အင္းဝတံတားေပၚကေန  အမ်ိဳးသားတစ္ဦးဧရာ၀တီျမစ္အတြင္းခုန္ခ်ျပန္

စစ္ကိုင္း၊ေအာက္တုိဘာ၂၁-၂၀၁၉

ေမာင္တာရာ(VOM)

 

 

 

အင္းဝတံတား(စစ္ကုိင္း)ေပၚကေနအမ်ိဳးသားတစ္ဦးဧရာ၀တီၿမစ္အတြင္းခုန္ခ်မႈေအာက္တုိဘာ၂၁  ရက္ေန႕၊ေန႔လယ္၁  နာရီခြဲအခ်ိန္ခန္႕က   ၿဖစ္ပြားခဲ့တယ္လုိ႔အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကုိင္း)ကသိရပါတယ္။

 

 

အင္းဝတံတား(စစ္ကုိင္း)ေပၚကေနဧရာ၀တီၿမစ္အတြင္းခုန္ခ်သြားသူက  မႏၲေလး၊ခ်မ္းျမသာစည္ၿမိဳ့နယ္၊တမၼ၀တီရပ္ေနကိုမင္းသိန္းထြန္းအသက္(၃၅)ႏွစ္အရြယ္ဆုိသူၿဖစ္ၿပီးအင္း၀တံတားမႏၲေလးဘက္ျခမ္းတံတားႏွစ္ကုန္း‌ေၿမာက္ေနရာမွာဆိုင္ကယ္အားရပ္ထားခဲ့ၿပီဧရာ၀တီျမစ္အတြင္းခုန္ခ်ခဲ့‌ၿခင္းၿဖစ္ပါတယ္။

 

 

”ကြ်န္ေတာ္တုိ႕ကုိ  ေန႔လယ္၁နာရီခြဲေလာက္ကတံတားေပၚမွဆုိင္ကယ္နဲ႕ဖိနပ္နဲ႕ေတြ႔တယ္လုိ႔တံတားကတာဝန္က်ရဲေတြကလွမ္းအေႀကာင္းႀကားလုိ႔သြားႀကည့္တယ္။ဆုိင္ကယ္နဲ႕ဖိနပ္ေတြ႔တယ္။ခုန္ခ်သြားတယ္လုိ႕ေတာ့တစ္ေယာက္မွမ်က္ၿမင္မေတြ႔ရဘူး၊ဆုိင္ကာယ္ေပၚကပုိက္ဆံအိတ္ထဲမွာနာမည္ေတြလုိ႔သူအိမ္ကုိ လွမ္းအေႀကာင္းႀကားထားပါတယ္။ သူ႕ပုိင္ရွင္ေတြနဲကေတာ့အဆက္အသြယ္ရပါတယ္။အခုကြ်န္ေတာ္တုိ႔အဖြဲ႕ေရၿပင္ရွာေဖြေရးလုပ္ေဆာင္ေနပါတယ္”  လိုု႕  အေရးေပၚကယ္ဆယ္ေရးအဖြဲ႔(စစ္ကုိင္း)မွအတြင္းေရးမွဴးကုိစုိးမင္းဦးကေျပာပါတယ္။

 

 

ၿပီးခဲ့တဲ ႕ စက္တင္ဘာလ ၂၉ ရက္ေန႔ က မင္းလမ္းရပ္မွာေနတဲ႕ ဦးနုိင္ေအာင္ရင္  ၅၂ နွစ္ က အင္းဝ(စစ္ကုိင္း) တံတား   စစ္ကုိင္းဘက္ျခမ္းက ခုန္ခ်ခဲ႕ကာ ၊ ေနာက္ရက္ စက္တင္ဘာ ၃၀ မွာ ၁၅ႏွစ္အရြယ္ သီလရွင္တပါးဟာ ရတနာပံုုတပါးေပၚက ခုုန္ခ်ခဲ႕ေပမယ့္ အခ်ိန္မွီကယ္တင္နုုိင္ခဲ႕ပါတယ္။

 

 

ၾသဂုတ္ လ ၂၉ ရက္ေန႕ က မုိးကုတ္ျမိဳ႕ က်ပ္ျပင္ရပ္မွာေနတဲ႕ မစႏၵီႏြယ္ႏြယ္ထြန္း (၂၂)နွစ္ က အင္းဝ (စစ္ကုိင္း) တံတား ၃ ဂုံးေျမာက္ က ခုန္ခ်ခဲ႕ျပီး ယေန႕အခ်ိန္ထိ ရွာေဖြ ေတြ႔ရွိျခင္းမရွိေသးပါဘူး၊ ဇန္နဝါရီ ၂၇ ရက္ကလည္း မ်က္ေစ႕ေဝဒနာသည္သမီးေလးရဲ႕ ေရာဂါေၾကာင့္ သားအဖ၂ေယာက္ ကုုန္းနံပါတ္၄ကေန ခုုန္ခ်ေသဆံုုးခဲ႕ပါေသးတယ္။

 

၂၀၁၉ခုႏွစ္အတြင္းအင္းဝတံတား(စစ္ကုိင္း)ေပၚမွဧရာဝတီၿမစ္အတြင္းခုန္ခ်ေသဆုံးမႈဒီအႀကိမ္နဲ႕ဆိုု ၅  ၾကိမ္ရွိျပီး  ဧရာဝတီတံတားရတနာပုံတံတားသစ္ေပၚကေန ဧရာဝတီၿမစ္အတြင္းခုန္ခ်မႈႏွစ္ ႀကိမ္ျဖစ္ပြားခဲ့ျပီး သီလရွင္ဆရာေလးတပါးပဲ အသက္ရွင္လွ်က္ကယ္တင္ရခဲ႕ဘူးပါတယ္။

 

#voiceofmyanmar #စစ္ကိုုင္း #အင္းဝ #တံတားေပၚကခုုန္ခ်

 

Unicode

အင်းဝတံတားပေါ်ကနေ အမျိုးသားတစ်ဦး ဧရာဝတီ မြစ်အတွင်းခုန်ချပြန်

စစ်ကိုင်း၊ အောက်တိုဘာ ၂၁-၂၀၁၉
မောင်တာရာ (VOM)

 

အင်းဝတံတား (စစ်ကိုင်း)ပေါ်ကနေ အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှု အောက်တိုဘာ ၂၁ ရက်နေ့ ၊နေ့လယ် ၁ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)က သိရပါတယ်။

အင်းဝတံတား (စစ်ကိုင်း)ပေါ်ကနေ ဧရာဝတီမြစ်အတွင်း ခုန်ချသွားသူက မန္တလေး၊ချမ်းမြသာစည်မြို့နယ်၊တမ္မဝတီရပ်နေ ကိုမင်းသိန်းထွန်း အသက် (၃၅)နှစ်အရွယ် ဆိုသူဖြစ်ပြီး အင်း၀ တံတား မန္တလေးဘက် ခြမ်း တံတားနှစ်ကုန်းမြောက်နေရာမှာ ဆိုင်ကယ်အားရပ်ထားခဲ့ပြီ ဧရာဝတီ မြစ်အတွင်းခုန်ချခဲ့ခြင်း ဖြစ်ပါတယ်။

”ကျွန်တော်တို့ကို နေ့လယ် ၁ နာရီခွဲလောက်က တံတားပေါ်မှ ဆိုင်ကယ်နဲ့ ဖိနပ်နဲ့တွေ့တယ်လို့ တံတားက တာဝန်ကျရဲတွေက လှမ်းအကြောင်းကြားလို့ သွားကြည့်တယ်။ ဆိုင်ကယ်နဲ့ ဖိနပ်တွေ့တယ်။ခုန်ချသွားတယ်လို့တော့ တစ်ယောက်မှ မျက်မြင်မတွေ့ရဘူး၊ဆိုင်ကာယ်ပေါ်က ပိုက်ဆံအိတ်ထဲမှာ နာမည်တွေလို့ သူအိမ်ကို လှမ်းအကြောင်းကြားထားပါတယ်။ သူ့ပိုင်ရှင်တွေနဲကတော့ အဆက်အသွယ်ရပါတယ်။ အခုကျွန်တော်တို့ အဖွဲ့ ရေပြင်ရှာဖွေရေး လုပ်ဆောင်နေပါတယ် ” လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ အတွင်းရေးမှူး ကိုစိုးမင်းဦးကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ က မင်းလမ်းရပ်မှာနေတဲ့ ဦးနိုင်အောင်ရင် ၅၂ နှစ် က အင်းဝ(စစ်ကိုင်း) တံတား စစ်ကိုင်းဘက်ခြမ်းက ခုန်ချခဲ့ကာ ၊ နောက်ရက် စက်တင်ဘာ ၃၀ မှာ ၁၅နှစ်အရွယ် သီလရှင်တပါးဟာ ရတနာပုံတပါးပေါ်က ခုန်ချခဲ့ပေမယ့် အချိန်မှီကယ်တင်နိုင်ခဲ့ပါတယ်။

သြဂုတ် လ ၂၉ ရက်နေ့ က မိုးကုတ်မြို့ ကျပ်ပြင်ရပ်မှာနေတဲ့ မစန္ဒီနွယ်နွယ်ထွန်း (၂၂)နှစ် က အင်းဝ (စစ်ကိုင်း) တံတား ၃ ဂုံးမြောက် က ခုန်ချခဲ့ပြီး ယနေ့အချိန်ထိ ရှာဖွေ တွေ့ရှိခြင်းမရှိသေးပါဘူး၊ ဇန်နဝါရီ ၂၇ ရက်ကလည်း မျက်စေ့ဝေဒနာသည်သမီးလေးရဲ့ ရောဂါကြောင့် သားအဖ၂ယောက် ကုန်းနံပါတ်၄ကနေ ခုန်ချသေဆုံးခဲ့ပါသေးတယ်။

၂၀၁၉ ခုနှစ်အတွင်း အင်းဝတံတား (စစ်ကိုင်း)ပေါ် မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု ဒီအကြိမ်နဲ့ဆို ၅ ကြိမ်ရှိပြီး ဧရာဝတီတံတား ရတနာပုံတံတားသစ်ပေါ် ကနေ ဧရာဝတီမြစ်အတွင်း ခုန်ချမှု နှစ် ကြိမ် ဖြစ်ပွားခဲ့ပြီး သီလရှင်ဆရာလေးတပါးပဲ အသက်ရှင်လျှက်ကယ်တင်ရခဲ့ဘူးပါတယ်။

#voiceofmyanmar #စစ်ကိုင်း #အင်းဝ #တံတားပေါ်ကခုန်ချ

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW