ရိုဟင္ဂ်ာေတြအေပၚ ျမန္မာနိုင္ငံက က်ဴးလြန္ခဲ႔တဲ႔ရာဇ၀တ္မႈေတြကို စံုစမ္းစစ္ေဆးဖို႔ ICC ခြင္႔ျပဳ

zawgyi

ရိုဟင္ဂ်ာေတြအေပၚ ျမန္မာနိုင္ငံက က်ဴးလြန္ခဲ႔တဲ႔ရာဇ၀တ္မႈေတြကို စံုစမ္းစစ္ေဆးဖို႔ ICC ခြင္႔ျပဳ

သည္ဟိဂ္၊ နို၀င္ဘာ-၁၅-၂၀၁၉
မ်ိဳးဆက္ (VOM)

ျမန္မာနုိင္ငံအေနနဲ႔ ရိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္ျပီး တရားေရးဆိုင္ရာဖိအားေတြနဲ႔ရင္ဆိုင္ေနရခ်ိန္မွာပဲ ရိုဟင္ဂ်ာေတြအေပၚ ရာဇ၀တ္မႈေတြက်ဴးလြန္ေၾကာင္း စြဲစြဲခ်က္ေတြနဲ႔ပတ္သက္ျပီး အျပည္႔အ၀စံုစမ္းစစ္ေဆးဖို႔ နုိင္ငံတကာ ရာဇ၀တ္မႈဆိုင္ရာတရားရုံုး (ICC)က နိုဝင္ဘာ ၁၄ ရက္မွာ ခြင္႔ျပဳလိုက္ပါတယ္။

လူနည္းစု ရိုဟင္ဂ်ာမြတ္စလင္ေတြအေပၚ ၂၀၁၇ ခုနွစ္က ျမန္မာစစ္တပ္ရဲ႕နွိမ္နင္းမႈအေပၚ လူသားမ်ိဳးႏြယ္ကိုဆန္႔က်င္႔တဲ႔ ရာဇ၀တ္မႈေတြနဲ႔ နွိပ္စက္ညွဥ္းပန္းတာေတြန႔ဲပတ္သက္ျပီး စြပ္စြဲခ်က္ေတြကို စံုစမ္းဖို႔ကို တရားသူၾကီးေတြက ေထာက္ခံခဲ႔ပါတယ္။

ICC ရဲ႕ဆံုးျဖတ္ခ်က္ဟာ ရိုဟင္ဂ်ာေတြအေပၚ ရာဇ၀တ္မႈက်ဴးလြန္တာနဲ႔ ပတ္သက္ျပီး အာဂ်င္တီးနားနိုင္ငံက တရားစြဲဆိုမႈတစ္ရပ္မွာ ျမန္မာ႔ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အမည္ပါ၀င္လာျပီးေနာက္ ထြက္ေပၚလာတာျဖစ္ပါတယ္။ ျမန္မာနုိ္င္ငံအေနနဲ႔ လူမ်ိဳးတုန္းသတ္ျဖတ္မႈအတြက္ ကုလသမဂၢအျမင္႔ဆံုး တရားရံုးျဖစ္တဲ႔ ICJ မွာလည္း သီးျခား အမႈရင္ဆိုင္ရဖို႔ရိွေနပါတယ္။

ျမန္မာနိုင္ငံနဲ႔ပတ္သက္တာတဲ႔ ရာဇ၀တ္မႈဆိုင္ရာ စြပ္စြဲခ်က္ေတြကို ICC ရဲ႕တရားစီရင္ပိုင္ခြင္႔အတြင္းကေန စံုစမ္းစစ္ေဆးမႈတစ္ရပ္လုပ္ေဆာင္ဖို႔အတြက္ ေရွ႕ေနေတြကို လုပ္ပိုင္ခြင္႔ေပးလိုက္ျပီလို႔ တရားရံုးကဆိုပါတယ္။

ျမန္မာနိုင္ငံအေပၚစြပ္စဲြမႈေတြမွာေတာ႔ အၾကမ္းဖက္မႈေတြကို စနစ္တက်လုပ္ေဆာင္ျခင္း၊ လူသားမ်ိဳးႏြယ္အေပၚဆန္႔က်င္တဲ႔ရာဇ၀တ္မႈအျဖစ္ ရိုဟင္ဂ်ာေတြကို ေမာင္းထုတ္ျခင္း၊ လူမ်ိဳးေရး သို႔မဟုတ္ ဘာသာေရးအရ နွိပ္စက္ညွင္းပန္းျခင္း တို႔ပါ၀င္ပါတယ္။

သည္ဟိတ္အေျခစိုက္ ICC ကို ကမၻာ႔ေပၚက အဆိုးရြားဆံုး ရာဇ၀တ္မႈေတြကိုစီရင္ဖို႔အတြက္ ၂၀၀၂ ခုနွစ္မွာ ဖြဲ႔စည္းခဲ႔ျပီး ျမန္မာနုိင္ငံကေတာ႔ အဖြဲ႔၀င္နိုင္ငံအျဖစ္ ပါ၀င္ျခင္းမရွိပါဘူး။ ဒါေပမယ္႔လည္း ဒုကၡသည္ေတြကို လက္ခံထားတဲ႔ ဘဂၤလားေဒ႔ရွ္နုိင္ငံဟာ အဖြဲ႔၀င္နုိင္ငံျဖစ္တာေၾကာင္႔ ရိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ခဲ႔တဲ႔ ရာဇ၀တ္မႈေတြကို စီရင္ပိုင္ခြင္႔ရိွတယ္လို႔ တရားရံုးကေန လြန္ခဲ႔တဲ႔နွစ္က ဆံုးျဖတ္ခဲ႔ပါတယ္။

Ref : CNA
Photo :AFP
#voiceofmyanmar #ရိုုဟင္ဂ်ာ #အိုုင္စီစီ #သည္ဟိတ္

Unicode

 

ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ICC ခွင့်ပြု

သည်ဟိဂ်၊ နိုဝင်ဘာ-၁၅-၂၀၁၉
မျိုးဆက် (VOM)

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး တရားရေးဆိုင်ရာဖိအားတွေနဲ့ရင်ဆိုင်နေရချိန်မှာပဲ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေကျူးလွန်ကြောင်း စွဲစွဲချက်တွေနဲ့ပတ်သက်ပြီး အပြည့်အဝစုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC)က နိုဝင်ဘာ ၁၄ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။

လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့နှိမ်နင်းမှုအပေါ် လူသားမျိုးနွယ်ကိုဆန့်ကျင့်တဲ့ ရာဇဝတ်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေကို စုံစမ်းဖို့ကို တရားသူကြီးတွေက ထောက်ခံခဲ့ပါတယ်။

ICC ရဲ့ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုကျူးလွန်တာနဲ့ ပတ်သက်ပြီး အာဂျင်တီးနားနိုင်ငံက တရားစွဲဆိုမှုတစ်ရပ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမည်ပါဝင်လာပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ မှာလည်း သီးခြား အမှုရင်ဆိုင်ရဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တာတဲ့ ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ICC ရဲ့တရားစီရင်ပိုင်ခွင့်အတွင်းကနေ စုံစမ်းစစ်ဆေးမှုတစ်ရပ်လုပ်ဆောင်ဖို့အတွက် ရှေ့နေတွေကို လုပ်ပိုင်ခွင့်ပေးလိုက်ပြီလို့ တရားရုံးကဆိုပါတယ်။

မြန်မာနိုင်ငံအပေါ်စွပ်စွဲမှုတွေမှာတော့ အကြမ်းဖက်မှုတွေကို စနစ်တကျလုပ်ဆောင်ခြင်း၊ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ရာဇဝတ်မှုအဖြစ် ရိုဟင်ဂျာတွေကို မောင်းထုတ်ခြင်း၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးအရ နှိပ်စက်ညှင်းပန်းခြင်း တို့ပါဝင်ပါတယ်။

သည်ဟိတ်အခြေစိုက် ICC ကို ကမ္ဘာ့ပေါ်က အဆိုးရွားဆုံး ရာဇဝတ်မှုတွေကိုစီရင်ဖို့အတွက် ၂၀၀၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံကတော့ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စီရင်ပိုင်ခွင့်ရှိတယ်လို့ တရားရုံးကနေ လွန်ခဲ့တဲ့နှစ်က ဆုံးဖြတ်ခဲ့ပါတယ်။

Ref : CNA
Photo :AFP
#voiceofmyanmar #ရိုဟင်ဂျာ #အိုင်စီစီ #သည်ဟိတ်

Related posts

Leave a Comment

VOM News

FREE
VIEW