တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနထပ်မံတိုးချဲ့ဖို့ အဆိုတင်သွင်းမှု ရှုံးနိမ့်
နေပြည်တော်၊ နိုဝင်ဘာ ၇-၂၀၁၉ ကိုထွန်း(VOM) နေပြည်တော်မှာ ‌ဒီကနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတတိယနေ့မှာ တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနတစ်ခုကို ပြည်ထောင်စုအဆင့်တွင် ထပ်မံတိုးချဲ့ ဖွဲ့စည်းပေးဖို့ အဆိုတင်ထားတာကို မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုတင်သွင်းတာရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ ” တောင်သူလယ်သမားတွေဟာ အခုအချိန်မှာဆိုရင် စပါးဈေးက မကောင်း၊ ဆောင်းရာသီသီးနှံ ပဲဈေး တွေက မကောင်းဖြစ်နေတဲ့အခါမှာ တောင်သူလယ်သမားတွေဟာ ဒုက္ခပင်လယ်ဝေကြပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှာလည်း ဝန်ကြီးဌာန သုံးခုကို ပေါင်းစပ်ထားတဲ့အတွက်ကြောင့်၊ တကယ်ဆောင်ရွက်နေတဲ့ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများကလည်း ဒီလို ဝန်ကြီးဌာနများအားလုံးကို ပေါင်းစပ် ပြီးတော့ စီမံခန့်ခွဲမှုဟာ ခက်ခဲတဲ့အနေအထားရှိပါတယ်။ ဒီလို ဦးစီးဌာနလေးတွေများတဲ့ မနိုင်မနင်းဖြစ်နေတဲ့ အထဲထဲကသီးခြားသက်ဆိုင်တဲ့ တောင်သူလယ်သမားနဲ့ အဖွဲ့အစည်းများကိုတောင်သူလယ် ဆွဲထုတ်ပြီးတော့ သမားရေးရာဝန်ကြီးဌာနတစ်ခုကို ဖွဲ့စည်းပေးချင်တဲ့ စိတ်ဆန္ဒသဘောအရ ဒီအဆိုကို တင်သွင်းခြင်းဖြစ်ပါ တယ်”လို့ ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းကပြောပါတယ်။ အဆိုပြုတင်သွင်းလွှာကို လွှတ်တော်ကိုယ်စားလှယ်.၁၄.ဦးကဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးတ်ခဲ့ကြရာ…
Read More
ဒေါ်နယ်ထရန့်ကို အရေးယူဖို့ ပထမဆုံးအကြိမ်လူသိရှင်ကြား ကြားနာစစ်ဆေးမည်
ဝါရှင်တန်၊ နိုဝင်ဘာ ၇-၂၀၁၉ မျိုးဆက် (VOM) ဒေါ်နယ်ထရန့်ကို သမ္မတရာထူးကနေဖယ်ရှားဖို့ လုပ်ဆောင်ခြင်းဖြစ်ဖွယ်ရှိတဲ့ စုံစမ်းမှုတစ်ရပ်ကို လာမယ့်သီတင်းပတ်မှာ ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ကြားနာစစ်ဆေးမယ်လို့ ကွန်ဂရက်ရှိ ဒီမိုကရက်တစ်အမတ်တွေက ကြေညာလိုက်ပါတယ်။ ဒီကြားနာမှုမှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူသုံးဦးက ပထမဆုံး သက်သေခံထွက်ဆိုမှာဖြစ်ပြီး လက်ရှိအချိန်ထိ အောက်လွှတ်တော်အဓိကကော်မတီသုံးခုမှ လွှတ်တော်အမတ်တွေဟာ သက်သေတွေကို တံခါးပိတ်အစည်းအဝေးတွေမှာသာ ကြားနာစစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။ မစ္စတာထရန့်ဟာ ပြိုင်ဘက်နိုင်ငံရေးသမား ဂျိုးဘိုင်ဒင်အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို လူသိရှင်ကြားကြေညာဖို့ ယူကရိန်းနိုင်ငံအား ဖိအားပေးခဲ့တယ်ဆိုပြီး ပြစ်တင်စွပ်စွဲချက်စုံစမ်းရေးအဖွဲ့တွေက အခိုင်အမာပြောဆိုထားပါတယ်။ သူ့အနေနဲ့ အာဏာအလွဲသုံးစားမှုမပြုခဲ့ဘူးလို့ ဒေါ်နယ်ထရန့်ကတော့ ငြင်းဆိုထားပါတယ်။ အမေရိကန်ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းဓါတ်ငွေ့ကုမ္ပဏီတစ်ခမှာ တစ်ချိန်က အလုပ်လုပ်ကိုင်ခဲ့သူ သူ့ရဲ့သားဖြစ်သူတို့ဟာ အကျင့်ပျက်ချစားမှုတွေ လုပ်ဆောင်ခဲ့ကြောင်း မစ္စတာထရန့်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ စွပ်စွဲပြစ်တင်မှု တစ်ရပ်လုပ်ဆောင်ရခြင်းဟာ သမ္မတအပေါ် စစ်ဆေးဖို့အတွက် အချက်အလက်တွေ တည်ဆောက်တာဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုကို ကြီးကြပ်နေတဲ့ အောက်လွှတ်တော်ထောက်လှမ်းရေး ကော်မတီအကြီးအကဲ…
Read More
၂၀၂၀မှာ ဇွဲကပင်တောင်ပေါ်ကို ကေဘယ်ကားစီးပြီး ၄ မိနစ်နဲ့တက်ရောက်နိုင်တော့မယ်
ရန်ကုန် နိုဝင်ဘာ ၇-၂၀၁၉ သိဂီ င်္(VOM) ကရင်ပြည်နယ်၊ ဇွဲကပင်တောင်မှာပြုလုပ်နေတဲ့ ကေဘယ်ကား စီမံကိန်းဟာ (၈၀)ရာခိုင်နှုန်းပြီးစီးနေတဲ့အတွက် လာမယ့်နှစ်မေလမှာ ကေဘယ်ကားစီးပြီး ဇွဲကပင်တောင်ပေါ်ကို ကြာချိန် ၄ မိနစ်နဲ့ တက်ရောက်နိုင်မှာဖြစ်တယ်လို့ ကေဘယ်လ်ကားစခန်းကို တာဝန်ယူတည်ဆောက်နေတဲ့ ဇွဲကပင်မြေနှင့် ကေဘယ်လ်ကား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်ကနေ သိရပါတယ်။ ကေဘယ်ကားစီမံကိန်းကို ဆိုင်းတွဲ ၂ တွဲနဲ့စတင်မှာဖြစ်ပြီး တစ်တွဲကို လူ အယောက် ၅၀ လိုက်ပါစီးနင်းနိုင်ကာ စီးနင်းခကို အသွားအပြန်အတွက် မြန်မာကျပ်ငွေ ၁၀၀၀၀ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။ ” ကေဘယ်လ်ကား တစ်စီးဆင်း တစ်စီးတက် စနစ်ဖြစ်တယ် အော်တိုပေါ့။ အဆင်းမှာတော့ ကြိုးရဲ့ ပွတ်တိုက်မှုကနေ လျပ်စစ် ပြန်ထွက်မယ့် စနစ်တွေလည်း ပါမယ် enegry save ဖြစ်တာပေါ့။ အစောဆုံးပြီးမယ်ဆိုရင် မတ်လ ပိုင်းလောက်ဖြစ်မယ် နောက်ကျရင် မေလ…
Read More
6G မိုဘိုင်းကွန်ရက်နည်းပညာ ဖန်တီးတော့မယ့် တရုတ်နိုင်ငံ
ပေကျင်း၊ နိုဝင်ဘာ-၇-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံဟာ 6G မိုလ်ဘိုင်းဆက်သွယ်ရေး ကွန်ရက်စနစ်ကို တရားဝင်စတင်ပြီး သုတွေသနပြုလုပ်နေပြီလို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက နိုဝင်ဘာ ၇ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး နောက်ဆုံးပေါ် ကြိုးမဲ့ဆက်သွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ တရုတ်အစိုးရဝန်ကြီးဌာနတွေနဲ့ သုတေသနဌာနတွေဟာ 6G နည်းပညာသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဖွဲ့ရန် ယခုသီတင်းပတ်အတွင်းက တွေ့ဆုံခဲ့ကြတယ်လို့ တရုတ်နိုင်ငံ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနက ထုတ်ဝေတဲ့ Science and Technology Daily သတင်းဌာနက ဖော်ပြထားပါတယ်။ မြန်နှုန်းမြင့် 5G နည်းပညာဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး မကြာသေးမှီ လပိုင်းတွေအတွင်းက အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား အဓိကပြသနာတစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအတော်များများကတော့ 4G ကွန်ရက်စနစ်ထက် အချက်အလက်ရရှိမှု အဆ ၂၀ ပိုမိုမြန်ဆန်တဲ့ 5G ကွန်ရက်ကို အသုံးပြုနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပြီး မောင်းသူမဲ့ကားတွေအပါအဝင် နည်းပညာအသစ်အဆန်းတွေမှာပါ အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။…
Read More
မြန်မာနိုင်ငံက ကိုရီးယားကုမ္ပဏီ(၁၀၀)ခန့် ဘင်္ဂလားဒေ့ရှ်ကိုပြောင်းရွှေ့မယ်ဆိုတာ မဟုတ်
ရန်ကုန်၊ နိုဝင်ဘာ ၇-၂၀၁၉ သူရိန်(VOM) မြန်မာနိုင်ငံက ကိုရီးယားကုမ္ပဏီ(၁၀၀)ခန့် စက်မှုလုပ်ငန်းနဲ့ သင့်တော်တဲ့ပတ်ဝန်းကျင် မြန်မာနိုင်ငံမှာမရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မဟုတ်မှန်ဘူးလို့ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ ကိုရီးယားကုမ္ပဏီ(၁၀၀)ခန့် ဘင်္ဂလားဒေ့ရှ်ကိုပြောင်းရွှေ့မယ်ဆိုတာ နိုဝင်ဘာလ ၄ ရက်က ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန် အာဏာပိုင်အဖွဲ့(BEZA)က ပြောတယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာ bdnews24.com မှာဖော်ပြထားတာဖြစ်ပါတယ်။ “ နိုင်ငံတော်အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှုကိုအင်တိုက်အားတိုက်လုပ်ဆောင်နေတဲ့အချိန်မှာ ဒီလိုသတင်းမျိုး ပေါ်ထွက်လာတာ တိုင်းပြည်အတွက်ကောင်းတဲ့အလားအလာမဟုတ်ဘူး။ ကိုရီးယားကုမ္ပဏီရွှေ့မယ်ဆိုတာ ကောလဟာလဖြစ်ပါတယ်။ မဟုတ်ပါဘူး။ ကိုရီးယားစီးပွားရေးသံမှူးနဲ့ ဖုန်းဆက်ပြီးတော့ စကားပြောပြီးပါပြီ။ ဒီအခြေအနေက Business Manတစ်ယောက်က ဘင်္ဂလားဒေ့ရှ်ဘက်မှာပြောတဲ့စကားအပေါ်အခြေခံပြီး ဒီသတင်းကဖြစ်ပေါ်လာတာဖြစ်တယ်တဲ့။ ဒီကိစ္စအပေါ်မထောက်ခံပါဘူး ” လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကိုရီးယားစီးပွားရေးသံမှူး၊ မြန်မာနိုင်ငံဆိုင်ရာစီးပွားရေးသံအမတ်တို့နဲ့ ဆက်သွယ်ပြီး ကိုရီးယားစီးပွားရေးသံမှူးက မဟုတ်မှန်ဘူးလို့လည်း ပြန်လည်ပြောဆိုထားကြောင်း သိရပါတယ်။ ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံအတွင်း ဆဋ္ဌမမြောက်အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့…
Read More
ဦးထွန်းလွင်လို ပညာရှင်မျိုးများပေမယ့် ဦးထွန်းလွင်လို စိတ်ဓာတ်မျိုးရှားတယ်
ဦးထွန်းလွင်လို ပညာရှင်မျိုးများပေမယ့် ဦးထွန်းလွင်လို စိတ်ဓာတ်မျိုးရှားတယ် ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်၊ ၂၀၁၉ အောင်ထူးနိုင်(VOM) မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ နာရေးအခမ်းအနားကို မနေ့က ရန်ကုန်မြို့ရှိ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနာရေးအခမ်းအနားကို တက်ရောက်လာတဲ့ ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျက ဦးထွန်းလွင်လို ပညာရှင်မျိုး များပေမယ့် ဦးထွန်းလွင်လို စိတ်ဓာတ်မျိုးရှားတယ်လို့ ပြောဆိုခဲ့ပါတယ်။ “ဆရာကြီးတို့လို ပညာရှင်တွေတော့ တော်တော်များများရှိကောင်းရှိမှာပါ။ ဒါပေမဲ့ ဆရာကြီးတို့လို စိတ်ဓာတ်မျိုးကို ပြောချင်တာ။ ပညာရှင်တွေများမယ်၊ စိတ်ဓာတ်ကတော့ လောလောဆယ် သိသလောက်ကတော့ တော်တော်ရှားမယ်။ ဘာလို့လည်းဆိုတော့ ပညာရှင်တွေဟာ ဘယ်လိုလူတွေကို ဘယ်လိုအကျိုးပြုရမလဲ။ နိုင်ငံကို ဘယ်လိုအကျိုးပြုရမလဲဆိုတာ တွေးပြီး အကျိုးပြုလုပ်ငန်းထဲမှာ နှစ်မြုပ်တာ၊ အဲဒါက တန်ဖိုး၊ ဆရာကြီးဆုံးသွားတော့ အဲဒီတန်ဖိုးတွေကို ပိုနှမြောမိသလို ပိုလည်းတန်ဖိုးထားမိပါတယ်။ ဒါကြောင့်လည်း ဆရာကြီး ကွယ်လွန်ခြင်း မကွယ်လွန်ခြင်းဟာ တစ်ကဏ္ဍ၊…
Read More
Read More
နှစ်ပေါင်း(၂၀၀)ခန့်ရှိ ဆင်တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အမရပူရမှာတွေ့
Zawgyi မန္တလေး၊ နိုဝင်ဘာ ၇-၂၀၁၉ ရှိုင်းအောင်(VOM) မန္တလေးတိုင်း အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ၊ ရွာဦးကျောင်းတိုက်မှာ ဆွမ်းစားကျောင်းဆောင် ဆောက်ဖို့အတွက် လိုင်းကျင်းတူးရာကနေ နှစ်ပေါင်း(၂၀၀)ခန့်ရှိပြီဖြစ်တဲ့ ဆင်းတစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်းတွေကို နိုဝင်ဘာ၅ရက်နေ့က တွေ့ခဲ့ပါတယ်။ ရှမ်းကလေးကျွန်းကျေးရွာ ရွာဦးကျောင်း ဆရာတော်က ” လိုင်းကျင်းတူးတော့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ အနက် ၇ ပေခန့်ရောက်တော့ လိုင်းကျင်းတူးတဲ့သူက ထွက်လာတဲ့ အစကို အင်္ဂတေလား တခြားဟာလားဆိုပြီး ရေဆေးကြည့်တော့ အံသွားကြီးသဘောမျိုး မေးရိုးကြီးသဘောမျိုးတွေ့ပါတယ် ဒါနဲ့ မြေတူးနေတာကို ရပ်ဆိုင်းပြီး ရှေးဟောင်းသုတေသနဌာနကို ပထမဦးဆုံး ဆက်သွယ်ခဲ့တယ်” လို့ မိန့်ပါတယ်။ ရှေးဟောင်းသုတေသန အတည်ပြုချက်အရ ဒီအရိုးစုဟာ ကျောက်ဖြစ်ရုပ်အကြွင်း ဖြစ်မယ့်အနေအထားမှာပဲ ရှိသေးတယ်လို့ ရှမ်းကလေးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးကပြောပါတယ်။ “ရှေးဟောင်းသုတေသနဌာနအနေနဲ့က တိုင်းထွာ၊ စစ်ဆေး၊ အချက်အလက်တွေ…
Read More
VOM News
FREE
VIEW