စစ္ကိုင္းတံတား တံတားႏွစ္စင္းကို ေဖာက္ခြဲေရးသတင္းေတြေၾကာင့္ လုံၿခဳံေရးမ်ားခ်ထား

စစ္ကိုင္း ေအာက္တိုဘာ ၂၈-၂၀၁၉
ေမာင္တာရာ (VOM)

ေဖာက္ခြဲဖက္ဆီးေရသတင္းေတြေၾကာင့္ ရတနာပုံတံတား(ဧရာဝတီ) နဲ႔ အင္းဝတံတား(စစ္ကိုင္း)တို႔မွာ လုံၿခဳံေရးခ် ေဆာင္႐ြက္ေနရတယ္လို႔ ေအာက္တိုဘာလ ၂၇ ရက္ေန႔၊နံနက္ပိုင္းက စစ္ကိုင္းခ႐ိုင္ ျပန္ၾကားေရးနဲ႔ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွာ က်င္းပတဲ့ ယာဥ္စည္းကမ္း၊လမ္းစည္းကမ္း ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ေရး ျပည္သူ႔စကားဝိုင္းမွာ စစ္ကိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးက တာဝန္ရိိွသူက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

”ေဖာက္ခြဲဖ်က္ဆီးေရးသတင္းေတြ ကြၽန္ေတာ္တို႔ အမ်ားႀကီးရပါတယ္၊ တံတားဆို တံတားႏွစ္စင္းရွိပါတယ္ ဒီတံတားႏွစ္စင္း လုပ္ၿခဳံမႈဟာ ေန႔ေရာ ညေရာ အင္းအားအမ်ားႀကီးနဲ႔ ေဆာင္႐ြက္ေနရတယ္ တံတားေပၚမွာလည္း လုပ္ရတယ္ ေအာက္မွာလည္း လုပ္ရတယ္ ေအာက္မွာ ေရေၾကာင္းရဲတပ္ဖြဲ႕ရွိသလို႔ တပ္မေတာ္သားေတြလည္း ထားပါတယ္ ရဲတပ္ဖြဲ႕ဝင္အင္းအားႏွစ္ဆိုင္းထားၿပီး လွည့္ေနရတာ ဘာေၾကာင့္လွည္ေနရတာလဲဆိုရင္ေဖာက္ခြဲဖ်က္ဆီးေရးသတင္းေတြေၾကာင့္ပါ”ဟု စစ္ကိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးက ဒုတိယခ႐ိုင္မႉး ရဲမႉးမ်ိဳးလြင္က ေျပာပါတယ္။

လက္ရွိမွာ ပူးေပါင္းအဖြဲ႕နဲ႔ လုံၿခဳံေရးကို ေဆာင္႐ြက္ေနၿပီး လုံၿခဳံေရးအင္းအားအေရအတြက္ကိုေျပာၾကားျခင္းမရွိပဲ အခုလို ပူးေပါင္းအဖြဲ႕နဲ႔ လုံၿခဳံေရးေဆာင္႐ြက္တဲ့အခါမွာ တရားမဝင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြ၊မူးယစ္ေဆးဝါးေတြ နဲ႔ လက္နက္ပစၥည္းေတြ ဖမ္းဆီးရမိတယ္လို႔ ရဲမႉးမ်ိဳးလြင္ကေျပာပါတယ္။

ဓါတ္ပံု – Wai Lin
#voiceofmyanmar #စစ္ကိုင္း #လံုျခံဳေရးခ်ထား

 

Unicode

စစ်ကိုင်းတံတား တံတားနှစ်စင်းကို ဖောက်ခွဲရေးသတင်းတွေကြောင့် လုံခြုံရေးများချထား

စစ်ကိုင်း အောက်တိုဘာ ၂၈-၂၀၁၉
မောင်တာရာ (VOM)

ဖောက်ခွဲဖက်ဆီးရေသတင်းတွေကြောင့် ရတနာပုံတံတား(ဧရာဝတီ) နဲ့ အင်းဝတံတား(စစ်ကိုင်း)တို့မှာ လုံခြုံရေးချ ဆောင်ရွက်နေရတယ်လို့ အောက်တိုဘာလ ၂၇ ရက်နေ့၊နံနက်ပိုင်းက စစ်ကိုင်းခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ ကျင်းပတဲ့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ပြည်သူ့စကားဝိုင်းမှာ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူက ပြောကြားခဲ့တာဖြစ်ပါတယ်။

”ဖောက်ခွဲဖျက်ဆီးရေးသတင်းတွေ ကျွန်တော်တို့ အများကြီးရပါတယ်၊ တံတားဆို တံတားနှစ်စင်းရှိပါတယ် ဒီတံတားနှစ်စင်း လုပ်ခြုံမှုဟာ နေ့ရော ညရော အင်းအားအများကြီးနဲ့ ဆောင်ရွက်နေရတယ် တံတားပေါ်မှာလည်း လုပ်ရတယ် အောက်မှာလည်း လုပ်ရတယ် အောက်မှာ ရေကြောင်းရဲတပ်ဖွဲ့ရှိသလို့ တပ်မတော်သားတွေလည်း ထားပါတယ် ရဲတပ်ဖွဲ့ဝင်အင်းအားနှစ်ဆိုင်းထားပြီး လှည့်နေရတာ ဘာကြောင့်လှည်နေရတာလဲဆိုရင်ဖောက်ခွဲဖျက်ဆီးရေးသတင်းတွေကြောင့်ပါ”ဟု စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယခရိုင်မှူး ရဲမှူးမျိုးလွင်က ပြောပါတယ်။

လက်ရှိမှာ ပူးပေါင်းအဖွဲ့နဲ့ လုံခြုံရေးကို ဆောင်ရွက်နေပြီး လုံခြုံရေးအင်းအားအရေအတွက်ကိုပြောကြားခြင်းမရှိပဲ အခုလို ပူးပေါင်းအဖွဲ့နဲ့ လုံခြုံရေးဆောင်ရွက်တဲ့အခါမှာ တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်တွေ၊မူးယစ်ဆေးဝါးတွေ နဲ့ လက်နက်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ ရဲမှူးမျိုးလွင်ကပြောပါတယ်။

ဓါတ်ပုံ – Wai Lin
#voiceofmyanmar #စစ်ကိုင်း #လုံခြုံရေးချထား

Related posts

Leave a Comment

VOM News

FREE
VIEW