စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနနှစ်ခုကို ပူးပေါင်းလျှင် စက်မှုလက်မှု အသွင်ကူးပြောင်းရေးအတွက် ရလဒ်ကောင်းမည်ဟုဆို

Zawgyi စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနနှစ်ခုကို ပူးပေါင်းလျှင် စက်မှုလက်မှု အသွင်ကူးပြောင်းရေးအတွက် ရလဒ်ကောင်းမည်ဟုဆို နေပြည်တော်၊ နိုဝင်ဘာ ၁၅၊ ၂၀၁၉ သီရိ (VOM) စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာန နှစ်ခုကို ပူးပေါင်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စက်မှုလက် မှုလုပ်ငန်းတွေ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် အခုထက် ပိုမိုမြန်ဆန်ထိရောက်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ အ သွင်းကူးပြောင်းမှု ရလဒ်တွေကို ရရှိမှာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဆက် အောင်က ပြောပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင် သတ်မှတ်ဖွဲ့စည်းရေးကိစ္စနဲ့ စပ်လျှဉ်းရှင်းလင်းချိန်မှာ ပြောဆိုသွားတာဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာနမှာ ဦးစီးဌာန ၃ ခုနဲ့ လုပ်ငန်း ၄ ခုရှိပြီး ဦးစီးဌာန ၃ ခုမှာ…

Read More

လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းပြီး ကျပ်သိန်းသုံးထောင်နဲ့ ပြန်ရွေးခိုင်းတာ ဓါးပြသာသာလုပ်ရပ်အ ဆင့်သာဖြစ်

Zawgyi နေပြည်တော်၊ နိုဝင်ဘာ ၁၅၊ ၂၀၁၉ သီရိ (VOM) လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းပြီး ကျပ်သိန်းသုံးထောင်နဲ့ ပြန်ရွေးခိုင်းတာ ဓါးပြသာသာလုပ်ရပ်အ ဆင့်သာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။ နိုဝင်ဘာလ ၁၅ ရက်က နေပြည်တော်သမ္မတအိမ်တော်သတင်းစာရှင်းလင်းရေးခန်းမမှာ လုပ်တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၁ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်မယ့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို လာရောက်နေတဲ့ ခရီးစဉ်အတွင်း ရခိုင်လက် နက်ကိုင်အဖွဲ့ အေအေက ဖမ်းဆီခေါ်ဆောင်ထားပြီး ငွေကျပ် သိန်းသုံးထောင်နဲ့ ပြန်လည်ရွေးယူဖို့ ထုတ်ပြန် ချက်တစ်ခု ထုတ်ပြန်ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူလူထုက ရွေးချယ်ထားတဲ့သူ၊ ဥပဒေပြုရေးမဏ္ဍိုင်ကိုလည်း ကိုယ်စားပြုသူလည်းဖြစ်လို့ ၎င်းကို…

Read More

ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ရဲ့ ပူးတွဲထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရွေးကော် ပြင်းထန်စွာ သတိပေး

ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ရဲ့ ပူးတွဲထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရွေးကော် ပြင်းထန်စွာ သတိပေး နေပြည်တော် နိုဝင်ဘာ ၁၅၊ ၂၀၁၉၊ အောင်ထူးနိုင်(VOM) ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ရဲ့ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်းထန်တဲ့ သတိပေးချက်တစ်ရပ်ကို မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ က ပါတီတာဝန်ရှိသူတွေ လက်မှတ်ရေးထိုးပြီး နိုဝင်ဘာ ၂ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်အပေါ် အဲဒီသဘောထားထုတ်ပြန်ကြေညာ ချက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့စပ်လျဉ်းလို့ မမှန်ကန်တဲ့ အထောက်အထားမရှိတဲ့ သတင်းအချက် အလက်တွေကို ရေးသားဖော်ပြထားတာကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီရေးသားဖော်ပြချက်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေတဲ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့အညီ ကျင်းပပေးမယ့်…

Read More

ဟောင်ကောင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်သမ္မတရှီကျင်းပင် သတိပေးပြီ

ဟောင်ကောင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်သမ္မတရှီကျင်းပင် သတိပေးပြီ ပေကျင်း၊ နိုဝင်ဘာ-၁၅-၂၀၁၉ မျိုးဆက် (VOM) တစ်ပတ်အတွင်း လူနှစ်ဦးသေဆုံးစေခဲ့ပြီး အကြမ်းဖက်မှုတွေပိုမိုဆိုးရွားလာနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်က ဆန္ဒပြပွဲတွေဟာ တစ်ပြည်ထောင်စနစ်နှစ်ခု အုပ်ချုပ်ရေးမူဝါဒကို ခြိမ်းခြောက်နေတယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က နိုဝင်ဘာ ၁၄ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ဟောင်ကောင်အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ကို မပြောင်းမလဲထောက်ခံနေတယ်လို့ သူက ကထပ်လောင်းပြောကြားခဲ့ပြီး ဆန္ဒပြသူတွေရဲ့ မကြာသေးမီကလုပ်ရပ်တွေဟာ တစ်ပြည်ထောင် စနစ်နှစ်မျိုး အခြေခံမူဝါဒကို ဆိုးဆိုးရွားရွားစိန်ခေါ်နေတယ်လို့ ရှီကျင်းပင်က သတိပေးလိုက်ပါတယ်။ ယခင်ကာလတွေအတိုင်း ပြန်လည်တည်ငြိမ်ရေး လုပ်ဆောင်နေချိန်မှာ အကြမ်းဖက်မှုတွေရပ်တန့်ရေးနဲ့ ပရမ်းပတာဖြစ်နေတာတွေကို ထိန်းချုပ်ဖို့ က လက်ရှိအချိန်မှာ ဟောင်ကောင်ရဲ့ အရေးတကြီး လုပ်ဆောင်ရမယ့်ကိစ္စဖြစ်တယ်လို့ သူကဆိုပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဗြိတိသျှအုပ်ချုပ်မှုကနေ တရုတ်နိုင်ငံသို့လွှဲပြောင်းပေးချိန်မှစပြီး ဟောင်ကောင်ကို တရုတ်ပြည်မကြီးထက် ပိုမိုလွတ်လပ်ခွင့်ကိုအာမခံတဲ့ ထူးခြားတဲ့ စနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့်…

Read More

အရွယ်ရောက်ပြီးသူ ၁၁ ဦးမှာတစ်ဦးနှုန်း ဆီးချိုရောဂါ ခံစားနေရ

အရွယ်ရောက်ပြီးသူ ၁၁ ဦးမှာတစ်ဦးနှုန်း ဆီးချိုရောဂါ ခံစားနေရ ပါရီ၊ နိုဝင်ဘာ-၁၅-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသူ ၁၁ ဦးမှာ တစ်ဦးနှုန်း ဆီးချိုရောဂါခံစားနေရပြီး စုစုပေါင်း ဆီးချိုရောဂါဝေဒနာသည် သန်း ၄၆၀ ကျော်ရှိပြီး ကိုယ်လက်လှုပ်ရှားပြုလုပ်ဖို့ အချိန်နည်းပါးတဲ့ လူနေမှုပုံစံကြောင့်ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ်က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ ဆီးချိုရောဂါဝေဒနာသည် ၄၆၃ သန်းကနေ ၂၀၃၀ ခုနှစ်မှာ ၅၇၈ သန်း၊ ၂၀၄၅ ခုနှစ်တော့ သန်း ၇၀၀ အထိရှိလာမှာဖြစ်ပြီး လူသေဆုံးစေသည့် ထိပ်တန်းရောဂါဆယ်မျိုးမှာ ပါဝင်တဲ့ ဆီးချိုရောဂါ ကုသရေးနဲ့ စီမံခန့်ခွဲရေးတို့အတွက် စိန်ခေါ်မှုတွေကြီးမားလာနေကြောင်း အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ်ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဆီးချိုရောဂါဖြစ်ပွားမှုဟာ ၂၀၁၇ ခုနှစ်မှာပြုလုပ်ခဲတဲ့ စစ်တမ်းထက် ဖြစ်ပွားမှုနှုန်းမှာ…

Read More

မူးယစ်ဆေးဝါးဖမ်းဆီမှုအတွက် စစ်ကိုင်းတိုင်ဝန်ကြီးချုပ်က ချီးမြှင့်တဲ့ဆုငွေ တလကျော်သည်ထိ ကာယကံရှင်မရတဲ့အပြင် ဆုရတဲ့ ဒုရဲအုပ်လည်း အေအေဖမ်းဆီးခံရတဲ့ထဲ ပါနေ

မူးယစ်ဆေးဝါးဖမ်းဆီမှုအတွက် စစ်ကိုင်းတိုင်ဝန်ကြီးချုပ်က ချီးမြှင့်တဲ့ဆုငွေ တလကျော်သည်ထိ ကာယကံရှင်မရတဲ့အပြင် ဆုရတဲ့ ဒုရဲအုပ်လည်း အေအေဖမ်းဆီးခံရတဲ့ထဲ ပါနေ စစ်ကိုင်း နိုဝင်ဘာ ၁၅ -၂၀၁၉ ရှိုင်းအောင်(VOM) မှုယစ်ဆေးဝါးအများဆုံးဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဂုဏ်ပြုချီးမြှင့်တဲ့ ငွေ ကျပ်ငါးသိန်းဟာ တလကျော်လာပေမယ့် ကာယကံရှင်မိသားစုဆီကို မရောက်သေးကြောင်း သိရပါတယ်။ အင်းတော်မြို့မရဲစခန်းက ဒုရဲအုပ် ဇော်သူနဲ့ အဖွဲ့က ကျပ်သိန်း ၁၅၄၀ ခန့် တန်းဖိုးရှိတဲ့ မှုးယစ်ဆေးဝါးတွေကို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့အာက်တိုဘာလ ၁ ရက်နေ့က မုံရွာမြို့၊မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ ဒုရဲအုပ် ဇော်သူနဲ့အဖွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ငွေ ကျပ်ငါးသိန်း ချီးမြှင်ခဲ့ပေမယ့်လည်း ငွေ ကျပ်ငါးသိန်းဟာ တစ်လကျော်ကြာတဲ့အထိ မရရှိသေးဘူးလို့ ဒုရဲအုပ် ဇော်သူ ရဲ့ဇနီး ဒေါ်သဲအိဇာ ကပြောပါတယ်။ ”မှုးယစ်ဆေးဝါးအများဆုံးဖမ်းဆီးရမိတဲ့ အတွက်…

Read More

လိင်လုပ်သားတွေနဲ့ဆိုင်တဲ့ ဥပဒေသစ်ပြင်ဆင်ရေးစွဲမှု အကြမ်းပြီးစီးလို့သိရ

လိင်လုပ်သားတွေနဲ့ဆိုင်တဲ့ ဥပဒေသစ်ပြင်ဆင်ရေးစွဲမှု အကြမ်းပြီးစီးလို့သိရ မန္တလေး နိုဝင်ဘာ ၁၅-၂၀၁၉ ဖြူဖြူ (VOM) လက်ရှိကျင့်သုံးနေတဲ့၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေဟာ ခေတ်ကာလနဲ့ မလျော်ညီတော့တဲ့အတွက် အသစ်ပြင်ဆင်ပြဋ္ဌာန်းနိုင်ဖို့ ရေးဆွဲနေပြီး အကြမ်းပြီးစီးနေပြီလို့ အဲဒီဥပဒေသစ်ရေးဆွဲရာမှာ ပါဝင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေထံက သိရပါတယ်။ “အင်္ဂလိပ်လက်ထက်ကတည်းက ရေးဆွဲထားတဲ့ဥပဒေဆိုတော့ တချို့စကားလုံးတွေက နားလည်ရခက်တယ်။ အဓိပ္ပါယ်တွေကလည်း အခုခေတ်နဲ့ဆိုမလျော်ညီတော့ဘူးလေ။ ဥပမာ လျှပ်ပေါ်လော်လီဆိုတဲ့ စကားလုံးဆိုရင်တခြားမိန်းကလေးတွေလည်းဝတ်ကြတာပဲ။ အဲလိုဝတ်စားဆင်ယင်မှုနဲ့တင်ဖမ်းလို့ရတဲ့ဥပဒေကိုထုတ်ပြန်ထားတာ၊ ဟိုတုန်းကတော့ နှိပ်ကွပ်ရေး ပပျောက်ရေးဆိုပြီးလုပ်ခဲ့တာပေါ့လေ။” လို့ Sex worker in Myanmar Network ဥက္ကဌ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။ ဒါ့အပြင်အဲဒီဥပဒေဟာ လိုသလို ဖမ်းဆီးခွင့်ရှိတဲ့ အခွင့်အရေးတွေပါရှိနေပြီး လိင်လုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် ဥပဒေအကာအကွယ်မရရှိသလို တန်းတူညီမျှရေးတွေလည်း ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။ လက်ရှိပြင်ဆင်ရေးစွဲနေတဲ့ဥပဒေသစ်ကို ပြည့်တန်ဆာဆိုင်ရာ ဥပဒေလို့ အမည်ပေးထားပြီး အဲဒီဥပဒေကို လူမှုဝန်ထမ်းဦးစီးဌာနတာဝန်ရှိသူတွေ ဥပဒေပညာရှင်တွေ NGO အဖွဲ့အစည်းတွေနဲ့…

Read More

ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက ကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ICC ခွင့်ပြု

zawgyi ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက ကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ICC ခွင့်ပြု သည်ဟိဂ်၊ နိုဝင်ဘာ-၁၅-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး တရားရေးဆိုင်ရာဖိအားတွေနဲ့ရင်ဆိုင်နေရချိန်မှာပဲ ရိုဟင်ဂျာတွေအပေါ် ရာဇ၀တ်မှုတွေကျူးလွန်ကြောင်း စွဲစွဲချက်တွေနဲ့ပတ်သက်ပြီး အပြည့်အ၀စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာတရားရုံး (ICC)က နိုဝင်ဘာ ၁၄ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။ လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့နှိမ်နင်းမှုအပေါ် လူသားမျိုးနွယ်ကိုဆန့်ကျင့်တဲ့ ရာဇ၀တ်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေကို စုံစမ်းဖို့ကို တရားသူကြီးတွေက ထောက်ခံခဲ့ပါတယ်။ ICC ရဲ့ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေအပေါ် ရာဇ၀တ်မှုကျူးလွန်တာနဲ့ ပတ်သက်ပြီး အာဂျင်တီးနားနိုင်ငံက တရားစွဲဆိုမှုတစ်ရပ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမည်ပါဝင်လာပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ မှာလည်း သီးခြား အမှုရင်ဆိုင်ရဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တာတဲ့ ရာဇ၀တ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ICC…

Read More

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်ရေး တိုင်းရင်းသားတွေ ဆန္ဒထုတ်ဖော်မယ်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်ရေး တိုင်းရင်းသားတွေ ဆန္ဒထုတ်ဖော်မယ် ပလက်ဝ၊ နိုဝင်ဘာ ၁၅ -၂၀၁၉ မင်းရန်နိုင်(VOM) AA အဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်ရေးအတွက် ချင်းတိုင်းရင်းသားတွေအပါအဝင် တခြားတိုင်းရင်းသားတွေစုပြီး ရန်ကုန်မှာ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားမယ်လို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီရဲ့ ညှိနှိုင်းရေးမှူး ဦးစောမြက ဒီနေ့ VOM ကို ပြောပါတယ်။ “ကျွန်တော်တို့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းလွတ်မြောက်ရေးအတွက် ပြင်ဆင်နေတယ်။ အဓိကတော့ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအဖမ်းခံရတာနဲ့ ဒေါက်တာအေးမောင် အဖမ်းခံရတဲ့ ပုံစံချင်းမတူဘူးဆိုတာရယ်၊ လူအခွင့်အရေးချိုးဖောက်ခံရတယ်ဆိုတာကို ပြချင်တဲ့ သဆဘာပါပဲ” လို့ ဦးစောမြက ပြောပါတယ်။ NLD ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ AA အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ ဦးဝှေ့တင်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ…

Read More

ရွှေပြည်သာမြို့နယ်မှာ ဆောက်နေတဲ့ အိမ်ရာစီမံကိန်း ခြောက်ဆယ်ရာခိုင်နှုန်းပြီးစီး

Zawgyi ရွှေပြည်သာမြို့နယ်မှာ ဆောက်နေတဲ့ အိမ်ရာစီမံကိန်း ခြောက်ဆယ်ရာခိုင်နှုန်းပြီးစီး ရန်ကုန် နိုဝင်ဘာ ၁၅-၂၀၁၉ မိုးယံ(VOM) ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်(၁၉)ရပ်ကွက်မှာ ဖော်ဆောင်ဆောက်လုပ်နေတဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုအဖွဲ့အစည်း အခြေပြု အိမ်ရာ စီမံကိန်း ခြောက်ဆယ်ရာခိုင်နှုန်းပြီးစီးနေပြီလို့ သိရပါတယ်။   ‟စီမံကိန်းစနစ်ကတော့ ခြောက်မြို့နယ်မှာ စနေပါပြီ ရွှေပြည်သာကတော့ ခြောက်ဆယ်ရာခိုင်နှုန်းပြီးနေပါပြီ သွပ်မိုး ငါးထပ်သားခင်း ကျောက်ပြားကာ အလျား၂၅ပေ အနံ၁၂ပေနဲ့ အလျား ၂၅ပေ အနံ၁၄ပေ ရှိတဲ့အိမ်တွေဆောက်ပေးနေတာပါ။ တစ်ချို့အိမ်တွေက တိုင်ထောင်သွပ်မိုးပြီး တစ်ချို့အိမ်တွေက တိုင်ထူးထားပါတယ် လာမယ့်ဒီဇင်ဘာလကုန်လောက်မှာ လူနေလို့ရပါပြီ။ တောင်ဒဂုံနဲ့မြောက်ဒဂုံမှာလည်း ဆက်တိုက်ဆောက်လုပ်ပေးသွားမှာပါလို့” အဆိုပါစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းတည်ထောင်သူ ဒေါ်ဗန်လီဇာအောင်ကပြောပါတယ်။ ရွှေပြည်သာမြို့နယ် အမှတ်(၁၉)ရပ်ကွက်ရှိ စီမံကိန်းမှာပါဝင်ကြတဲ့ အိမ်မဲ့ပြည်သူတွေဟာ တစ်လ ၇၉၅၀၀ကျပ် လစဉ်ပေးသွင်းရမှာဖြစ်ပြီး လပေါင်း ၇၀ကြာပေးသွင်းရမည်ဖြစ်ကြောင်းနှင့်အိမ်ခြေ ၂၆၄လုံးကို…

Read More
VOM News

FREE
VIEW