ထရန္႔နဲ႔ ကင္ဂ်ံဳအန္တို႔ရဲ႕ ပုဂၢိဳလ္ေရးရင္းနွီးမႈကို အျမတ္မထုတ္ဖို႔ ေျမာက္ကိုရီးယား သတိေပး

ZawGyi

ျပံဳးယမ္း ၊ ေအာက္တိုဘာ-၂၇-၂၀၁၉
မ်ိဳးဆက္ (VOM)

ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားအစီအစဥ္နဲ႔ ပတ္သက္ျပီး ညိွႏိႈင္းေဆြးေႏြးမႈေတြ အၾကပ္ အတည္းျဖစ္ေပၚေနစဥ္ခ်ိန္မွာ ကင္ဂ်ံဳအန္နွင္႔ ေဒၚနယ္ထရန္႔တို႔အၾကား ပုဂၢိဳလ္ေရးရင္းနွီးမႈကို အေမရိကန္က အသံုးခ်ျပီး အျမတ္မထုတ္ဖို႔ ေျမာက္ကိုရီးယားက ေအာက္တိုဘာ ၂၇ ရကမွာ သတိေပးေျပာဆိုလိုက္ပါတယ္။

ေဖေဖာ္၀ါရီလအတြင္းက ဟႏြိဳင္းမွာျပဳလုပ္တဲ႔ ထရန္႔နဲ႔ ကင္ဂ်ံဳအန္တို႔ရ႕ဲ ထိပ္သီးေဆြးေႏြးပြဲ သေဘာတူညီခ်က္မရရိွပဲ ျပီးဆံုးသြားျပီးကတည္းက ေျမာက္ကိုရီးယားနဲ႔ အေမရိကန္တို႔အၾကား ေဆြးေႏြးပြဲေတြ ရပ္တန္႔ေနခဲ႔တာျဖစ္ပါတယ္။

အဲဒီေဆြးေႏြးပြဲ မေအာင္ျမင္ျခင္းနဲ႔ ပတ္သက္ျပီး နွစ္ဘက္စလံုးက အျပန္အလွန္ျပစ္တင္ထားၾကပါတယ္။ ယခုနွစ္ကုန္ပိုင္းမွာ ေဆြးေႏြးမႈပံုစံသစ္မ်ိဳးနဲ႔ ခ်ဥ္းကပ္လုပ္ေဆာင္ဖို႔ ေျမာက္ကိုရီးယားက အေမရိကန္ကို ေတာင္းဆိုထားပါတယ္။

သံတမန္ေရးရာ ဆက္ဆံေရးဆက္လက္လုပ္ေဆာင္နုိင္ဖို႔အတြက္ ထရန္႔နဲ႔ ကင္ဂ်ံဳအန္တို႔ရဲ႕ နီးကပ္တဲ႔ ဆက္ဆံေရးကို အသိအမွတ္ျပဳေပမယ္႔လည္း အဲဒါဟာ ျပသနာေျဖရွင္းဖို႔ အတြက္ မလံုေလာက္ဘူးလို႔ ဟႏြိဳင္းေဆြးေႏြးပြဲ ျပီးဆံုးခ်ိန္ထိ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီး မိုက္ပြန္ပီယိုနဲ႔ အတူတာ၀န္ယူခဲ႔တဲ႔ ေျမာက္ကိုရီးယားနုိင္ငံျခားေရး၀န္ၾကီး ကင္ယံုေခ်ာက သတိေပးေျပာဆိုပါတယ္။

အရာရာတိုင္းမွာ ကန္႔သတ္ခ်က္ရိွေၾကာင္း၊ အေမရိကန္-ေျမာက္ကိုရီးယား ဆက္ဆံေရးဆိုးရြားလာတာကို တားဆိီးဖို႔အတြက္ မိမိတို႔မွာ ဘယ္လို အာမခံခ်က္မွမရိွေၾကာင္း လက္ရိွမွာ ကိုရီးယားအာရွပစိတ္ ျငိမ္းခ်မ္းေရးေကာ္မတီ ဥကၠဌအျဖစ္ေဆာင္ရြက္ေနတဲ႔ ကင္ယံုေခ်ာက နုိင္ငံပိုင္ သတင္းဌာန ေကစီအင္န္ေအမွတစ္ဆင္႔ ထုတ္ျပန္တဲ႔ ေၾကညာခ်က္မွာ သတိေပးေျပာဆိုပါတယ္။

Ref : CNA
Photo : AFP
#voiceofmyanmar #အေမရိကန္ #ေျမာက္ကိုုရီးယား #ထရန္႕ #ကင္ဂ်ံဳအန္

Unicode

ထရန့်နဲ့ ကင်ဂျုံအန်တို့ရဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အမြတ်မထုတ်ဖို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း ၊ အောက်တိုဘာ-၂၇-၂၀၁၉
မျိုးဆက် (VOM)

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ အကြပ် အတည်းဖြစ်ပေါ်နေစဉ်ချိန်မှာ ကင်ဂျုံအန်နှင့် ဒေါ်နယ်ထရန့်တို့အကြား ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အမေရိကန်က အသုံးချပြီး အမြတ်မထုတ်ဖို့ မြောက်ကိုရီးယားက အောက်တိုဘာ ၂၇ ရကမှာ သတိပေးပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလအတွင်းက ဟနွိုင်းမှာပြုလုပ်တဲ့ ထရန့်နဲ့ ကင်ဂျုံအန်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်မရရှိပဲ ပြီးဆုံးသွားပြီးကတည်းက မြောက်ကိုရီးယားနဲ့ အမေရိကန်တို့အကြား ဆွေးနွေးပွဲတွေ ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲ မအောင်မြင်ခြင်းနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံးက အပြန်အလှန်ပြစ်တင်ထားကြပါတယ်။ ယခုနှစ်ကုန်ပိုင်းမှာ ဆွေးနွေးမှုပုံစံသစ်မျိုးနဲ့ ချဉ်းကပ်လုပ်ဆောင်ဖို့ မြောက်ကိုရီးယားက အမေရိကန်ကို တောင်းဆိုထားပါတယ်။

သံတမန်ရေးရာ ဆက်ဆံရေးဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ထရန့်နဲ့ ကင်ဂျုံအန်တို့ရဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို အသိအမှတ်ပြုပေမယ့်လည်း အဲဒါဟာ ပြသနာဖြေရှင်းဖို့ အတွက် မလုံလောက်ဘူးလို့ ဟနွိုင်းဆွေးနွေးပွဲ ပြီးဆုံးချိန်ထိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ အတူတာဝန်ယူခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကင်ယုံချောက သတိပေးပြောဆိုပါတယ်။

အရာရာတိုင်းမှာ ကန့်သတ်ချက်ရှိကြောင်း၊ အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးဆိုးရွားလာတာကို တားဆီးဖို့အတွက် မိမိတို့မှာ ဘယ်လို အာမခံချက်မှမရှိကြောင်း လက်ရှိမှာ ကိုရီးယားအာရှပစိတ် ငြိမ်းချမ်းရေးကော်မတီ ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ကင်ယုံချောက နိုင်ငံပိုင် သတင်းဌာန ကေစီအင်န်အေမှတစ်ဆင့် ထုတ်ပြန်တဲ့ ကြေညာချက်မှာ သတိပေးပြောဆိုပါတယ်။

Ref : CNA
Photo : AFP
#voiceofmyanmar #အမေရိကန် #မြောက်ကိုရီးယား #ထရန့် #ကင်ဂျုံအန်

Related posts

Leave a Comment

VOM News

FREE
VIEW