ကုလသမဂၢလံုျခံဳေရးေကာင္စီဟာ အေမရိကန္ရဲ႕ ရုပ္ေသးရုပ္လို႔ ေျမာက္ကိုရီးယားေဝဖန္

ျပံဳးယမ္း၊ ေအာက္တိုဘာ-၂၅-၂၀၁၉
မ်ိဳးဆက္ (VOM)

ကုလသမဂၢလံုျခံဳေရးေကာင္စီဟာ အေမရိကန္ရဲ႕ ရုပ္ေသးရုပ္သာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားက ျပစ္တင္ရႈတ္ခ်လိုက္ေၾကာင္း ေျမာက္ကိုရီးယားနုိင္ငံပိုင္ သတင္းဌာနက ေအာက္တိုဘာ ၂၄ ရက္မွာ ေဖာ္ျပပါတယ္။

ကုလသမဂၢလံုျခံဳေရးေကာင္စီဟာသူ႔ရဲ႕ တာဝန္၀တၱရားေတြကို အျပည္႔အဝေဆာင္ရြက္နုိင္စြမ္းမရိွဘူးလို႔ ေျမာက္ကိုရီးယားအစိုးရအဖြဲ႔နဲ႔ ျပည္သူ႔လႊတ္ေတာ္ရဲ႕ တရားဝင္သတင္းစာျဖစ္တဲ႔ မင္ဂ်ဴခ်ိဳဆန္က ေဖာ္ျပထားပါတယ္။

လံုျခံဳေရးေကာင္စီဟာ သူ႔ရဲ႕ အခန္းက႑ကို ေကာင္းေကာင္းမြန္မြန္ မလုပ္ေဆာင္နိုင္ေတာ႔ပဲ အေမရိကန္ရဲ႕ ရုပ္ေသးရုပ္အျဖစ္သာ လုပ္ေနရတယ္လို႕ ေဖာ္ျပထားပါတယ္။

ဗင္နီဇြဲလားအေရးနဲ႔ ပတ္သက္ျပီး လံုျခံဳေရးေကာင္စီမွာ နိုင္ငံတကာ၏ဆံုးျဖတ္ခ်က္ေတြ ကို ၾသဇာလႊမ္းမိုးဖို႔အတြက္ အေမရိကန္ဟာ ေနာက္ကြယ္ကေန အျပင္းအထန္လုပ္ေဆာင္ခဲ႔တယ္လို႔ ဇန္န၀ါရီလအတြင္း အေမရိကန္က အစျပဳခဲ႔တဲ႔ ကုလသမဂၢလံုျခံဳေရးေကာင္စီအစည္းအေ၀းျပဳလုပ္ခဲ႔တာကို ကိုးကားျပီး မင္ဂ်ဴခ်ိဳဆန္ သတင္းဌာနက ေဖာ္ျပထားပါတယ္။

လံုျခံဳေရးေကာင္စီဟာ အေမရိကန္လႊမ္းမိုးထားျပီး နႈတ္တိုက္ခ်ေပးထားတဲ႔ ဆံုးျဖတ္ခ်က္ေတြကို သာခ်မွတ္ေနေၾကာင္း ၊ ကုလသမဂၢရဲ႕ ပဋိညာဥ္မွာ သတ္မွတ္ထားတဲ႔ မူ၀ါဒါေတြနဲ႔အညိီ လုပ္ငန္းမ်ားကို ေခ်ာေခ်ာေမြ႔ေမြ႔လုပ္ေဆာင္နိုင္ျခင္းမရိွေတာ႔ဘူးလို႔ ဆိုပါတယ္။

ဒါ႔အျပင္ ကမၻာလံုးဆိုင္ရာ ဒုကၡသည္ျပသနာအပါအ၀င္ နိုင္ငံတကာျပသနာေတြ ျဖစ္ပြားရျခင္းမွာ ကုလသမဂၢရဲ႕ ္ ဆံုးျဖတ္ခ်က္ေတြ ကိုအလ်င္အျမန္ခ်မွတ္ျခင္းရဲ႕ ရလဒ္ေၾကာင္႔လို႔ ေဖာ္ျပထားပါတယ္။ ဒါေပမဲ႔ ေျမာက္ကိုရီးယားအေပၚ အေရးယူပိတ္ဆို႔မႈခ်မွတ္ထားတာနဲ႔ ပတ္သက္ျပီး ကုလသမဂၢကို ျပစ္တင္ရႈတ္ခ် ေျပာဆိုထားတာမ်ိဳးေတာ႔မရိွပါဘူး။

Ref & Photo: UPI
#voiceofmyanmar #ကုလသမဂၢလံုျခံဳေရးေကာင္စီ #ေျမာက္ကိုရီးယားေဝဖန္

Unicode

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အမေရိကန်ရဲ့ ရုပ်သေးရုပ်လို့ မြောက်ကိုရီးယားဝေဖန်

ပြုံးယမ်း၊ အောက်တိုဘာ-၂၅-၂၀၁၉
မျိုးဆက် (VOM)

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အမေရိကန်ရဲ့ ရုပ်သေးရုပ်သာဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချလိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အောက်တိုဘာ ၂၄ ရက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာသူ့ရဲ့ တာဝန်ဝတ္တရားတွေကို အပြည့်အဝဆောင်ရွက်နိုင်စွမ်းမရှိဘူးလို့ မြောက်ကိုရီးယားအစိုးရအဖွဲ့နဲ့ ပြည်သူ့လွှတ်တော်ရဲ့ တရားဝင်သတင်းစာဖြစ်တဲ့ မင်ဂျူချိုဆန်က ဖော်ပြထားပါတယ်။

လုံခြုံရေးကောင်စီဟာ သူ့ရဲ့ အခန်းကဏ္ဍကို ကောင်းကောင်းမွန်မွန် မလုပ်ဆောင်နိုင်တော့ပဲ အမေရိကန်ရဲ့ ရုပ်သေးရုပ်အဖြစ်သာ လုပ်နေရတယ်လို့ ဖော်ပြထားပါတယ်။

ဗင်နီဇွဲလားအရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ နိုင်ငံတကာ၏ဆုံးဖြတ်ချက်တွေ ကို သြဇာလွှမ်းမိုးဖို့အတွက် အမေရိကန်ဟာ နောက်ကွယ်ကနေ အပြင်းအထန်လုပ်ဆောင်ခဲ့တယ်လို့ ဇန်နဝါရီလအတွင်း အမေရိကန်က အစပြုခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးပြုလုပ်ခဲ့တာကို ကိုးကားပြီး မင်ဂျူချိုဆန် သတင်းဌာနက ဖော်ပြထားပါတယ်။

လုံခြုံရေးကောင်စီဟာ အမေရိကန်လွှမ်းမိုးထားပြီး နှုတ်တိုက်ချပေးထားတဲ့ ဆုံးဖြတ်ချက်တွေကို သာချမှတ်နေကြောင်း ၊ ကုလသမဂ္ဂရဲ့ ပဋိညာဉ်မှာ သတ်မှတ်ထားတဲ့ မူဝါဒါတွေနဲ့အညီ လုပ်ငန်းများကို ချောချောမွေ့မွေ့လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်ပြသနာအပါအဝင် နိုင်ငံတကာပြသနာတွေ ဖြစ်ပွားရခြင်းမှာ ကုလသမဂ္ဂရဲ့ ် ဆုံးဖြတ်ချက်တွေ ကိုအလျင်အမြန်ချမှတ်ခြင်းရဲ့ ရလဒ်ကြောင့်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုချမှတ်ထားတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကို ပြစ်တင်ရှုတ်ချ ပြောဆိုထားတာမျိုးတော့မရှိပါဘူး။

Ref & Photo: UPI
#voiceofmyanmar #ကုလသမဂ္ဂလုံခြုံရေးကောင်စီ #မြောက်ကိုရီးယားဝေဖန်

Related posts

Leave a Comment

VOM News

FREE
VIEW