ေတာင္သူလယ္သမားေရးရာ ဝန္ႀကီးဌာနထပ္မံတိုးခ်ဲ႕ဖို႔ အဆိုတင္သြင္းမႈ ရႈံးနိမ့္

ေနျပည္ေတာ္၊ ႏို၀င္ဘာ ၇-၂၀၁၉
ကိုထြန္း(VOM)

ေနျပည္ေတာ္မွာ ‌ဒီကေန႔ျပဳလုပ္တဲ့ ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္(၁၄)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးတတိယေန႔မွာ ေတာင္သူလယ္သမားေရးရာ ဝန္ႀကီးဌာနတစ္ခုကို ျပည္ေထာင္စုအဆင့္တြင္ ထပ္မံတိုးခ်ဲ႕ ဖြဲ႕စည္းေပးဖို႔ အဆိုတင္ထားတာကို မဲခြဲဆုံးျဖတ္ခဲ့ရာ အဆိုတင္သြင္းတာရႈံးနိမ့္ခဲ့တယ္လို႔ သိရပါတယ္။

” ေတာင္သူလယ္သမားေတြဟာ အခုအခ်ိန္မွာဆိုရင္ စပါးေဈးက မေကာင္း၊ ေဆာင္းရာသီသီးႏွံ ပဲေဈး ေတြက မေကာင္းျဖစ္ေနတဲ့အခါမွာ ေတာင္သူလယ္သမားေတြဟာ ဒုကၡပင္လယ္ေဝၾကပါတယ္။ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွာလည္း ဝန္ႀကီးဌာန သုံးခုကို ေပါင္းစပ္ထားတဲ့အတြက္ေၾကာင့္၊ တကယ္ေဆာင္႐ြက္ေနတဲ့ ဝန္ႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ားကလည္း ဒီလို ဝန္ႀကီးဌာနမ်ားအားလုံးကို ေပါင္းစပ္ ၿပီးေတာ့ စီမံခန႔္ခြဲမႈဟာ ခက္ခဲတဲ့အေနအထားရွိပါတယ္။ ဒီလို ဦးစီးဌာနေလးေတြမ်ားတဲ့ မႏိုင္မနင္းျဖစ္ေနတဲ့ အထဲထဲကသီးျခားသက္ဆိုင္တဲ့ ေတာင္သူလယ္သမားနဲ႔ အဖြဲ႕အစည္းမ်ားကိုေတာင္သူလယ္ ဆြဲထုတ္ၿပီးေတာ့ သမားေရးရာဝန္ႀကီးဌာနတစ္ခုကို ဖြဲ႕စည္းေပးခ်င္တဲ့ စိတ္ဆႏၵသေဘာအရ ဒီအဆိုကို တင္သြင္းျခင္းျဖစ္ပါ တယ္”လို႔ ေက်ာင္းကုန္းမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းထြန္းကေျပာပါတယ္။

အဆိုျပဳတင္သြင္းလႊာကို လႊတ္ေတာ္ကိုယ္စားလွယ္.၁၄.ဦးကေဆြးေႏြးခဲ့ၾကၿပီး မဲခြဲဆုံးတ္ခဲ့ၾကရာ ေထာက္ခံမဲ ၁၂၇ မဲ ၊ကန႔္ကြက္မဲ ၂၂၁ မဲ၊ ၾကားေနမဲ ၇ မဲ နဲ႔ ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးသိ္န္းထြန္း

Unicode

တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနထပ်မံတိုးချဲ့ဖို့ အဆိုတင်သွင်းမှု ရှုံးနိမ့်

နေပြည်တော်၊ နို၀င်ဘာ ၇-၂၀၁၉
ကိုထွန်း(VOM)

နေပြည်တော်မှာ ‌ဒီကနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတတိယနေ့မှာ တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနတစ်ခုကို ပြည်ထောင်စုအဆင့်တွင် ထပ်မံတိုးချဲ့ ဖွဲ့စည်းပေးဖို့ အဆိုတင်ထားတာကို မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုတင်သွင်းတာရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

” တောင်သူလယ်သမားတွေဟာ အခုအချိန်မှာဆိုရင် စပါးဈေးက မကောင်း၊ ဆောင်းရာသီသီးနှံ ပဲဈေး တွေက မကောင်းဖြစ်နေတဲ့အခါမှာ တောင်သူလယ်သမားတွေဟာ ဒုက္ခပင်လယ်ဝေကြပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှာလည်း ဝန်ကြီးဌာန သုံးခုကို ပေါင်းစပ်ထားတဲ့အတွက်ကြောင့်၊ တကယ်ဆောင်ရွက်နေတဲ့ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများကလည်း ဒီလို ဝန်ကြီးဌာနများအားလုံးကို ပေါင်းစပ် ပြီးတော့ စီမံခန့်ခွဲမှုဟာ ခက်ခဲတဲ့အနေအထားရှိပါတယ်။ ဒီလို ဦးစီးဌာနလေးတွေများတဲ့ မနိုင်မနင်းဖြစ်နေတဲ့ အထဲထဲကသီးခြားသက်ဆိုင်တဲ့ တောင်သူလယ်သမားနဲ့ အဖွဲ့အစည်းများကိုတောင်သူလယ် ဆွဲထုတ်ပြီးတော့ သမားရေးရာဝန်ကြီးဌာနတစ်ခုကို ဖွဲ့စည်းပေးချင်တဲ့ စိတ်ဆန္ဒသဘောအရ ဒီအဆိုကို တင်သွင်းခြင်းဖြစ်ပါ တယ်”လို့ ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းကပြောပါတယ်။

အဆိုပြုတင်သွင်းလွှာကို လွှတ်တော်ကိုယ်စားလှယ်.၁၄.ဦးကဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးတ်ခဲ့ကြရာ ထောက်ခံမဲ ၁၂၇ မဲ ၊ကန့်ကွက်မဲ ၂၂၁ မဲ၊ ကြားနေမဲ ၇ မဲ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း

Related posts

Leave a Comment

VOM News

FREE
VIEW