မြေမြုပ်မိုင်းအန္တရာယ်ကြောင့် မြန်မာနိုင်ငံမှာ တစ်နှစ်ပြီးတစ်နှစ် မသန်စွမ်းသူဦးရေ ပိုတိုးလာ

ဒီပ(နေပြည်တော်)

မြေမြုပ်မိုင်းအန္တရာယ်ကြောင့် မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေ ပိုပြီးတော့တိုးလာနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ဒီကနေ့ နေပြည်တော် Hikton Hotelမှာ ကျင်းပတြဲ့မန်မာနိုင်ငံ အမျိုးသားအဆင့် မိုင်းကင်းစင်ရေး အာဏာပိုင်အဖွဲ့ဖွဲ့စည်းတည်ထောင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ၂၀၁၈ခုနှစ်မှာ (၁၅၉)ဦး မိုင်းဒဏ်ခံရတာရှိပါတယ်၊ ဒီအထဲမှာ အသက်သေဆုံးတာ(၂၃)ဦးနဲ့ (၁၃၆)ဦးကတော့ ထိခိုက်ဒဏ်ရာရှိခဲ့တာတွ့ရပါတယ်၊ ၂၀၁၇ခုနှစ်မှာဆိုရင် (၁၇၆)ဦး ထိခိုက်ဒဏ်ရာရပြီး ဒီအထဲမှာ(၅၂)ဦးက အသက်ဆုံးရှုံးရပြီး (၁၂၄)ဦးက မိုင်းဒဏ်ခံတဲ့ အနေအထားကို သွားတွေ့ရပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံမှာ မသန်စွမ်းမှုဦးရေဟာလည်း တစ်နှစ်ပြီးတစ်နှစ် ပိုပြီးတော့များပြားလာတယ်ဆိုတဲ့ အနေအထားမျိုးကိုတွေ့ရမှာဖြစ်ပါတယ် ” လို့ ဦးဝင်းနိုင်ထွန်းကပြောပါတယ်။

မိုင်းအန္တရာယ်တွေ ကြုံတွေ့နေရတဲ့ တိုင်းဒေသကြီးပြည်နယ်တွေကို ပြန်ကြည့်မယ်ဆိုရင် မိမိတို့နိုင်ငံမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ပဲခူးတိုင်းဒေသကြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့ ဖြစ်ကြသလို ၂၁၀၉ခုနှစ်မှာ ရာခိုင်နှုန်းအရ တွက်ကြည့်မယ်ဆိုရင်လည်း ရှမ်းပြည်နယ်မှာ (၄၆)ရာခိုင်နှုန်း ရခိုင်ပြည်နယ်မှာ(၂၄)ရာခိုင်နှုန်းနဲ့ ကချင်ပြည်နယ်မှာ(၁၈)ရာခိုင်နှုန်းအထိ မိုင်းဒဏ် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ မှတ်တမ်းတွေကို တွေ့ရတယ်လို့သိရပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာညွှန်ကြားရေးမှုးရုံးမှ ဦးစီးအရာရှိပထမတန်း ဒုတိယဗိုလ်မှုးကြီးအေးဝင်းက“မြန်မာနိုင်ငံ
မိုင်းလှုပ်ရှားမှု အာဏာပိုင်အဖွဲ့အစည်းဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားအဆင့် မိုင်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှု အာဏာပိုင်ဖွဲ့စည်းရေးအတွက် တပ်မတော်မှ ပူးပေါင်းပါဝင်ဆာင်ရွက်သွားမှာ ဖြစ်ပါကြောင်းပြောကြားလိုပါတယ်” လို့ပြောခဲ့ပါတယ်။

မိုင်းအန္တရာယ်ကင်းရှင်းရေး မိုင်းအန္တရာယ် အသိပညာပေးမှုတွေ ရှိဖို့အတွက်၂၀၁၂ခုနှစ် ဧပြီလက စတင်ခဲ့တဲ့ (၇)နှစ်တာ ကာလအတွင်း လူ၊ကယ်၊ပြန် ဝန်ကြီးဌာနကဦးစီးပြီးတော့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး မိုင်းအန္တရာယ် အသိပညာပေးမှုတွေကိုဆာင်ရွက်ခဲ့တာ ရှိခဲ့သလို လက်ရှိကာလမှာလည်း နိုင်ငံတကာမိုင်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များနဲ့ ဆွေးနွေးဆောင်ရွက်ခဲ့တာ(၂၂)ကြိမ်ရှိခဲ့ပြီလို့လည်း ဦးဝင်းနိုင်ထွန်းက အလုပ်ရုံဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။



Unicode

မြေမြုပ်မိုင်းအန္တရာယ်ကြောင့် မြန်မာနိူင်ငံမှာ တစ်နှစ်ပြီးတစ်နှစ် မသန်စွမ်းသူဦးရေ ပိုတိုးလာ

နေပြည်တော်၊ အောက်တိုဘာ ၃၀-၂၀၁၉
ဒီပ(နေပြည်တော်)

မြေမြုပ်မိုင်းအန္တရာယ်ကြောင့် မြန်မာနိူင်ငံမှာ မသန်စွမ်းသူဦးရေ ပိုပြီးတော့တိုးလာနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိူင်ထွန်းက ဒီကနေ့ နေပြည်တော် Hikton Hotelမှာ ကျင်းပတဲြ့မန်မာနိူင်ငံ အမျိုးသားအဆင့် မိုင်းကင်းစင်ရေး အာဏာပိုင်အဖွဲ့ဖွဲ့စည်းတည်ထောင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ၂၀၁၈ခုနှစ်မှာ (၁၅၉)ဦး မိုင်းဒဏ်ခံရတာရှိပါတယ်၊ ဒီအထဲမှာ အသက်သေဆုံးတာ(၂၃)ဦးနဲ့ (၁၃၆)ဦးကတော့ ထိခိုက်ဒဏ်ရာရှိခဲ့တာတွ့ရပါတယ်၊ ၂၀၁၇ခုနှစ်မှာဆိုရင် (၁၇၆)ဦး ထိခိုက်ဒဏ်ရာရပြီး ဒီအထဲမှာ(၅၂)ဦးက အသက်ဆုံးရှုံးရပြီး (၁၂၄)ဦးက မိုင်းဒဏ်ခံတဲ့ အနေအထားကို သွားတွေ့ရပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့နိူင်ငံမှာ မသန်စွမ်းမှုဦးရေဟာလည်း တစ်နှစ်ပြီးတစ်နှစ် ပိုပြီးတော့များပြားလာတယ်ဆိုတဲ့ အနေအထားမျိုးကိုတွေ့ရမှာဖြစ်ပါတယ် ” လို့ ဦးဝင်းနိူင်ထွန်းကပြောပါတယ်။

မိုင်းအန္တရာယ်တွေ ကြုံတွေ့နေရတဲ့ တိုင်းဒေသကြီးပြည်နယ်တွေကို ပြန်ကြည့်မယ်ဆိုရင် မိမိတို့နိူင်ငံမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာၤရီတိုင်း၊ ပဲခူးတိုင်းဒေသကြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့ ဖြစ်ကြသလို ၂၁၀၉ခုနှစ်မှာ ရာခိုင်နှုန်းအရ တွက်ကြည့်မယ်ဆိုရင်လည်း ရှမ်းပြည်နယ်မှာ (၄၆)ရာခိုင်နှုန်း ရခိုင်ပြည်နယ်မှာ(၂၄)ရာခိုင်နှုန်းနဲ့ ကချင်ပြည်နယ်မှာ(၁၈)ရာခိုင်နှုန်းအထိ မိုင်းဒဏ် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ မှတ်တမ်းတွေကို တွေ့ရတယ်လို့သိရပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာညွှန်ကြားရေးမှုုးရုံးမှ ဦးစီးအရာရှိပထမတန်း ဒုတိယဗိုလ်မှုုးကြီးအေးဝင်းက“မြန်မာနိူင်ငံ
မိုင်းလှုပ်ရှားမှု အာဏာပိုင်အဖွဲ့အစည်းဖွဲ့စည်းနိူင်ရေးအတွက် အမျိုးသားအဆင့် မိုင်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှု အာဏာပိုင်ဖွဲ့စည်းရေးအတွက် တပ်မတော်မှ ပူးပေါင်းပါဝင်ဆာင်ရွက်သွားမှာ ဖြစ်ပါကြောင်းပြောကြားလိုပါတယ်” လို့ပြောခဲ့ပါတယ်။

မိုင်းအန္တရာယ်ကင်းရှင်းရေး မိုင်းအန္တရာယ် အသိပညာပေးမှုတွေ ရှိဖို့အတွက်၂၀၁၂ခုနှစ် ဧပြီလက စတင်ခဲ့တဲ့ (၇)နှစ်တာ ကာလအတွင်း လူ၊ကယ်၊ပြန် ဝန်ကြီးဌာနကဦးစီးပြီးတော့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး မိုင်းအန္တရာယ် အသိပညာပေးမှုတွေကိုဆာင်ရွက်ခဲ့တာ ရှိခဲ့သလို လက်ရှိကာလမှာလည်း နိုင်ငံတကာမိုင်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များနဲ့ ဆွေးနွေးဆောင်ရွက်ခဲ့တာ(၂၂)ကြိမ်ရှိခဲ့ပြီလို့လည်း ဦးဝင်းနိူင်ထွန်းက အလုပ်ရုံဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းကိုဆောင်ရွက်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ NGO အဖွဲ့အစည်းတွေ ဆိုရှယ်မီဒီယာတွေရဲ့ မှတ်တမ်းတွေအရကြည့်မယ်ဆိုရင် ၂၀၁၉ခုနှစ် ဇန်နဝါရီလကစပြီး စက်တင်ဘာလအထိ (၁၆၈)ဦး မိုင်းအန္တရာယ်ထိခိုက်ခံရတယ်လို့ သိရှိရပြီး အဲ့ဒီအထဲမှာ (၄၂)ဦး အသက်ဆုံးရှုံးကာ (၁၂၆)ဦးကမိုင်းဒဏ်ရာနဲ့ မသန်စွမ်းအဖြစ် ကြုံတွေ့နေရတာဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #မြေမြုပ်မိုင်း #မသန်စွမ်း

Related posts

Leave a Comment

VOM News

FREE
VIEW