ႀကီး ေအာက္တိုဘာ ၂၁-၂၀၁၉
သူရိန္ (VOM)

ပဲခူးတိုင္း၊ ေတာင္ငူခ႐ိုင္၊ ေက်ာက္ႀကီးၿမိဳ႕နယ္အတြင္းကေဒသခံ ကရင္တိုင္းရင္းသား‌ေတြစုေပါင္းၿပီးသူတို႔ေနထိုင္တဲ့ ေဒသေတြအတြင္းမွာ အစိုးရတပ္မေတာ္က ဝင္ေရာက္လမ္းေဖာက္လုပ္ေနတဲ့အေပၚ မလိုလားတဲ့အတြက္ ဌာေနေဒသခံ ကရင္တိုင္းရင္းသားေက်း႐ြာေပါင္း ၁၈ ႐ြာက ကရင္တိုင္းရင္းသား‌ေတြစုေပါင္းၿပီး ဒီေန႔ နံနက္ ၉ နာရီအခ်ိန္က ဆႏၵထုတ္ေဖာ္မႈတစ္ခုျပဳ လုပ္ခဲ့ပါတယ္။

ေဒသခံကရင္တိုင္းရင္းသားေတြရဲ႕ စုေပါင္းဆႏၵထုတ္ေဖာ္မႈကို နံနက္ ၉ နာရီကေနမြန္းလြဲ ၂ နာရီဝန္းက်င္အခ်ိန္အထိ ျပဳလုပ္ခဲ့ၿပီး မူသဲမွ ခလယ္က်ိဳးအထိ ခ်ီတက္လမ္းေလွ်ာက္ကာ လမ္းေဖာက္လုပ္တာနဲ႔ပတ္သက္ၿပီး လိုလားခ်က္ေတြကိုေႂကြးေၾကာ္ဆႏၵထုတ္ေဖာ္တာနဲ႔ ဘုရားဝတ္ျပဳ ဆုေတာင္းတာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

 

” လမ္းေဖာက္ေနတာက ေဒသခံေတြရဲ႕နယ္ေျမေတြ ၊အခြင့္အေရး ေတြထိခိုက္တယ္။ NCA လက္မွတ္ထိုးထားတဲ့ ေခါင္းေဆာင္ ေတြအေနနဲ႔ NCA ကတိကဝတ္ေတြကို လိုက္နာေစခ်င္တယ္။ တပ္မေတာ္အေနနဲ႔ ဌာေနလူထု နဲ႔ညႇိႏႈိင္း တိုင္ပင္မႈမရွိဘဲလမ္း ေဖာက္လုပ္မႈေတြမလုပ္ေဆာင္ဖို႔လိုတယ္။ ဒီလမ္းေဖာက္လုပ္မႈ ေၾကာင့္ ေဒသခံေတြရဲ႕ ေျမယာနဲ႔အသီးအႏွံ စိုက္ပ်ိဳးတာေတြပ်က္စီးတဲ့အျပင္ KNU နဲ႔တပ္မေတာ္ ႏွစ္ဖက္တင္းမာမႈေတြ ေၾကာင့္ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ရတဲ့ အေျခအေနေတြ လည္း ျဖစ္ေပၚေနတယ္” လိုု႕ ဆႏၵေဖာ္ထုတ္မႈမွာ ဦးေဆာင္ပါဝင္သူ ေစာဝါဒိုကေျပာပါတယ္။

 

အခုဆႏၵျပမႈက ေက်ာက္ႀကီးၿမိဳ႕နယ္က ေဒသခံကရင္တိုင္းရင္း သားေတြရဲ႕ဒုတိယအႀကိမ္ေျမာက္ဆႏၵျပကန႔္ကြက္မႈျဖစ္သလို ၂၀၁၉ ခုႏွစ္ဆန္းပိုင္းအခ်ိန္ကလည္း ေဒသခံကရင္တိုင္းရင္းသား‌ေတြစုေပါင္းၿပီး အစိုးရတပ္မေတာ္ရဲ႕ လမ္းေဖာက္လုပ္ေနမႈကို ဆန႔္က်င္ဆႏၵထုတ္ေဖာ္ခဲ့ၾကပါေသးတယ္။

#voiceofmyanmar #ေက်ာက္ၾကီး #တပ္မေတာ္လမ္းေဖါက္မွဳ ဆႏၵျပ

Unicode

တပ်မတော်လမ်းဖောက်လုပ်မှု မလိုလားတဲ့ ဒေသခံ ကရင်တိုင်းရင်းသား‌တွေဆန္ဒပြ

ကျောက်ကြီး အောက်တိုဘာ ၂၁-၂၀၁၉
သူရိန် (VOM)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းကဒေသခံ ကရင်တိုင်းရင်းသား‌တွေစုပေါင်းပြီးသူတို့နေထိုင်တဲ့ ဒေသတွေအတွင်းမှာ အစိုးရတပ်မတော်က ဝင်ရောက်လမ်း
ဖောက်လုပ်နေတဲ့အပေါ် မလိုလားတဲ့အတွက် ဌာနေဒေသခံ ကရင်တိုင်းရင်းသားကျေးရွာပေါင်း ၁၈ ရွာက ကရင်တိုင်းရင်းသား‌တွေစုပေါင်းပြီး ဒီနေ့ နံနက် ၉ နာရီအချိန်က ဆန္ဒထုတ်ဖော်မှုတစ်ခုပြု လုပ်ခဲ့ပါတယ်။

ဒေသခံကရင်တိုင်းရင်းသားတွေရဲ့ စုပေါင်းဆန္ဒထုတ်ဖော်မှုကို နံနက် ၉ နာရီကနေမွန်းလွဲ ၂ နာရီဝန်းကျင်အချိန်အထိ ပြုလုပ်ခဲ့ပြီး မူသဲမှ ခလယ်ကျိုးအထိ ချီတက်လမ်းလျှောက်ကာ လမ်းဖောက်လုပ်တာနဲ့ပတ်သက်ပြီး လိုလားချက်တွေကိုကြွေးကြော်ဆန္ဒထုတ်ဖော်တာနဲ့ ဘုရားဝတ်ပြု ဆုတောင်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

” လမ်းဖောက်နေတာက ဒေသခံတွေရဲ့နယ်မြေတွေ ၊အခွင့်အရေး တွေထိခိုက်တယ်။ NCA လက်မှတ်ထိုးထားတဲ့ ခေါင်းဆောင် တွေအနေနဲ့ NCA ကတိကဝတ်တွေကို လိုက်နာစေချင်တယ်။ တပ်မတော်အနေနဲ့ ဌာနေလူထု နဲ့ညှိနှိုင်း တိုင်ပင်မှုမရှိဘဲလမ်း ဖောက်လုပ်မှုတွေမလုပ်ဆောင်ဖို့လိုတယ်။ ဒီလမ်းဖောက်လုပ်မှု ကြောင့် ဒေသခံတွေရဲ့ မြေယာနဲ့အသီးအနှံ စိုက်ပျိုးတာတွေပျက်စီးတဲ့အပြင် KNU နဲ့တပ်မတော် နှစ်ဖက်တင်းမာမှုတွေ ကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတဲ့ အခြေအနေတွေ လည်း ဖြစ်ပေါ်နေတယ်” လို့ ဆန္ဒဖော်ထုတ်မှုမှာ ဦးဆောင်ပါဝင်သူ စောဝါဒိုကပြောပါတယ်။

အခုဆန္ဒပြမှုက ကျောက်ကြီးမြို့နယ်က ဒေသခံကရင်တိုင်းရင်း သားတွေရဲ့ဒုတိယအကြိမ်မြောက်ဆန္ဒပြကန့်ကွက်မှုဖြစ်သလို ၂၀၁၉ ခုနှစ်ဆန်းပိုင်းအချိန်ကလည်း ဒေသခံကရင်တိုင်းရင်း
သား‌တွေစုပေါင်းပြီး အစိုးရတပ်မတော်ရဲ့ လမ်းဖောက်လုပ်နေမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

#voiceofmyanmar #ကျောက်ကြီး #တပ်မတော်လမ်းဖေါက်မှု ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW