ဘူးသီးေတာင္မွာ ေက်းရြာအတြင္း လက္နက္ႀကီးက် အမ်ိဳးသမီးတစ္ဦးဒဏ္ရာရ

ဘူးသီးေတာင္၊ ေအာက္တုိဘာ ၂၁-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းမွာ ေအာက္တုိဘာ ၂၀ ရက္ေန႔ ည ၇ နာရီေက်ာ္ခန္႔အခ်ိန္က ထိပ္ထူးေပါက္ ေက်းရြာအတြင္းသို႔ လက္နက္ႀကီးက်ည္္တစ္လံုး ေပါကက္ကြဲခဲ့ၿပီး အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိကာ ႏြားတစ္ေကာင္နဲ႔ ေခြးတစ္ေကာင္လည္း ေသဆံုးသြားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီလက္နက္ႀကီးက်ည္ဟာ ညေနပိုင္းအခ်ိန္မွာ ေက်ာက္ရံေက်းရြာအုပ္စုအတြင္းရွိ ထိပ္ထူးေပါက္ေက်းရြာက ဦးဆီရာဇူးရဲ႕ေနအိမ္ၿခံဝင္းအတြင္းမွာ က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ဦးဆီရာဇူးရဲ႕ ဇနီးသည္ ေဒၚအာေယရွား ၄၅ ႏွစ္မွာ ဒဏ္ရာအျပင္းအထန္ရရွိခဲ့ပါတယ္။

“ မေန႔က ညေနပိုင္းမွာ လက္နက္ႀကီးက်ည္က ရြာထဲကိုက်တာပါ။ အမ်ိဳးသမီးတစ္ဦးဒဏ္ရာရတယ္။ ေခြးတစ္ေကာင္နဲ႔ ႏြားတစ္ေကာင္ေသတယ္။ ေျခေထာက္တစ္ဖက္ ဒဏ္ရာျပင္းတယ္။ ထိတာက ေတာ္္ေတာ္္မ်ားမ်ားထိသြားတယ္။ သူ႔ကို ဘူးသီးေတာင္ေဆးရံုကို ပို႔ေဆာင္ေပးထားပါတယ္ ”လို႔ ေက်းရြာသားတစ္ဦးက ေျပာပါတယ္။

မေန႔ကညေနပိုင္းမွာ အဲ့ဒီထိပ္ထူးေပါက္ေက်းရြာအနီး တိုက္ပြဲျဖစ္ပြားခဲ့တာမရွိေပမယ့္ လက္နက္ႀကီးပစ္ခတ္သံံေတြကို ၾကားရၿပီး အခုလိုမ်ိဳး ေက်းရြာအတြင္းကို က်ေရာက္ေပါက္ကြဲခဲ့တာျဖစ္တယ္လို႔ ရြာသားေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ဒါနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးဆီကို ဖုန္းဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

“မေန႔႔ကေတာ့ အဲ့ဒီဘက္မွာ တုိက္ပြဲျဖစ္တာမရွိဘူး။ တိုက္ပြဲက မနက္ပိုင္းမွာေတာ့ အုတ္ေတာင္ရြာဘက္မွာ ျဖစ္ခဲ့တယ္။ လက္နက္ႀကီးက်ည္က သူ႔ရဲ႕ေနအိမ္ဝင္းထဲမွာက်ေပါက္လို႔ ဒဏ္ရာရရွိတယ္လို႔ သတင္းပို႔ခ်က္အရ သိရတယ္။”လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊက ေျပာပါတယ္။

မေန႔က ေအာက္တုိဘာ ၂၀ ရက္ေန႔ မနက္ပိုင္းမွာေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္ အေရွ႕ေျမာက္ဘက္ အုတ္ေတာင္ေက်းရြာအနီးမွာ ျမန္မာ့တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား တိုက္ပြဲႏွစ္ႀကိမ္ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

#voiceofmyanmar#ဘူးသီးေတာင္#ေက်းရြာအတြင္းလက္နက္ႀကီးက်#အမ်ိဳးသမီးတစ္ဦးဒဏ္ရာရ

Unicode

ဘူးသီးတောင်မှာ ကျေးရွာအတွင်း လက်နက်ကြီးကျ အမျိုးသမီးတစ်ဦးဒဏ်ရာရ

ဘူးသီးတောင်၊ အောက်တိုဘာ ၂၁-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ အောက်တိုဘာ ၂၀ ရက်နေ့ ည ၇ နာရီကျော်ခန့်အချိန်က ထိပ်ထူးပေါက် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ပေါကက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နွားတစ်ကောင်နဲ့ ခွေးတစ်ကောင်လည်း သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ ညနေပိုင်းအချိန်မှာ ကျောက်ရံကျေးရွာအုပ်စုအတွင်းရှိ ထိပ်ထူးပေါက်ကျေးရွာက ဦးဆီရာဇူးရဲ့နေအိမ်ခြံဝင်းအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဦးဆီရာဇူးရဲ့ ဇနီးသည် ဒေါ်အာယေရှား ၄၅ နှစ်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

“ မနေ့က ညနေပိုင်းမှာ လက်နက်ကြီးကျည်က ရွာထဲကိုကျတာပါ။ အမျိုးသမီးတစ်ဦးဒဏ်ရာရတယ်။ ခွေးတစ်ကောင်နဲ့ နွားတစ်ကောင်သေတယ်။ ခြေထောက်တစ်ဖက် ဒဏ်ရာပြင်းတယ်။ ထိတာက တော်တော်များများထိသွားတယ်။ သူ့ကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ပေးထားပါတယ် ”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

မနေ့ကညနေပိုင်းမှာ အဲ့ဒီထိပ်ထူးပေါက်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တာမရှိပေမယ့် လက်နက်ကြီးပစ်ခတ်သံံတွေကို ကြားရပြီး အခုလိုမျိုး ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရွာသားတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးဆီကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

“မနေ့ကတော့ အဲ့ဒီဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်ပွဲက မနက်ပိုင်းမှာတော့ အုတ်တောင်ရွာဘက်မှာ ဖြစ်ခဲ့တယ်။ လက်နက်ကြီးကျည်က သူ့ရဲ့နေအိမ်ဝင်းထဲမှာကျပေါက်လို့ ဒဏ်ရာရရှိတယ်လို့ သတင်းပို့ချက်အရ သိရတယ်။”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

မနေ့က အောက်တိုဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာတော့ ဘူးသီးတောင်မြို့နယ် အရှေ့မြောက်ဘက် အုတ်တောင်ကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

#voiceofmyanmar#ဘူးသီးတောင်#ကျေးရွာအတွင်းလက်နက်ကြီးကျ#အမျိုးသမီးတစ်ဦးဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW