ထုိင္းဘုရင္ရဲ႕ ၾကင္ယာေတာ္ ရာထူးအေဆာင္အေယာင္ေတြ ဖယ္ရွားခံရ

ဗန္ေကာက္၊ ေအာက္တုိဘာ ၂၂-၂၀၁၉
မ်ိဳးဆက္ (VOM)

ထုိင္းဘုရင္ မဟာဝိဇယေလာင္ကြန္းရဲ႕ ေတာ္ဝင္ၾကင္ယာေတာ္ဆင္းနီနတ္ဝမ္ဗဂ်ီရာပက္ဟာ ဘုရင္ကုိမေလးမစား လြဲမွားတဲ႔ အျပဳအမူေတြေၾကာင္႔ ၾကင္ယာေတာ္အဆင့္အတန္းနဲ႔ အေဆာင္အေယာင္ေတြ ကုိ ဖယ္ရွားခံလိုက္ရပါတယ္။

ၾကင္ယာေတာ္ဆင္းနီနတ္ဟာ ရည္ရြယ္ခ်က္ၾကီးမားလြန္းျပီး သူမကုိယ္သူမ ဘုရင္မအျဖစ္ အေနအထားမ်ိဳးရေအာင္ ၾကိဳးပမ္းခဲ့တယ္လို႔ ထိုင္းဘုရင္နန္းေတာ္ရဲ႕ ေအာက္တိုဘာ ၂၁ ရက္မွာ ထုတ္ျပန္တဲ႔ ေတာ္၀င္ျပန္တမ္းမွာ ဆိုပါတယ္။

ေတာ္ဝင္ၾကင္ယာေတာ္တစ္ဦးရဲ႕ ျပဳမူပံုေတြဟာ ရုိေသေလးစားမႈမရွိဘူးလို႔ မွတ္ယူႏုိင္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ထုိင္းဘုရင္မင္းျမတ္ဟာ စတုတၳေျမာက္ဇနီး ဘုရင္မဆုသီဒါကုိ ထိမ္းျမားလက္ထပ္ခဲ့ျပီးေနာက္ ႏွစ္လမွ်အၾကာ၊ ဇူလုိင္လအတြင္း ဆင္းနီနက္ကို ၾကင္ယာေတာ္အျဖစ္ ခန္႔အပ္ခဲ့တာျဖစ္ပါတယ္။

ဗုိလ္ခ်ဳပ္တစ္ဦးျဖစ္တဲ႔ ဆင္းနီနတ္ဟာ ေလ့က်င့္ေရး ေလယာဥ္မွဴးတစ္ဦးျဖစ္ျပီး သူနာျပဳလည္း ျဖစ္သလုိ သက္ေတာ္ေစာင့္လည္းျဖစ္ကာ ရာစုႏွစ္တစ္ခုနီးပါးကာလအတြင္း ေတာ္ဝင္ၾကင္ယာေတာ္ဆု ကုိ ပထမဆံုးေပးအပ္ခံရသူတစ္ဦးျဖစ္ပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #ထုိင္းဘုရင္ရဲ႕ၾကင္ယာေတာ္ #ရာထူးအေဆာင္အေယာင္ေတြဖယ္ရွားခံရ

Unicode

ထိုင်းဘုရင်ရဲ့ ကြင်ယာတော် ရာထူးအဆောင်အယောင်တွေ ဖယ်ရှားခံရ

ဗန်ကောက်၊ အောက်တိုဘာ ၂၂-၂၀၁၉
မျိုးဆက် (VOM)

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ တော်ဝင်ကြင်ယာတော်ဆင်းနီနတ်ဝမ်ဗဂျီရာပက်ဟာ ဘုရင်ကိုမလေးမစား လွဲမှားတဲ့ အပြုအမူတွေကြောင့် ကြင်ယာတော်အဆင့်အတန်းနဲ့ အဆောင်အယောင်တွေ ကို ဖယ်ရှားခံလိုက်ရပါတယ်။

ကြင်ယာတော်ဆင်းနီနတ်ဟာ ရည်ရွယ်ချက်ကြီးမားလွန်းပြီး သူမကိုယ်သူမ ဘုရင်မအဖြစ် အနေအထားမျိုးရအောင် ကြိုးပမ်းခဲ့တယ်လို့ ထိုင်းဘုရင်နန်းတော်ရဲ့ အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ တော်ဝင်ပြန်တမ်းမှာ ဆိုပါတယ်။

တော်ဝင်ကြင်ယာတော်တစ်ဦးရဲ့ ပြုမူပုံတွေဟာ ရိုသေလေးစားမှုမရှိဘူးလို့ မှတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းဘုရင်မင်းမြတ်ဟာ စတုတ္ထမြောက်ဇနီး ဘုရင်မဆုသီဒါကို ထိမ်းမြားလက်ထပ်ခဲ့ပြီးနောက် နှစ်လမျှအကြာ၊ ဇူလိုင်လအတွင်း ဆင်းနီနက်ကို ကြင်ယာတော်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဆင်းနီနတ်ဟာ လေ့ကျင့်ရေး လေယာဉ်မှူးတစ်ဦးဖြစ်ပြီး သူနာပြုလည်း ဖြစ်သလို သက်တော်စောင့်လည်းဖြစ်ကာ ရာစုနှစ်တစ်ခုနီးပါးကာလအတွင်း တော်ဝင်ကြင်ယာတော်ဆု ကို ပထမဆုံးပေးအပ်ခံရသူတစ်ဦးဖြစ်ပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #ထိုင်းဘုရင်ရဲ့ကြင်ယာတော် #ရာထူးအဆောင်အယောင်တွေဖယ်ရှားခံရ

Related posts

Leave a Comment

VOM News

FREE
VIEW