မီးနီရပ္ေစာင့္ေနတဲ့ လူႏွစ္ဦး ၿပိဳင္ကားနဲ႔တိုက္ခံရတဲ့အမႈက တရားခံကို ေထာင္ (၉) ႏွစ္အမိန္႔ခ်

မႏၲေလး ေအာက္တိုဘာ ၃၁-၂၀၁၉
ျဖဴျဖဴ(VOM)

မႏၲေလး က်ဳံးေတာင္ဘက္ျခမ္း ၇၈ လမ္း နဲ႔ ၂၆လမ္း မီးပြိဳင့္မွာ လူနွစ္ဦးကဆိုင္ကယ္နဲ႔ မီးနီရပ္ေစာင့္ေနတာကို အေနာက္ကေန ၿပိဳင္ကားနဲ႔ဝင္တိုက္ခဲ့တဲ့အမႈက တရားခံကို အလုပ္နဲ႔ေထာင္ဒဏ္ ၉ႏွစ္ က်ခံဖို႔ ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးကေန ဒီကေန႔ေန႔လယ္ပိုင္းမွာ အမိန္႔ခ်မွတ္လိုက္ပါတယ္။

” ၃၀၄ (က) က ၇ ႏွစ္ပါ၊ ၂၇၉ အတြက္က ႏွစ္ႏွစ္ပါ။ သီးျခားစီ က်ခံရမွာပါ။ “လို႔ တရား႐ုံးျပန္ၾကားေရး အရာရွိက ေျပာပါတယ္။

ျဖစ္စဥ္မွာ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္၊ ည ၁၂ နာရီခန္႔က သန္းထက္ေအာင္ ေမာင္းႏွင္လာတဲ့ Toyota Lexus အနီေရာင္ၿပိဳင္ကားဟာ ၇၈ လမ္းအတိုင္း ေတာင္ကေန ေျမာက္ဘက္ကိုေမာင္းႏွင္လာစဥ္ က်ဳံးေတာင္ဘက္ျခမ္း၂၆ လမ္းမီးပြိဳင့္အေရာက္မွာ အရွိန္မထိန္းႏိုင္ဘဲ မီးနီရပ္ေစာင့္ေနတဲ့ ဆိုင္ကယ္တစ္စီးနဲ႔ လူႏွစ္ဦးကိုတိုက္မိခဲ့တာ ျဖစ္ပါတယ္။

ၿပိဳင္ကားနဲ႔ အတိုက္ခံခဲ့ရတာေၾကာင့္ ဥပေဒေနာက္ဆုံးႏွစ္ ေက်ာင္းသား ကိုလြင္မင္းသန႔္နဲ႔ သေဘၤာသား ကိုေက်ာ္ဇင္သက္တို႔ ေနရာမွာတင္ ေသဆုံးခဲ့တဲ့အတြက္ ၿပိဳင္ကားေမာင္းႏွင္လာသူ သန္းထက္ေအာင္ကို ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၄(က)နဲ႔ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၉ တို႔နဲ႔ တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

ေသဆုံးခဲ့သူ ကိုလြင္မင္းသန္႔ရဲ႕ဖခင္ ဦးေအာင္စိုးမင္းကေတာ့ ” ဥပေဒနဲ႔အညီ ဆုံးျဖတ္ခိုင္းတယ္ဆိုတာ တျခားမဟုတ္ပါဘူး။ ေနာင္မွ အလားတူ က်ေနာ္တို႔လို ၿပိဳကြဲသြားတဲ့ မိသားစုႏွစ္စုလိုမ်ိဳး မျဖစ္ေအာင္ ဥပေဒကို အားကိုးၿပီး တရားစြဲဆိုခဲ့ျခင္း ျဖစ္ပါတယ္။ ဒီအမိန္႔အေပၚ က်ေနာ္ ေက်နပ္ပါတယ္။ လူငယ္ေလး ႏွစ္ေယာက္အတြက္ တရားမွ်တပါတယ္။”လို႔ိ ေျပာပါတယ္။

တစ္ႏွစ္နီးပါးၾကာလာၿပီးေနာက္မွာေတာ့ အမႈႏွစ္ခုျဖစ္တဲ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၄(က)၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၉အတြက္ သီးျခားစီက်ခံဖို႔ ေအာင္ေျမသာစံၿမိဳ႕နယ္ တရား႐ုံးကေန အမိန္႔ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။

#voiceofmyanmar #မႏၲေလး #ၿပိဳင္ကားနဲ႔တိုက္မႈ #ေအာင္ေျမသာစံတရား႐ုံး

 

Unicode

မီးနီရပ်စောင့်နေတဲ့ လူနှစ်ဦး ပြိုင်ကားနဲ့တိုက်ခံရတဲ့အမှုက တရားခံကို ထောင် (၉) နှစ်အမိန့်ချ

မန္တလေး အောက်တိုဘာ ၃၁-၂၀၁၉
ဖြူဖြူ(VOM)

မန္တလေး ကျုံးတောင်ဘက်ခြမ်း ၇၈ လမ်း နဲ့ ၂၆လမ်း မီးပွိုင့်မှာ လူနှစ်ဦးကဆိုင်ကယ်နဲ့ မီးနီရပ်စောင့်နေတာကို အနောက်ကနေ ပြိုင်ကားနဲ့ဝင်တိုက်ခဲ့တဲ့အမှုက တရားခံကို အလုပ်နဲ့ထောင်ဒဏ် ၉နှစ် ကျခံဖို့ အောင်မြေသာစံမြို့နယ်တရားရုံးကနေ ဒီကနေ့နေ့လယ်ပိုင်းမှာ အမိန့်ချမှတ်လိုက်ပါတယ်။

” ၃၀၄ (က) က ၇ နှစ်ပါ၊ ၂၇၉ အတွက်က နှစ်နှစ်ပါ။ သီးခြားစီ ကျခံရမှာပါ။ “လို့ တရားရုံးပြန်ကြားရေး အရာရှိက ပြောပါတယ်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်၊ ည ၁၂ နာရီခန့်က သန်းထက်အောင် မောင်းနှင်လာတဲ့ Toyota Lexus အနီရောင်ပြိုင်ကားဟာ ၇၈ လမ်းအတိုင်း တောင်ကနေ မြောက်ဘက်ကိုမောင်းနှင်လာစဉ် ကျုံးတောင်ဘက်ခြမ်း၂၆ လမ်းမီးပွိုင့်အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ မီးနီရပ်စောင့်နေတဲ့ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ဦးကိုတိုက်မိခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ကားနဲ့ အတိုက်ခံခဲ့ရတာကြောင့် ဥပဒေနောက်ဆုံးနှစ် ကျောင်းသား ကိုလွင်မင်းသန့်နဲ့ သင်္ဘောသား ကိုကျော်ဇင်သက်တို့ နေရာမှာတင် သေဆုံးခဲ့တဲ့အတွက် ပြိုင်ကားမောင်းနှင်လာသူ သန်းထက်အောင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က)နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ တို့နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သေဆုံးခဲ့သူ ကိုလွင်မင်းသန့်ရဲ့ဖခင် ဦးအောင်စိုးမင်းကတော့ ” ဥပဒေနဲ့အညီ ဆုံးဖြတ်ခိုင်းတယ်ဆိုတာ တခြားမဟုတ်ပါဘူး။ နောင်မှ အလားတူ ကျနော်တို့လို ပြိုကွဲသွားတဲ့ မိသားစုနှစ်စုလိုမျိုး မဖြစ်အောင် ဥပဒေကို အားကိုးပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအမိန့်အပေါ် ကျနော် ကျေနပ်ပါတယ်။ လူငယ်လေး နှစ်ယောက်အတွက် တရားမျှတပါတယ်။”လို့ိ ပြောပါတယ်။

တစ်နှစ်နီးပါးကြာလာပြီးနောက်မှာတော့ အမှုနှစ်ခုဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉အတွက် သီးခြားစီကျခံဖို့ အောင်မြေသာစံမြို့နယ် တရားရုံးကနေ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

#voiceofmyanmar #မန္တလေး #ပြိုင်ကားနဲ့တိုက်မှု #အောင်မြေသာစံတရားရုံး

Related posts

Leave a Comment

VOM News

FREE
VIEW