အီရန္နုိင္ငံမွာ ေရနံစိမ္းစည္ေပါင္း ၅၃ ဘီလီယံအထိထုတ္ယူနုိင္တဲ႔ ေရနံသုိက္ၾကီးေတြ႔ရိွ

Zawgyi

 

တီဟီရန္၊ နို၀င္ဘာ-၁၁-၂၀၁၉
မ်ိဳးဆက္ (VOM)

အီရန္နိုိင္ငံရဲ႕ တြင္းထြက္သယံဇာတကို ၃၀ ရာခိုင္နႈန္းအထိတိုးျမင္႔ေပးနိုင္မယ္႔ ေရနံသိုက္ၾကီးတစ္ခုကို ရွာေဖြေတြ႔ရိွထားတယ္လို႔ အီရန္သမၼတ ရူဟာနီက ေၾကညာလိုက္ပါတယ္။

အဲဒီေရနံသိုက္ၾကီးကုိ နုိင္ငံအေနာက္ေတာင္ပိုင္း ခူဇက္စတန္ျပည္နယ္မွာေတြ႔ရိွခဲ႔တာျဖစ္ျပီး အက်ယ္အ၀န္း ၉၂၆ မိုင္ရိ္ွကာ ေရနံစိမ္းစည္ေပါင္း ၅၃ ဘီလီယံအထိ ထုတ္လုပ္နုိင္တယ္လိ္ု႔ သူကေျပာပါတယ္။

အီရန္ဟာ အေမရိကန္ရဲ႕ အေရးယူပိတ္ဆို႔မႈေတြေၾကာင္႔ ျပည္ပနုိင္ငံေတြကို ေရနံတင္ပို႔ေရာင္းခ်ဖို႔အတြက္ ရုန္းကန္ေနရပါတယ္။ ကမၻာအင္အားၾကီးနုိင္ငံေတြနဲ႔ အီရန္တို႔အၾကား ခ်ဳပ္ဆိုထားတဲ႔ န်ဴကလီးယား သေဘာတူညီခ်က္ကေန အေမရိကန္ဟာ ျပီးခဲ႔တဲ႔နွစ္က နႈတ္ထြက္ျပီးေနာက္ အေရးယူပိတ္ဆို႔မႈေတြ ျပန္လည္ခ်မွတ္ခဲ႔တာျဖစ္ပါတယ္။

ေတြ႔ရိွခဲ႔တဲ႔ ေရနံသိုက္အသစ္ဟာ အာဗက္မွာေတြ႔ရိွခဲ႔တ႔ဲ ေရနံစိမ္းစည္ေပါင္း ၆၅ ဘီလီယံထုတ္ယူနိုင္တဲ႔ ေရနံသိုက္ျပီးရင္ အီရန္ရဲ႕ ဒုတိယေျမာက္အၾကီးဆံုး ျဖစ္ပါတယ္။

အိီရန္နိုင္ငံဟာ ကမၻာေပၚမွာ ေရနံအမ်ားဆံုးထုတ္လုပ္တဲ႔နိုင္ငံေတြထဲက တစ္နုိင္ငံျဖစ္ျပီး နွစ္စဥ္ ေဒၚနယ္ဘီလီယံခ်ီျပီး တင္ပို႔ေရာင္းခ်ေနရပါတယ္။ လက္ရိွေတြ႔ရိ္ွျပီးသား ေရနံသိုက္ေတြကေန ေရနံစိမ္းစည္ေပါင္း ၁၅၀ ဘီလီယံအထိ ထုတ္ယူနိုင္တယ္လို႔ အိီရန္သမၼတ ရူဟာနီက ထုတ္ေဖာ္ေျပာဆိုပါတယ္။

Ref : BBC
Photo :Getty Images
#voiceofmyanmar #အီရန္ #ေရနံသိုုက္

Unicode

အီရန်နိုင်ငံမှာ ရေနံစိမ်းစည်ပေါင်း ၅၃ ဘီလီယံအထိထုတ်ယူနိုင်တဲ့ ရေနံသိုက်ကြီးတွေ့ရှိ

တီဟီရန်၊ နိုဝင်ဘာ-၁၁-၂၀၁၉
မျိုးဆက် (VOM)

အီရန်နိုင်ငံရဲ့ တွင်းထွက်သယံဇာတကို ၃၀ ရာခိုင်နှုန်းအထိတိုးမြင့်ပေးနိုင်မယ့် ရေနံသိုက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိထားတယ်လို့ အီရန်သမ္မတ ရူဟာနီက ကြေညာလိုက်ပါတယ်။

အဲဒီရေနံသိုက်ကြီးကို နိုင်ငံအနောက်တောင်ပိုင်း ခူဇက်စတန်ပြည်နယ်မှာတွေ့ရှိခဲ့တာဖြစ်ပြီး အကျယ်အဝန်း ၉၂၆ မိုင်ရိှကာ ရေနံစိမ်းစည်ပေါင်း ၅၃ ဘီလီယံအထိ ထုတ်လုပ်နိုင်တယ်လို့ သူကပြောပါတယ်။

အီရန်ဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် ပြည်ပနိုင်ငံတွေကို ရေနံတင်ပို့ရောင်းချဖို့အတွက် ရုန်းကန်နေရပါတယ်။ ကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့အကြား ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်က နှုတ်ထွက်ပြီးနောက် အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့တာဖြစ်ပါတယ်။

တွေ့ရှိခဲ့တဲ့ ရေနံသိုက်အသစ်ဟာ အာဗက်မှာတွေ့ရှိခဲ့တဲ့ ရေနံစိမ်းစည်ပေါင်း ၆၅ ဘီလီယံထုတ်ယူနိုင်တဲ့ ရေနံသိုက်ပြီးရင် အီရန်ရဲ့ ဒုတိယမြောက်အကြီးဆုံး ဖြစ်ပါတယ်။

အီရန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရေနံအများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်နယ်ဘီလီယံချီပြီး တင်ပို့ရောင်းချနေရပါတယ်။ လက်ရှိတွေ့ရိှပြီးသား ရေနံသိုက်တွေကနေ ရေနံစိမ်းစည်ပေါင်း ၁၅၀ ဘီလီယံအထိ ထုတ်ယူနိုင်တယ်လို့ အီရန်သမ္မတ ရူဟာနီက ထုတ်ဖော်ပြောဆိုပါတယ်။

Ref : BBC
Photo :Getty Images
#voiceofmyanmar #အီရန် #ရေနံသိုက်

Related posts

Leave a Comment

VOM News

FREE
VIEW