မႏၱေလးၿမိဳ႕မွာ အသက္(၈)ႏွစ္အရြယ္ ဒုတိယတန္းေက်ာင္းသူ အဓမၼျပဳက်င့္ခံရ

မႏၲေလး၊ေအာက္တိုဘာ ၂၅-၂၀၁၉
ဟိန္းကို(VOM)

မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေညာင္ကြဲရပ္ကြက္မွာ ေအာက္တိုဘာ ၂၄ရက္ေန႔ ညပိုင္းက အသက္(၈)ႏွစ္အ႐ြယ္ ဒုတိယတန္းေက်ာင္းသူကို အသက္(၁၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက အလိုမတူပဲအဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့တယ္လို႔ နယ္ေျမခံအမွတ္(၄)ရဲစခန္းက VOMသတင္းဌာနကို အတည္ျပဳေျပာၾကားခဲ့ပါတယ္။

အသက္(၈)ႏွစ္အ႐ြယ္ ဒုတိယတန္းေက်ာင္းသူမွာ အေဒၚျဖစ္သူနဲ႔ေနထိုင္ၿပီး ေနအိမ္ေဘး ဖြင့္ထားတဲ့ လက္ဖက္ရည္ဆိုင္မွာ တီဗီၾကည့္မယ္လို႔ ေျပာၿပီး ေနအိမ္အျပင္ကို ထြက္သြားခဲ့တာျဖစ္ပါတယ္။

ထြက္သြားၿပီး ညပိုင္း၇နာရီခြဲေလာက္မွာ ေနအိမ္ကို တူမျဖစ္သူက ငိုယိုကာ ျပန္လာတဲ့အတြက္ အေဒၚျဖစ္သူကေမးျမန္းၾကည့္ရာ အိမ္ခ်င္းကပ္လွ်က္ေနေသာ ႏိုင္းကိုကိုဦး ဆိုသူက ရပ္ကြက္အတြင္းရွိ ခ်ဳံပုတ္ထဲေပြ႕ခ်ီ ေခၚေဆာင္ၿပီး ‘ေအာ္ဟစ္လွ်င္သတ္ပစ္မယ္’ဟုေျပာဆိုကာ သားမယား(၁)ႀကိမ္ျပဳက်င့္ခဲ့တယ္လို႔ အေဒၚျဖစ္သူကို ‌ေျပာခဲ့တယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားတာျဖစ္ပါတယ္။

” အမႈျဖစ္တာ ဟုတ္ပါတယ္၊ သူရဲ႕ အေဒၚကိုယ္တိုင္ လာတိုင္တာပါ၊ ကြၽန္ေတာ္တို႔ကေတာ့ ဥပေဒအတိုင္းသြားရမွာပါ၊ က်ဴးလြန္သူက အသက္၁၅ႏွစ္လို႔ေျပာေပမယ့္လည္း အသက္ငယ္ခ်င္း မငယ္ခ်င္းဆိုတာ အေထာက္အထားေတြကို သိမ္းရအုံးမွာပါ၊အသက္အေထာက္အထားအရ ကေလးသူငယ္ျဖစ္ခဲ့မယ္ဆိုရင္ ကေလးသူငယ္တရား႐ုံးမွာ ထိန္းသိမ္းခြင့္ေတာင္းၿပီး တရားစြဲဆိုခြင့္လုပ္ရမွာပါ”လို႔ အမွတ္(၄)ရဲစခန္းက တာ၀န္ရွိသူတစ္ဦးကေျပာပါတယ္။

အသက္မျပည့္ေသးတဲ့ တူမျဖစ္သူကို သားမယားျပဳက်င့္သူ ႏိုင္းကိုကိုဦး(ခ)ႏိုင္းႀကီ အသက္(၁၅)ႏွစ္(ဘ) ဦးေအာင္ႏိုင္ဦးကို အေဒၚျဖစ္သူက တရားလိုျပဳလုပ္ကာ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမွတ္(၄)နယ္ေျမရဲစခန္းမွာ(ပ)၄၇၂၂/၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆/၃၆၃ နဲ႔အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ မတ္လပိုင္းကလည္း အမွတ္(၄)ရဲစခန္း နယ္ေျမအတြင္းမွာ သက္ငယ္မုဒိန္းျဖစ္ပြားခဲ့ၿပီး တရားခံကို ရဲစခန္းအျပင္ထုတ္ေပးဖို႔ မေက်နပ္တဲ့ လူတစ္စုက ရဲစခန္းကို ခဲလံုးမ်ားနဲ႔ပစ္ေပါက္မွဳလည္း ျဖစ္ပြားခဲ့ဖူးပါတယ္။

#voiceofmyanmar #မႏၱေလး #အသက္(၈)ႏွစ္အရြယ္ #ဒုတိယတန္းေက်ာင္းသူ အဓမၼျပဳက်င့္ခံရ

Unicode

မန္တလေးမြို့မှာ အသက်(၈)နှစ်အရွယ် ဒုတိယတန်းကျောင်းသူ အဓမ္မပြုကျင့်ခံရ

မန္တလေး၊အောက်တိုဘာ ၂၅-၂၀၁၉
ဟိန်းကို(VOM)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်မှာ အောက်တိုဘာ ၂၄ရက်နေ့ ညပိုင်းက အသက်(၈)နှစ်အရွယ် ဒုတိယတန်းကျောင်းသူကို အသက်(၁၅)နှစ်အရွယ် အမျိုးသားတစ်ဦးက အလိုမတူပဲအဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံအမှတ်(၄)ရဲစခန်းက VOMသတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။

အသက်(၈)နှစ်အရွယ် ဒုတိယတန်းကျောင်းသူမှာ အဒေါ်ဖြစ်သူနဲ့နေထိုင်ပြီး နေအိမ်ဘေး ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်မှာ တီဗီကြည့်မယ်လို့ ပြောပြီး နေအိမ်အပြင်ကို ထွက်သွားခဲ့တာဖြစ်ပါတယ်။

ထွက်သွားပြီး ညပိုင်း၇နာရီခွဲလောက်မှာ နေအိမ်ကို တူမဖြစ်သူက ငိုယိုကာ ပြန်လာတဲ့အတွက် အဒေါ်ဖြစ်သူကမေးမြန်းကြည့်ရာ အိမ်ချင်းကပ်လျှက်နေသော နိုင်းကိုကိုဦး ဆိုသူက ရပ်ကွက်အတွင်းရှိ ချုံပုတ်ထဲပွေ့ချီ ခေါ်ဆောင်ပြီး ‘အော်ဟစ်လျှင်သတ်ပစ်မယ်’ဟုပြောဆိုကာ သားမယား(၁)ကြိမ်ပြုကျင့်ခဲ့တယ်လို့ အဒေါ်ဖြစ်သူကို ‌ပြောခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားတာဖြစ်ပါတယ်။

” အမှုဖြစ်တာ ဟုတ်ပါတယ်၊ သူရဲ့ အဒေါ်ကိုယ်တိုင် လာတိုင်တာပါ၊ ကျွန်တော်တို့ကတော့ ဥပဒေအတိုင်းသွားရမှာပါ၊ ကျူးလွန်သူက အသက်၁၅နှစ်လို့ပြောပေမယ့်လည်း အသက်ငယ်ချင်း မငယ်ချင်းဆိုတာ အထောက်အထားတွေကို သိမ်းရအုံးမှာပါ၊အသက်အထောက်အထားအရ ကလေးသူငယ်ဖြစ်ခဲ့မယ်ဆိုရင် ကလေးသူငယ်တရားရုံးမှာ ထိန်းသိမ်းခွင့်တောင်းပြီး တရားစွဲဆိုခွင့်လုပ်ရမှာပါ”လို့ အမှတ်(၄)ရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အသက်မပြည့်သေးတဲ့ တူမဖြစ်သူကို သားမယားပြုကျင့်သူ နိုင်းကိုကိုဦး(ခ)နိုင်းကြီ အသက်(၁၅)နှစ်(ဘ) ဦးအောင်နိုင်ဦးကို အဒေါ်ဖြစ်သူက တရားလိုပြုလုပ်ကာ အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)နယ်မြေရဲစခန်းမှာ(ပ)၄၇၂၂/၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၆၃ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ မတ်လပိုင်းကလည်း အမှတ်(၄)ရဲစခန်း နယ်မြေအတွင်းမှာ သက်ငယ်မုဒိန်းဖြစ်ပွားခဲ့ပြီး တရားခံကို ရဲစခန်းအပြင်ထုတ်ပေးဖို့ မကျေနပ်တဲ့ လူတစ်စုက ရဲစခန်းကို ခဲလုံးများနဲ့ပစ်ပေါက်မှုလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

#voiceofmyanmar #မန္တလေး #အသက်(၈)နှစ်အရွယ် #ဒုတိယတန်းကျောင်းသူ အဓမ္မပြုကျင့်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW