တူရကီထိန္းခ်ဳပ္တဲ႔ ဆီးရီးယားနယ္စပ္မွာ ကားဗံုးခြဲတိုက္ခိုက္ခံရ၊ ၁၃ ဦးေသဆံုး

ဒမတ္စကတ္၊ ႏုိဝင္ဘာ ၃-၂၀၁၉
မ်ိဳးဆက္ (VOM)

ဆီးရီးယားႏုိင္ငံေျမာက္ပုိင္း တဲအဘစ္နယ္စပ္ျမိဳ႔တြင္းမွာ ကားဗံုးခဲြတုိက္ခုိက္ခံရမႈေၾကာင့္ လူေပါင္း(၁၃)ဦး ထက္မနည္း ေသဆံုးသြားတယ္လို႔ တူရကီအာဏာပုိင္ေတြက ေျပာပါတယ္။

ေပါက္ကဲြမႈေၾကာင့္ အျခားလူ၂၀ထက္မနည္း ထိခုိက္ဒဏ္ရာေတြရရွိသြားတယ္လို႔ တူရကီကာကြယ္ေရး ဝန္ၾကီးဌာနက ထုတ္ျပန္ပါတယ္။

ကာ့ဒ္တပ္ဖဲြ႔ေတြကို ကာကြယ္ေပးေနတဲ႔ အေမရိကန္တပ္ဖြဲ႔ေတြ ဆီးရီးယားကေန ရုပ္သိမ္းျပီးေနာက္ တူရကီတပ္ဖဲြ႔ေတြနဲ႔ တူရကီေထာက္ခံတဲ႔ အတုိက္အခံေတြဟာ ျပီးခဲ့ေသာလက တဲအဘစ္ျမိဳ႕နဲ႔ အျခားနယ္စပ္ျမိဳ႕ေတြကုိ ကာ့ဒ္တပ္ဖဲြ႔ေတြထံကေန ထိန္းခ်ဳပ္ခဲ့ပါတယ္။

ႏုိဝင္ဘာ၂ရက္က ကားဗံုးခြဲတုိက္ခုိက္မႈအတြင္း ေသဆံုးသူေတြထဲမွ တူရကီလုိလားတဲ႔ တုိက္ခုိက္ေရးသမားေတြနဲ႔ အရပ္သားေတြလည္း ပါဝင္ေၾကာင္း ျဗိတိန္အေျခစုိက္ လူ႕အခြင္႔အေရး ေစာင့္ၾကည့္အဖဲြ႔က ေျပာပါတယ္။

ဗံုးခဲြတုိက္ခုိက္မႈကုိ ဆီးရီးယားကာ့ဒ္တပ္ဖဲြ႔ျဖစ္တဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲ႔ြ ဝုိင္ပီဂ်ီက ျပဳလုပ္တာလို႔ တူရကီကာကြယ္ေရးဝန္ၾကီးဌာနက စြပ္စဲြေျပာဆုိထားပါတယ္။ တုိက္ခုိက္မႈဟာ ဘယ္အဖြဲ႔ရဲ႕ လက္ခ်က္ဆိုတာကို လက္တေလာမွာ ထုတ္ျပန္ထားျခင္းမရွိေသးပါဘူး။

Ref : BBC Photo : AFP
#voiceofmyanmar #ဆီးရီးယား #ကားဗံုးခဲြတိုက္ခိုက္ခံရ

 

Unicode

တူရကီထိန်းချုပ်တဲ့ ဆီးရီးယားနယ်စပ်မှာ ကားဗုံးခွဲတိုက်ခိုက်ခံရ၊ ၁၃ ဦးသေဆုံး

ဒမတ်စကတ်၊ နိုဝင်ဘာ ၃-၂၀၁၉
မျိုးဆက် (VOM)

ဆီးရီးယားနိုင်ငံမြောက်ပိုင်း တဲအဘစ်နယ်စပ်မြို့တွင်းမှာ ကားဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လူပေါင်း(၁၃)ဦး ထက်မနည်း သေဆုံးသွားတယ်လို့ တူရကီအာဏာပိုင်တွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အခြားလူ၂၀ထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိသွားတယ်လို့ တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကာ့ဒ်တပ်ဖွဲ့တွေကို ကာကွယ်ပေးနေတဲ့ အမေရိကန်တပ်ဖွဲ့တွေ ဆီးရီးယားကနေ ရုပ်သိမ်းပြီးနောက် တူရကီတပ်ဖွဲ့တွေနဲ့ တူရကီထောက်ခံတဲ့ အတိုက်အခံတွေဟာ ပြီးခဲ့သောလက တဲအဘစ်မြို့နဲ့ အခြားနယ်စပ်မြို့တွေကို ကာ့ဒ်တပ်ဖွဲ့တွေထံကနေ ထိန်းချုပ်ခဲ့ပါတယ်။

နိုဝင်ဘာ၂ရက်က ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှ တူရကီလိုလားတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေလည်း ပါဝင်ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကို ဆီးရီးယားကာ့ဒ်တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖဲ့ွ ဝိုင်ပီဂျီက ပြုလုပ်တာလို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲပြောဆိုထားပါတယ်။ တိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကို လက်တလောမှာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Ref : BBC Photo : AFP
#voiceofmyanmar #ဆီးရီးယား #ကားဗုံးခွဲတိုက်ခိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW