အမ်ိဳးသမီးသုံးဦး ဓားထိုးခံရရာမွ ေက်ာင္းဆရာမတစ္ဦးေသဆုံး

ပဲခူး ႏိုဝင္ဘာ ၁-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕၊ ဥႆာၿမိဳ႕သစ္(၇)ရပ္ကြက္၊ ဗိုလ္မင္းေရာင္လမ္းမွာ ဒီကေန႔ေန႔လယ္ပိုင္းက အမ်ိဳးသမီးသုံးဦးဓားထိုးခံရရာမွ ေက်ာင္းဆရာမတစ္ဦး ေသဆုံးသြားတယ္လို႔ ပဲခူးအမွတ္ (၃)ရဲစခန္းကသိရပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာ ၃၀ရက္ေန႔မနက္က ဥႆာၿမိဳ႕သစ္ (၇)ရပ္ကြက္ ခ်ယ္ရီလမ္းမွာေနတဲ့ ေဒၚေဌး၊ မစန္းစန္းေအး၊ ဆရာမေဒၚစိန္လွေမတို႔ သုံးဦးဟာ ဗိုလ္မင္းေရာင္လမ္းေပၚမွာ လမ္းေလွ်ာက္ေနတဲ့အခ်ိန္ တစ္ရပ္ကြက္တည္းေန ဦးေဌးဝင္းရဲ႕သား အသက္ ၃၇ႏွစ္ရွိ ေ႐ႊသိန္း(ခ)ေက်ာ္စြာက သူ႔ရဲ႕အိပ္ကပ္ထဲက ေငြတစ္ေထာင္ေပ်ာက္တာကို အမ်ိဳးသမီးသုံးဦးယူထားတယ္လို႔ဆိုကာ စြပ္စြဲေျပာဆို စကားမ်ားၾကရာက ေ႐ႊသိန္း(ခ)ေက်ာ္စြာက အ႐ိုးအသြား(၁၁)လကၼခန႔္ရိွတဲ့ ဓားဦးခြၽန္နဲ႔ထိုးခဲ့တယ္လို႔ ရဲမွတ္တမ္းမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

‟ေဈးဝယ္ထြက္ၾကတာ အမ်ိဳးသမီးသုံးေယာက္ အ-ထ-ကခြဲ(၅)ပဲခူးၿမိဳ႕ကေက်ာင္းဆရာမတစ္ေယာက္ပါတယ္ အခုဓားနဲ႔ထိုးတဲ့သူက မူးေၾကာင္ေၾကာင္နဲ႔ ဓားနဲ႔ထိုးလိုက္တာ ေက်ာင္းဆရာမကေတာ့ ေသဆုံးသြားတယ္ အရပ္သူတစ္ေယာက္လည္း သုံးခ်က္ထိုးခံရတယ္လို႔”ရပ္ကြက္ေနျပည္သူ ဦးေအာင္ေသာင္းကေျပာပါတယ္။

အဆိုပါဓားထိုးမႈေၾကာင့္ ေဒၚေဌးတြင္ ညာဘက္တံေတာင္ ဆစ္ျပတ္ရွဒဏ္ရာတစ္ခ်က္ မစန္စန္းေအးတြင္ ဝမ္းဗိုက္နဲ႔ နံေဘး ထိုးသြင္းဒါဏ္ရာမ်ား ရရွိၿပီး ဆရာမေဒၚစိန္လွေမ မွာ ဝမ္းဗိုက္ခ်က္ေအာက္ ထိုးသြင္းဒဏ္ရာမ်ားရခဲ့ၿပီး ပဲခူးျပည္သူ႔ေဆး႐ုံႀကီးမွာေဆးကုသမႈခံယူေနစဥ္ ေသဆံုးသြားတာျဖစ္ပါတယ္။

‟ျဖစ္စဥ္ကေတာ့ ဆရာမတစ္ဦး ေသဆုံးသြားၿပီဆိုေတာ့ ၃၂၆ကေန
၃၀၂ေျပာင္းဖြင့္ထားပါတယ္ ”လို႔ ပဲခူးအမွတ္(၃)ရဲစခန္းမွ ရဲအုပ္ေနလင္းကVOMကိုေျပာပါတယ္။

ေသဆံုးသြားတဲ့ ဆရာမဟာ အ-ထ-က ခြဲ(၅)မွ အလယ္တန္းျပဆရာမ အသက္ (၅၉)ႏွစ္ရွိတဲ့ ေဒၚစိန္လွေမဆိုသူ ေသဆုံးသြားတာျဖစ္ၿပီး ဓားနဲ႔အထိုးခံရသူထဲက ေဒၚေဌးဆိုသူမွ တရားလိုျပဳလုပ္တိုင္တန္းရာ ပဲခူးအမွတ္(၃)ရဲစခန္းတြင္ (ပ)၁၃၃၇/၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၂၆ နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ပဲခူး #ေက်ာင္းဆရာမ #ဓားထိုးခံရ

 

Unicode

အမျိုးသမီးသုံးဦး ဓားထိုးခံရရာမှ ကျောင်းဆရာမတစ်ဦးသေဆုံး

ပဲခူး နိုဝင်ဘာ ၁-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်(၇)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းမှာ ဒီကနေ့နေ့လယ်ပိုင်းက အမျိုးသမီးသုံးဦးဓားထိုးခံရရာမှ ကျောင်းဆရာမတစ်ဦး သေဆုံးသွားတယ်လို့ ပဲခူးအမှတ် (၃)ရဲစခန်းကသိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၃၀ရက်နေ့မနက်က ဥဿာမြို့သစ် (၇)ရပ်ကွက် ချယ်ရီလမ်းမှာနေတဲ့ ဒေါ်ဌေး၊ မစန်းစန်းအေး၊ ဆရာမဒေါ်စိန်လှမေတို့ သုံးဦးဟာ ဗိုလ်မင်းရောင်လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့အချိန် တစ်ရပ်ကွက်တည်းနေ ဦးဌေးဝင်းရဲ့သား အသက် ၃၇နှစ်ရှိ ရွှေသိန်း(ခ)ကျော်စွာက သူ့ရဲ့အိပ်ကပ်ထဲက ငွေတစ်ထောင်ပျောက်တာကို အမျိုးသမီးသုံးဦးယူထားတယ်လို့ဆိုကာ စွပ်စွဲပြောဆို စကားများကြရာက ရွှေသိန်း(ခ)ကျော်စွာက အရိုးအသွား(၁၁)လက္မခန့်ရှိတဲ့ ဓားဦးချွန်နဲ့ထိုးခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။

‟ဈေးဝယ်ထွက်ကြတာ အမျိုးသမီးသုံးယောက် အ-ထ-ကခွဲ(၅)ပဲခူးမြို့ကကျောင်းဆရာမတစ်ယောက်ပါတယ် အခုဓားနဲ့ထိုးတဲ့သူက မူးကြောင်ကြောင်နဲ့ ဓားနဲ့ထိုးလိုက်တာ ကျောင်းဆရာမကတော့ သေဆုံးသွားတယ် အရပ်သူတစ်ယောက်လည်း သုံးချက်ထိုးခံရတယ်လို့”ရပ်ကွက်နေပြည်သူ ဦးအောင်သောင်းကပြောပါတယ်။

အဆိုပါဓားထိုးမှုကြောင့် ဒေါ်ဌေးတွင် ညာဘက်တံတောင် ဆစ်ပြတ်ရှဒဏ်ရာတစ်ချက် မစန်စန်းအေးတွင် ဝမ်းဗိုက်နဲ့ နံဘေး ထိုးသွင်းဒါဏ်ရာများ ရရှိပြီး ဆရာမဒေါ်စိန်လှမေ မှာ ဝမ်းဗိုက်ချက်အောက် ထိုးသွင်းဒဏ်ရာများရခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံကြီးမှာဆေးကုသမှုခံယူနေစဉ် သေဆုံးသွားတာဖြစ်ပါတယ်။

‟ဖြစ်စဉ်ကတော့ ဆရာမတစ်ဦး သေဆုံးသွားပြီဆိုတော့ ၃၂၆ကနေ
၃၀၂ပြောင်းဖွင့်ထားပါတယ် ”လို့ ပဲခူးအမှတ်(၃)ရဲစခန်းမှ ရဲအုပ်နေလင်းကVOMကိုပြောပါတယ်။

သေဆုံးသွားတဲ့ ဆရာမဟာ အ-ထ-က ခွဲ(၅)မှ အလယ်တန်းပြဆရာမ အသက် (၅၉)နှစ်ရှိတဲ့ ဒေါ်စိန်လှမေဆိုသူ သေဆုံးသွားတာဖြစ်ပြီး ဓားနဲ့အထိုးခံရသူထဲက ဒေါ်ဌေးဆိုသူမှ တရားလိုပြုလုပ်တိုင်တန်းရာ ပဲခူးအမှတ်(၃)ရဲစခန်းတွင် (ပ)၁၃၃၇/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #ပဲခူး #ကျောင်းဆရာမ #ဓားထိုးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW