အတိုင္ပင္ခံ၊ တပ္ခ်ဳပ္နဲ႔ ျမန္မာထိပ္တန္းေခါင္းေဆာင္ေတြ အာဂ်င္တီးနားမွာ တရားစြဲခံရ

အတိုင္ပင္ခံ၊ တပ္ခ်ဳပ္နဲ႔ ျမန္မာထိပ္တန္းေခါင္းေဆာင္ေတြ အာဂ်င္တီးနားမွာ တရားစြဲခံရ

ဗ်ဴနိုေအရိစ္၊ နို၀င္ဘာ-၁၄-၂၀၁၉
မ်ိဳးဆက္(VOM)

ရိုဟင္ဂ်ာမြတ္စလင္ေတြအေပၚ က်ဴးလြန္ခဲ႔တဲ႔ ရာဇ၀တ္မႈေတြအတြက္ အာဂ်င္တီးနားနိုင္ငံမွာ ျမန္မာနိုင္ငံထိပ္တန္းတာ၀န္ရိွသူေတြကို တရားစြဲဆိုခဲ႔ျပီး တရားစြဲခံရသူေတြထဲမွာ နုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္လည္းပါ၀င္ေနျပီး ဒါဟာ ရိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္ျပီး ပထမဆံုးအၾကိမ္အျဖစ္ တရားေရးအရ ပစ္မွတ္ထားခံရတာျဖစ္ပါတယ္။

ဒီတရားစြဲဆိုမႈကို ရိုဟင္ဂ်ာနဲ႔ လက္တင္အေမရိက လူ႔အခြင္႔အေရးအဖြဲ႔ေတြက လုပ္ေဆာင္ခဲ႔တာျဖစ္ျပီး နိုင္ငံအမ်ားအျပားရဲ႕ ဥပေဒအရလက္ခံထားတဲ႔ နိုင္ငံတကာစီရင္ပိုင္ခြင္႔မူအရ အာဂ်င္တီးနားနုိင္ငံမွာ အမႈကိုတင္သြင္းခဲ႔တာျဖစ္ပါတယ္။

စစ္ရာဇ၀တ္မႈက်ဴးလြန္သူေတြ၊ လူသားမ်ိဳးႏြယ္အေပၚ ဆန္႔က်င္သူေတြ၊ လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္သူေတြ ၊ ၾကံရာပါေတြကို ရာဇ၀တ္မႈအရ အေရးယူဖို႔ျဖစ္တယ္လို႔တယ္ တရားလိုေရွ႕ေန Tomas Ojea ကေျပာပါတယ္။

တရားစြဲဆိုမႈမွာေတာ႔ ရိုဟင္ဂ်ာမြတ္စလင္လူနည္းစုရဲ႕ ျဖစ္တည္မႈအေပၚ ျခိမ္းေျခာက္မႈေတြေၾကာင္႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္၊ နုိင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ ျမန္မာစစ္ဘက္နဲ႔ အစိုးရအဖြဲ႔ ထိပ္တန္းေခါင္းေဆာင္ေတြကို အေရးယူေပးဖို႔ ေတာင္းဆိုထားပါတယ္။

အာဂ်င္တီးနားတရားရံုးေတြဟာ စပိန္အာဏာရွင္ေဟာင္း ဆန္ဖရန္စစၥကိုဖရန္ကို၏ အုပ္ခ်ဳပ္မႈနဲ႔ တရုတ္နုိင္ငံ ဖလုန္ဂံုလႈပ္ရွားမႈနဲ႔ ဆက္ႏြယ္တာေတြအပါအ၀င္ အျခားေသာ ကမၻာလံုးဆိုင္ရာတရားစီရင္ခြင္႔ ဆိုင္ရာ ကိစၥေတြမွာ စီရင္လုပ္ေဆာင္ခဲ႔ဖူးပါတယ္။

Ref: CNA
Photo : AFP
#voiceofmyanmar #အာဂ်င္တီးနား #ျမန္မာေခါင္းေဆာင္ေတြတရားစြဲခံရ

Unicode

အတိုင်ပင်ခံ၊ တပ်ချုပ်နဲ့ မြန်မာထိပ်တန်းခေါင်းဆောင်တွေ အာဂျင်တီးနားမှာ တရားစွဲခံရ

ဗျူနိုအေရိစ်၊ နိုဝင်ဘာ-၁၄-၂၀၁၉
မျိုးဆက်(VOM)

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အာဂျင်တီးနားနိုင်ငံမှာ မြန်မာနိုင်ငံထိပ်တန်းတာဝန်ရှိသူတွေကို တရားစွဲဆိုခဲ့ပြီး တရားစွဲခံရသူတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းပါဝင်နေပြီး ဒါဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် တရားရေးအရ ပစ်မှတ်ထားခံရတာဖြစ်ပါတယ်။

ဒီတရားစွဲဆိုမှုကို ရိုဟင်ဂျာနဲ့ လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံအများအပြားရဲ့ ဥပဒေအရလက်ခံထားတဲ့ နိုင်ငံတကာစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံမှာ အမှုကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုကျူးလွန်သူတွေ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သူတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူတွေ ၊ ကြံရာပါတွေကို ရာဇဝတ်မှုအရ အရေးယူဖို့ဖြစ်တယ်လို့တယ် တရားလိုရှေ့နေ Tomas Ojea ကပြောပါတယ်။

တရားစွဲဆိုမှုမှာတော့ ရိုဟင်ဂျာမွတ်စလင်လူနည်းစုရဲ့ ဖြစ်တည်မှုအပေါ် ခြိမ်းခြောက်မှုတွေကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာစစ်ဘက်နဲ့ အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

အာဂျင်တီးနားတရားရုံးတွေဟာ စပိန်အာဏာရှင်ဟောင်း ဆန်ဖရန်စစ္စကိုဖရန်ကို၏ အုပ်ချုပ်မှုနဲ့ တရုတ်နိုင်ငံ ဖလုန်ဂုံလှုပ်ရှားမှုနဲ့ ဆက်နွယ်တာတွေအပါအဝင် အခြားသော ကမ္ဘာလုံးဆိုင်ရာတရားစီရင်ခွင့် ဆိုင်ရာ ကိစ္စတွေမှာ စီရင်လုပ်ဆောင်ခဲ့ဖူးပါတယ်။

Ref: CNA
Photo : AFP
#voiceofmyanmar #အာဂျင်တီးနား #မြန်မာခေါင်းဆောင်တွေတရားစွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW