အောင်ဘာလေထီ သိန်းတစ်ထောင်ပေါက်မဲလက်မှတ်ကို ဆိုင်ရှင်က မပေးလို့ ထီပေါက်မဲလက်မှတ်ဝယ်ထားသူက တရားစွဲ

အောင်ဘာလေထီ သိန်းတစ်ထောင်ပေါက်မဲလက်မှတ်ကို ဆိုင်ရှင်က မပေးလို့ ထီပေါက်မဲလက်မှတ်ဝယ်ထားသူက တရားစွဲ စစ်ကိုင်း နိုဝင်ဘာ ၁၃ -၂၀၁၉ စောပြည့်ချမ်းသာ(VOM) ပြီးခဲ့တဲ့ ၈ ကြိမ်မြောက်အောင်ဘာလေထီဆုမှာ ကျပ်သိန်းတစ်ထောင်ဆုမဲ ထီလက်မှတ်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ထီထိုးသူ မဇင်ဇင်က တရားလိုလုပ်ပြီး ဒီနေ့ မနက်ပိုင်းက စစ်ကိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ မင်းကွန်းက သူငယ်ချင်းဖြစ်တဲ့ ထီကိုယ်စားလှယ် မစန်းအိခိုင် ဆီကနေ ပြီးခဲ့တဲ့ စက်တင်ဘာ လ ၂၉ ရက်နေ့ က ထီလက်မှတ်ကို အွန်လိုင်းကနေ တစ်ဆင့် မှာယူပြီး ၃၀ ရက်နေ့မှာ မစန်းအိခိုင်ကို ငွေပေးခဲ့တယ်လို့ ထီထိုးသူ မဇင်ဇင်ကပြောပါတယ်။ မစန်းအိခိုင်က သူ ဖုန်းဆက်သွယ်မှာယူထားတဲ့ ထီကို ငွေပေးကာ လက်မှတ်သွားတောင်းရာ ဆိုင်ရှင်က သူမအားတာနဲ့ မိတ်ဆွေများဖြစ်နေတဲ့အတွက် နောက်မှယူဖို့ပြန်ပြောပြီး ထီလက်မှတ်တန်ဖိုးငွေကို မစန်းအိခိုင်က ပေးချေခဲ့တယ်လို့…

Read More

ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေကြောင့် စာသင်ကျောင်းအားလုံး ပိတ်ရတော့မည်

Zawgyi ဟောင်ကောင်၊ နိုဝင်ဘာ-၁၃-၂၀၁၉ မျိုးဆက် (VOM) ဟောင်ကောင်မှာ သယ်ယူပို့ဆောင်ရေးနဲ့ လုံခြုံရေးအကြောင်းပြချက်တွေကြောင့် စာသင်ကျောင်းအားလုံးကို နိုဝင်ဘာ ၁၄ ရက်မှာပိတ်ထားမယ်လို့ ဟောင်ကောင်ပညာရေးဗျူရိုက နိုဝင်ဘာ ၁၃ ရက်မှာထုတ်ပြန် ကြေညာလိုက်ပါတယ်။ ရိုက်တာသတင်းဌာနရဲ့အဆိုအရ ပညာရေးဗျူရိုဟာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေ အားလုံးကိုရပ်တန့်ဖို့အတွက် ဆန္ဒပြသူတွေကို ကြေညာချက်မှာ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ ဆန္ဒပြပွဲတွေကြောင့် ယာဉ်အသွားအလာ၊ အရေးပေါ်အခြေအနေနဲ့ အဓိက ယာဉ်ကြောလိုင်းတွေကို အကြီးအကျယ်ထိခိုက်မှုရှိနေတာကြောင့် စာသင်ကျောင်းတွေပိတ်ထားဖို့ ပညာရေးဗျူရိုက ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ဟောင်ကောင်အစိုးရရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ မငြိမ်မသက်မှုတွေဖြစ်ပွားခဲ့တဲ့ ငါးလတာကာလအတွင်း ယခုသီတင်းပတ်မှာတော့ ဟောင်ကောင်တစ်ဝန်းမှာ လမ်းပိတ်ဆို့တာတွေနဲ့ ဖျက်ဆီးမှုတွေကို ဟောင်ကောင်ဆန္ဒပြသူတွေက အရှိန်မြှင့်လုပ်ဆောင်ပြီးနောက် ပညာရေးဗျူရိုရဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ အရေးကြီးတဲ့ ရထားကွန်ရက်တွေပိတ်သိမ်းရခြင်းအပါအ၀င် စာသင်ကျောင်းတွေနဲ့ ဈေးဝယ်စင်တာတွေ ပိတ်ရခြင်းဟာ အကြပ်အတည်းပြသနာရဲ့ နောက်တစ်ဆင့်ပြီး မြို့တော်ဟာ ချောက်ကမ်းပါးထဲကျဖို့ အနည်းငယ်သာလိုတော့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ…

Read More

ရန်ကုန်မှာ နောက်ဆက်တွဲ ငလျင်လာနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက်၊ ၂၀၁၉ အောင်ထူးနိုင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ ည ၉ နာရီ ၅၄ မိနစ် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက်မိုင် ၃၀ ခန့် ကွာဝေးတဲ့ တိုက်ကြီးမြို့ရဲ့ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၇.၁၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၃) ဒီဂရီ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြုတဲ့ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဲဒီမြေငလျင် လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့ရှိ အဆောက်အဦတချို့ ယိုင်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ မနေ့ညက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်၊ ဦးစံဖေလမ်းမှာရှိတဲ့ RC…

Read More

ဆူမားတြားမြောက်ပိုင်းရှိ အင်ဒိုနီးရှားရဲဌာနချုပ်တစ်ခု အသေခံဗုံးခွဲတိုက်ခိုက်ခံရ

  ဂျကာတာ၊ နိုဝင်ဘာ-၁၃-၂၀၁၉ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားမြောက်ပိုင်း မက်ဒန်မြို့ရှိ ရဲဌာနချုပ်ပြင်ပမှာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ပြစ်မှုကျူးလွန်သူသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်အချို့ဒါဏ်ရာရရှိခဲ့တယ်လို့ နိုဝင်ဘာ ၁၃ ရက်မှာ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီဖြစ်စဉ်ဟာ အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီးဟောင်းတစ်ဦးကို ဓါးနဲ့တိုက်ခိုက်မှုဖြစ်ပွားပြီး တစ်လအကြာမှာ အခုလို တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါပေမယ့် ကမ္ဘာ့ပေါ်မှာ မွတ်စလင်ဦးရေအများစုနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ပြည်တွင်း စစ်သွေးကြွတွေ ပြန်လည်ခေါင်းထောင်လာတာကြောင့် အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ရဲတပ်ဖွဲ့ကိုပစ်မှတ်ထား တိုက်ခိုက်တာတွေလည်းရှိနေပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်သူဟာ တိုက်ခိုက်မှုအတွင်းသေဆုံးသွားပြီး ဒေသစံတော်ချိန် ၈ နာရီ ၅၀ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ ရဲတပ်ဖွဲ့ဝင်အချို့ ဒါဏ်ရာရရှိခဲ့တယ်လို့ ဆူမားတြားမြောက်ပိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒါဆန်အက်မာဂျာက အတည်ပြုပြောဆိုပါတယ်။ ကနဦးစစ်ဆေးမှုတွေအရ ရဲတပ်ဖွဲ့ဝင် ငါးဦးနဲ့ အရပ်သားတစ်ဦး ဒါဏ်ရာရရှိသွားပြီး ဒါဏ်ရာအခြေအနေမစိုးရိမ်ရကြောင်း၊ ရဲတပ်ဖွဲ့မော်တော်ယာဉ်အချို့လည်း…

Read More

ပါချုပ်ဆရာတော်ဘုရားကြီးကို ရာထူးကနေ ဖယ်ရှားဆိုတဲ့ သတင်းထွက်ပေါ်

Zawgyi   မန္တလေး နိုဝင်ဘာ ၁၃-၂၀၁၉ VOM အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသကို လာမယ့်သက်တမ်းအတွက် ပါမောက္ခချုပ်ရာထူးကို ဆက်လက်တိုးမပေးတော့ပဲ ရာထူးက ဖယ်ရှားပေးဖို့ သာသနာရေးဝန်ကြီးဌာနက လျှောက်ထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီကိစ္စ သာသာနာရေးဝန်ကြီးဌာနက ပြည်တွင်းပြည်ပဆက်ဆံရေး ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကိုမေးကြည့်တော့ အစည်းအဝေးထိုင်နေကြောင်းနဲ့ ဒီကိစ္စ သူမသိသေးကြောင်း ပြောပါတယ်။ နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင်အဖွဲ့ဝင် ဆရာတော်ကြီးတပါးကို VOM က လျှောက်ထားကြည့်တော့ တရားဝင်အမိန့်စာမထွက်သေးပေမယ့် သူတို့ကြားသိကြောင်းနဲ့ ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသဟာ သက်တော်လည်းကြီးပြီး ကျမ္မာရေးလည်းမကောင်းတာကြောင့် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ သူ့နေရာကို ဆက်ခံဖို့ ဖြစ်နိုင်ခြေရှိတဲ့ ဆရာတော်တွေကတော့ ဒုတိယပါမောက္ခချုပ်ဖြစ်တဲ့ ဦးအာဒိစ္စဖြစ်နိုင်သလို ဦးစန္ဒဝံသလည်းဖြစ်နိုင်တယ်လို့ မဟနအဖွဲ့ဝင် ဆရာတော်က သူ့အမြင်ကို မိန့်ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ အစိုးရက သက်တမ်းတိုးမပေးဘဲ နားခိုင်းတယ်လို့ အများပြည်သူမထင်အောင် ဆရာတော်ရဲ့…

Read More
VOM News

FREE
VIEW