အရြယ္ေရာက္ျပီးသူ ၁၁ ဦးမွာတစ္ဦးနႈန္း ဆီးခ်ိဳေရာဂါ ခံစားေနရ

အရြယ္ေရာက္ျပီးသူ ၁၁ ဦးမွာတစ္ဦးနႈန္း ဆီးခ်ိဳေရာဂါ ခံစားေနရ

ပါရီ၊ နို၀င္ဘာ-၁၅-၂၀၁၉
မ်ိဳးဆက္ (VOM)

ကမၻာေပၚရိွ အရြယ္ေရာက္ျပီးသူ ၁၁ ဦးမွာ တစ္ဦးနႈန္း ဆီးခ်ိဳေရာဂါခံစားေနရျပီး စုစုေပါင္း ဆီးခ်ိဳေရာဂါေ၀ဒနာသည္ သန္း ၄၆၀ ေက်ာ္ရိွျပီး ကိုယ္လက္လႈပ္ရွားျပဳလုပ္ဖို႔ အခ်ိန္နည္းပါးတဲ႔ လူေနမႈပံုစံေၾကာင္႔ဆီးခ်ိဳေရာဂါျဖစ္ပြားမႈနႈန္း ျမင္႔တက္လာတာျဖစ္တယ္လို႔ အျပည္ျပည္ဆိုင္ရာ ဆီးခ်ိဳေရာဂါအဖြဲ႔ခ်ဳပ္က နို၀င္ဘာ ၁၄ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

လက္ရိွမွာ ဆီးခ်ိဳေရာဂါေ၀ဒနာသည္ ၄၆၃ သန္းကေန ၂၀၃၀ ခုနွစ္မွာ ၅၇၈ သန္း၊ ၂၀၄၅ ခုနွစ္ေတာ႔ သန္း ၇၀၀ အထိရိွလာမွာျဖစ္ျပီး လူေသဆံုးေစသည္႔ ထိပ္တန္းေရာဂါဆယ္မ်ိဳးမွာ ပါ၀င္တဲ႔ ဆီးခ်ိဳေရာဂါ ကုသေရးနဲ႔ စီမံခန္႔ခြဲေရးတို႔အတြက္ စိန္ေခၚမႈေတြၾကီးမားလာေနေၾကာင္း အျပည္ျပည္ဆိုင္ရာ ဆီးခ်ိဳေရာဂါအဖြဲ႔ခ်ဳပ္ရဲ႕ ေနာက္ဆံုးထုတ္ျပန္တဲ႔ အခ်က္အလက္ေတြမွာ ေဖာ္ျပထားပါတယ္။

ဆီးခ်ိဳေရာဂါျဖစ္ပြားမႈဟာ ၂၀၁၇ ခုနွစ္မွာျပဳလုပ္ခဲတဲ႔ စစ္တမ္းထက္ ျဖစ္ပြားမႈနႈန္းမွာ ၃၈ သန္းပိုမိုျမင္႔တက္လာျပီး အရြယ္ေရာက္ျပီးသူ ထက္၀က္ေက်ာ္ဟာ ေရာဂါျဖစ္ပြားေနတာကို မသိရိွၾကေၾကာင္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဆီးခ်ိဳေရာဂါေၾကာင္႔ လူ႔သက္တမ္းတိုေစျခင္း၊ က်န္းမာေရးကုန္က်မႈစရိတ္အမ်ားအျပား ကုန္က်ျခင္းကို ျဖစ္ေပၚေစတဲ႔ နွလံုးေရာဂါ၊ ေလျဖတ္ျခင္းနဲ႔ ႔ ဆိုးရြားတဲ႔ ေဆးဘက္ဆုိင္ရာ အေျခအေနေတြလိုမ်ိဳး ကိုယ္ခံစားစနစ္က်ဆင္းတာမ်ိဳးေတြကိုလည္း ပိုမိုခံစားလာရပါတယ္။

အမ်ိဳးအစား ၂ ဟာဆီးခ်ိဳေရာဂါသည္ ေ၀ဒနာရွင္အမ်ားစုမွာ ခံစားေနရျပီး အ၀လြန္ျခင္းနဲ႔ အျခားေသာ လူေနမႈပံုစံမ်ားနဲ႔ဆက္စပ္ေနပါတယ္။ အမ်ိဳးအစား ၂ ဆီးခ်ိဳဟာ အရြယ္ေရာက္ျပီးသူေတြမွာ ျဖစ္ပြားေနၾကလို ကေလးငယ္မွာလည္း ျဖစ္ပြားမႈျမင္႔မားေနပါတယ္။

အမ်ိဳးအစား ၁ ဆီးခ်ိဳေရာဂါကေတာ႔ ေသြးတြင္းသၾကားဓါတ္ကို ထိန္းညိွေပးတဲ႔ အင္ဆူလင္ေဟာ္မုန္းကို ပန္းကရိယမွ လံုေလာက္စြာထုတ္လုပ္မေပးနုိင္တာေၾကာင္႔ ေရာဂါျဖစ္ပြားျခင္းျဖစ္ျပီး ကာကြယ္တားဆီး၍မရတဲ႔အဆင္႔ျဖစ္ပါတယ္။

Ref : CNA
Photo :AFP

အရွယ်ရောက်ပြီးသူ ၁၁ ဦးမှာတစ်ဦးနှုန်း ဆီးချိုရောဂါ ခံစားနေရ

ပါရီ၊ နိုဝင်ဘာ-၁၅-၂၀၁၉
မျိုးဆက် (VOM)

ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသူ ၁၁ ဦးမှာ တစ်ဦးနှုန်း ဆီးချိုရောဂါခံစားနေရပြီး စုစုပေါင်း ဆီးချိုရောဂါဝေဒနာသည် သန်း ၄၆၀ ကျော်ရှိပြီး ကိုယ်လက်လှုပ်ရှားပြုလုပ်ဖို့ အချိန်နည်းပါးတဲ့ လူနေမှုပုံစံကြောင့်ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ်က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ ဆီးချိုရောဂါဝေဒနာသည် ၄၆၃ သန်းကနေ ၂၀၃၀ ခုနှစ်မှာ ၅၇၈ သန်း၊ ၂၀၄၅ ခုနှစ်တော့ သန်း ၇၀၀ အထိရှိလာမှာဖြစ်ပြီး လူသေဆုံးစေသည့် ထိပ်တန်းရောဂါဆယ်မျိုးမှာ ပါဝင်တဲ့ ဆီးချိုရောဂါ ကုသရေးနဲ့ စီမံခန့်ခွဲရေးတို့အတွက် စိန်ခေါ်မှုတွေကြီးမားလာနေကြောင်း အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ်ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ဆီးချိုရောဂါဖြစ်ပွားမှုဟာ ၂၀၁၇ ခုနှစ်မှာပြုလုပ်ခဲတဲ့ စစ်တမ်းထက် ဖြစ်ပွားမှုနှုန်းမှာ ၃၈ သန်းပိုမိုမြင့်တက်လာပြီး အရွယ်ရောက်ပြီးသူ ထက်ဝက်ကျော်ဟာ ရောဂါဖြစ်ပွားနေတာကို မသိရှိကြကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆီးချိုရောဂါကြောင့် လူ့သက်တမ်းတိုစေခြင်း၊ ကျန်းမာရေးကုန်ကျမှုစရိတ်အများအပြား ကုန်ကျခြင်းကို ဖြစ်ပေါ်စေတဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ဆိုးရွားတဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေတွေလိုမျိုး ကိုယ်ခံစားစနစ်ကျဆင်းတာမျိုးတွေကိုလည်း ပိုမိုခံစားလာရပါတယ်။

အမျိုးအစား ၂ ဟာဆီးချိုရောဂါသည် ဝေဒနာရှင်အများစုမှာ ခံစားနေရပြီး အဝလွန်ခြင်းနဲ့ အခြားသော လူနေမှုပုံစံများနဲ့ဆက်စပ်နေပါတယ်။ အမျိုးအစား ၂ ဆီးချိုဟာ အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်ပွားနေကြလို ကလေးငယ်မှာလည်း ဖြစ်ပွားမှုမြင့်မားနေပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါကတော့ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းကို ပန်းကရိယမှ လုံလောက်စွာထုတ်လုပ်မပေးနိုင်တာကြောင့် ရောဂါဖြစ်ပွားခြင်းဖြစ်ပြီး ကာကွယ်တားဆီး၍မရတဲ့အဆင့်ဖြစ်ပါတယ်။

Ref : CNA
Photo :AFP

Related posts

Leave a Comment

VOM News

FREE
VIEW