ျမစ္ဆုံစီမံကိန္း ထာဝရတားဝရမ္းရဖို႔ ႏိုင္ငံေတာ္အစိုးရကို တရားစြဲမယ္

ရန္ကုန္၊ ႏိုဝင္ဘာ ၉-၂၀၁၉
ရန္ေအာင္ထြန္း(VOM)

ျမစ္ဆုံစီမံကိန္း ထာဝရတားဝရမ္းရရွိႏိုင္ဖုိ႔ ႏိုင္ငံေတာ္အစိုးရကို ႏိုဝင္ဘာလကုန္မွာ တရားစြဲဆိုဖို႔ ေဆာင္႐ြက္သြားမယ္လို႔ ေဒသခံတိုင္းရင္းသားေတြရဲ႕ ကိုယ္စားလွယ္အျဖစ္ေဆာင္႐ြက္ေနတဲ့ ေရွ႕ေန ဦးဖိုးျဖဴကေျပာပါတယ္။

ထာဝရတားဝရမ္းထုတ္ေပးေရးအတြက္ ျမစ္ဆုံစီမံကိန္း ေဆာင္႐ြက္ထားတဲ့ ကုမၸဏီႏွစ္ခုကို တရားစြဲဆိုခဲ့တာကို ျမစ္ႀကီးနားခ႐ိုင္တရား႐ုံးက ႏိုဝင္ဘာ ၈ ရက္ေန႔႐ုံးခ်ိန္းမွာ ပယ္ခ်အၿပီးေျပာခဲ့တာပါ။

“ ျမစ္ဆုံစီမံကိန္းဟာ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံေဆာင္႐ြက္ထားတာျဖစ္လို႔ ကုမၸဏီနဲ႔ သက္ဆိုင္ျခင္းမရွိဘူးဆိုၿပီး ေဒသခံကိုယ္စာလွယ္ ဦးဖိုးျဖဴရဲ႕ တရားစြဲဆိုမႈကို ပါတယ္ခ်ခဲ့တာ ” လို႔ ျမစ္ႀကီးနားခ႐ိုင္တရားသူႀကီး ဦးၫြန္႔လင္းကေျပာပါတယ္။

စာခ်ဳပ္ကို ျပည္သူတစ္ရပ္လုံးခ်ျပဖို႔ ၊ မိတၱဴကူးယူခြင့္ျပဳဖို႔ ၊ အၿပီးတိုင္ဖ်က္သိမ္းဖို႔ တရားစြဲဆိုမယ္ အေရးဆိုမယ္ဆိုလွ်င္ စြဲဆိုႏိုင္တဲ့ အခြင့္အေရးမ်ိဳးအဆင့္သင့္ျဖစ္ေနၿပီလို႔လည္း သိရပါတယ္။

“ ႏိုင္ငံေတာ္သမၼတ႐ုံးနဲ႔ လွ်ပ္စစ္ႏွစ္ စြမ္းအင္ ၀န္ႀကီးဆီကို ၿပီးခဲ့တဲ့ သုံးလေလာက္ ကတည္းက အေၾကာင္းၾကားစာ ေပးပို႔ထားၿပီးျဖစ္လို႔ တရားစြဲဆိုႏိုင္တဲ့ အေျခအေနက အဆင္သင့္ျဖစ္ေနၿပီ ” လို႔ ေရွ႕ေနဦးဖိုးျဖဴကေျပာပါတယ္။

ျမစ္ဆုံေရးအားလွ်ပ္စစ္စီမံကိန္းကို တပ္မေတာ္အစိုးရလက္ထက္ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာ ၂၈ ရက္မွာ ျမန္မာ-တ႐ုပ္ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ (MOU) လက္မွတ္ေရးထိုးခဲ့ၿပီး ၂၀၀၉ ဒီဇင္ဘာမွာ ျမစ္ဆုံစီမံကိန္းစာခ်ဳပ္ကို အတည္ျပဳလက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ သိရပါတယ္။

အဲ့ဒီစီမံကိန္း အၿပီးတိုင္ရပ္စဲဖိုနဲ႔ ထာဝရတားဝရမ္းထုတ္ေပးဖို႔ ေအာင္ျမင္သာ၊ မလိယန္၊ က်ိန္ခရမ္ေက်း႐ြာ တို႔က ေဒသခံ ၃၀၂ ဦးကို ဦးေဆာင္ၿပီး ေရွ႕ေနဦးဖိုးျဖဴက စီမံကိန္းလုပ္ေဆာင္ေနတဲ့ ကုမၸဏီေတြကို တရာစြဲဆိုခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ျမစ္ဆံု #တားဝရမ္း

Unicode

မြစ်ဆုံစီမံကိန်း ထာဝရတားဝရမ်းရဖို့ နိုင်ငံတော်အစိုးရကို တရားစွဲမယ်

ရန်ကုန်၊ နိုဝင်ဘာ ၉-၂၀၁၉
ရန်အောင်ထွန်း(VOM)

မြစ်ဆုံစီမံကိန်း ထာဝရတားဝရမ်းရရှိနိုင်ဖို့ နိုင်ငံတော်အစိုးရကို နိုဝင်ဘာလကုန်မှာ တရားစွဲဆိုဖို့ ဆောင်ရွက်သွားမယ်လို့ ဒေသခံတိုင်းရင်းသားတွေရဲ့ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဖိုးဖြူကပြောပါတယ်။

ထာဝရတားဝရမ်းထုတ်ပေးရေးအတွက် မြစ်ဆုံစီမံကိန်း ဆောင်ရွက်ထားတဲ့ ကုမ္ပဏီနှစ်ခုကို တရားစွဲဆိုခဲ့တာကို မြစ်ကြီးနားခရိုင်တရားရုံးက နိုဝင်ဘာ ၈ ရက်နေ့ရုံးချိန်းမှာ ပယ်ချအပြီးပြောခဲ့တာပါ။

“ မြစ်ဆုံစီမံကိန်းဟာ မြန်မာ-တရုတ် နှစ်နိုင်ငံဆောင်ရွက်ထားတာဖြစ်လို့ ကုမ္ပဏီနဲ့ သက်ဆိုင်ခြင်းမရှိဘူးဆိုပြီး ဒေသခံကိုယ်စာလှယ် ဦးဖိုးဖြူရဲ့ တရားစွဲဆိုမှုကို ပါတယ်ချခဲ့တာ ” လို့ မြစ်ကြီးနားခရိုင်တရားသူကြီး ဦးညွန့်လင်းကပြောပါတယ်။

စာချုပ်ကို ပြည်သူတစ်ရပ်လုံးချပြဖို့ ၊ မိတ္တူကူးယူခွင့်ပြုဖို့ ၊ အပြီးတိုင်ဖျက်သိမ်းဖို့ တရားစွဲဆိုမယ် အရေးဆိုမယ်ဆိုလျှင် စွဲဆိုနိုင်တဲ့ အခွင့်အရေးမျိုးအဆင့်သင့်ဖြစ်နေပြီလို့လည်း သိရပါတယ်။

“ နိုင်ငံတော်သမ္မတရုံးနဲ့ လျှပ်စစ်နှစ် စွမ်းအင် ဝန်ကြီးဆီကို ပြီးခဲ့တဲ့ သုံးလလောက် ကတည်းက အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်လို့ တရားစွဲဆိုနိုင်တဲ့ အခြေအနေက အဆင်သင့်ဖြစ်နေပြီ ” လို့ ရှေ့နေဦးဖိုးဖြူကပြောပါတယ်။

မြစ်ဆုံရေးအားလျှပ်စစ်စီမံကိန်းကို တပ်မတော်အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ မြန်မာ-တရုပ် နှစ်နိုင်ငံသဘောတူစာချုပ် (MOU) လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၉ ဒီဇင်ဘာမှာ မြစ်ဆုံစီမံကိန်းစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီစီမံကိန်း အပြီးတိုင်ရပ်စဲဖိုနဲ့ ထာဝရတားဝရမ်းထုတ်ပေးဖို့ အောင်မြင်သာ၊ မလိယန်၊ ကျိန်ခရမ်ကျေးရွာ တို့က ဒေသခံ ၃၀၂ ဦးကို ဦးဆောင်ပြီး ရှေ့နေဦးဖိုးဖြူက စီမံကိန်းလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကို တရာစွဲဆိုခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #မြစ်ဆုံ #တားဝရမ်း

Related posts

Leave a Comment

VOM News

FREE
VIEW