တပ္မေတာ္ပစ္ခတ္မႈေၾကာင့္ ေအေအတပ္ဖြဲ႔ဝင္ေတြနဲ႔ ဖမ္းဆီးထားသူအေတာ္မ်ားမ်ား ေသဆံုးေၾကာင္းနဲ႕ စာရင္းအတိက် မၾကာခင္ထုုတ္ျပန္မယ္လိုု႕ ေအေအဆိုု 

Zawgyi

 

ရေသ့ေတာင္၊ ေအာက္တုိဘာ ၂၇-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခုိ္င္ျပည္နယ္ ရေသ့ေတာင္ၿမိိဳ႕နယ္အတြင္းမွာ တပ္မေတာ္က ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တဲ့အတြက္ ေအေအတပ္ဖြဲဲ႔ဝင္ေတြအပါအဝင္ ဖမ္းဆီးထားသူေတြပါ ေသဆံုးသြားခဲ့တယ္လို႔ ေအေအက ဒီကေန႔ ၂၇ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

အဲဲ့ဒီပစ္ခတ္မႈဟာ မေန႔က ေအာက္တုိဘာ ၂၆ ရက္ေန႔မွာ စစ္ေတြကေန ဘူးသီးေတာင္ကိုသြားတဲ့ ခရီးသည္တင္ေရယာဥ္ ေရႊနဒီအျမန္ယာဥ္ေပၚမွာ လုိက္ပါလာခဲ့တဲ့ ရဲတပ္ဖြဲ႔ဝင္ေတြနဲ႔ တပ္မေတာ္သားေတြကို ေအေအက ဖမ္းဆီးေခၚေဆာင္သြားခဲ့တဲ့အတြက္ အခုလိုပစ္ခတ္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“မေန႔က ဗမာစစ္တပ္ရဲ႕ ရဟတ္ယာဥ္သံုးစီးေပၚကေန ပစ္ခတ္တိုက္ခိုက္မႈေတြ အတြင္းမွာ ထိန္းသိမ္းခံထားရတဲ့သူေတြထဲက ဘယ္ႏွစ္ေယာက္ ေသသြားသလဲ။ ေနာက္ၿပီးေတာ့ အခင္းျဖစ္ပြားရာေနရာကေနၿပီးေတာ့ ထြက္ေျပးလြတ္ေျမာက္သြားတာ ဘယ္ႏွစ္ေယာက္ရွိသလဲ။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ တပ္ဖြဲ႔ဝင္ေတြနဲဲ႔အတူ လြတ္ေျမာက္လာသူ ဘယ္ႏွစ္ေယာက္ ရွိသလဲဆိုတာကို ဆက္ၿပီးေတာ့ စိစစ္ေနတယ္။”လို႔ ေအေအရဲ႕ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ေျပာပါတယ္။

အဲ့ဒီစစ္ေဆးမႈေတြ ျပဳလုပ္အၿပီးမွာေတာ့ ေသဆံုးသူေတြရဲ႕စာရင္းေတြကို ထုတ္ျပန္ေပးသြားမွာျဖစ္တယ္လို႔လည္း ခိုင္သုခက ေျပာဆိုခဲ့ပါတယ္။
ဒါနဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္ကို ေမးၾကည့္ရာမွာေတာ့ တပ္မေတာ္အေနနဲ႔ အဲ့ဒီ ဖမ္းဆီးခံေနရသူေတြကို ျပန္လည္ရရွိေရးအတြက္ ကယ္ဆယ္ေရးလုပ္ငန္းေတြကို လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ဆိုပါတယ္။

“ကၽြန္ေတာ္တို႔ကေတာ့ ဖမ္းသြားတဲ့ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြကို ျပန္လည္ရရွိဖုိိ႔အတြက္ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ရတဲ့နည္းလမ္းနဲဲ႔ လုပ္ေနမွာပဲ။”လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တုိင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

အဲ့ဒီ ဖမ္းဆီးထားသူေတြကို ေနရာေျပာင္းေရႊ႕ဖုိ႔ျပင္ဆင္ေနစဥ္ တပ္မေတာ္ဘက္က ရဟတ္ယာဥ္ေတြနဲ႔ လာေရာက္ပစ္ခတ္ခဲ့တဲ့အတြက္ စက္ေလွေတြနဲ႔ျမဳပ္ခဲ့ရၿပီး ေအအတပ္ဖြဲ႔ဝင္ေတြနဲ႔အတူ ဖမ္းဆီးခံရသူတခ်ိဳ႕ေသဆံုးခဲ့ရသလို ထြက္ေျပးလြတ္ေျမာက္ခဲ့သူေတြလည္း ရွိခဲ့ေၾကာင္း ေအေအဘက္က ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

#voiceofmyanmar #ေအေအ #ခိုုင္သုုခ #တပ္မေတာ္ပစ္ခတ္

 

တပ်မတော်ပစ်ခတ်မှုကြောင့် အေအေတပ်ဖွဲ့ဝင်တွေနဲ့ ဖမ်းဆီးထားသူအတော်များများ သေဆုံးကြောင်းနဲ့ စာရင်းအတိကျ မကြာခင်ထုတ်ပြန်မယ်လို့ အေအေဆို

 

ရသေ့တောင်၊ အောက်တိုဘာ ၂၇-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှာ တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အေအေတပ်ဖွဲ့ဝင်တွေအပါအဝင် ဖမ်းဆီးထားသူတွေပါ သေဆုံးသွားခဲ့တယ်လို့ အေအေက ဒီကနေ့ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲ့ဒီပစ်ခတ်မှုဟာ မနေ့က အောက်တိုဘာ ၂၆ ရက်နေ့မှာ စစ်တွေကနေ ဘူးသီးတောင်ကိုသွားတဲ့ ခရီးသည်တင်ရေယာဉ် ရွှေနဒီအမြန်ယာဉ်ပေါ်မှာ လိုက်ပါလာခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေကို အေအေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အတွက် အခုလိုပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“မနေ့က ဗမာစစ်တပ်ရဲ့ ရဟတ်ယာဉ်သုံးစီးပေါ်ကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ အတွင်းမှာ ထိန်းသိမ်းခံထားရတဲ့သူတွေထဲက ဘယ်နှစ်ယောက် သေသွားသလဲ။ နောက်ပြီးတော့ အခင်းဖြစ်ပွားရာနေရာကနေပြီးတော့ ထွက်ပြေးလွတ်မြောက်သွားတာ ဘယ်နှစ်ယောက်ရှိသလဲ။ ပြီးတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေနဲ့အတူ လွတ်မြောက်လာသူ ဘယ်နှစ်ယောက် ရှိသလဲဆိုတာကို ဆက်ပြီးတော့ စိစစ်နေတယ်။”လို့ အေအေရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

အဲ့ဒီစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာတော့ သေဆုံးသူတွေရဲ့စာရင်းတွေကို ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့လည်း ခိုင်သုခက ပြောဆိုခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို မေးကြည့်ရာမှာတော့ တပ်မတော်အနေနဲ့ အဲ့ဒီ ဖမ်းဆီးခံနေရသူတွေကို ပြန်လည်ရရှိရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ကတော့ ဖမ်းသွားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ရရှိဖို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရတဲ့နည်းလမ်းနဲ့ လုပ်နေမှာပဲ။”လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးထားသူတွေကို နေရာပြောင်းရွှေ့ဖို့ပြင်ဆင်နေစဉ် တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် စက်လှေတွေနဲ့မြုပ်ခဲ့ရပြီး အေအတပ်ဖွဲ့ဝင်တွေနဲ့အတူ ဖမ်းဆီးခံရသူတချို့သေဆုံးခဲ့ရသလို ထွက်ပြေးလွတ်မြောက်ခဲ့သူတွေလည်း ရှိခဲ့ကြောင်း အေအေဘက်က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

#voiceofmyanmar #အေအေ #ခိုင်သုခ #တပ်မတော်ပစ်ခတ်

Related posts

Leave a Comment

VOM News

FREE
VIEW