ေ႐ႊျပည္သာၿမိဳ႕နယ္မွာ ေဆာက္ေနတဲ႕ အိမ္ရာစီမံကိန္း ေျခာက္ဆယ္ရာခိုင္ႏႈန္းၿပီးစီး

Zawgyi

ေ႐ႊျပည္သာၿမိဳ႕နယ္မွာ ေဆာက္ေနတဲ႕ အိမ္ရာစီမံကိန္း ေျခာက္ဆယ္ရာခိုင္ႏႈန္းၿပီးစီး

ရန္ကုန္ ႏိုဝင္ဘာ ၁၅-၂၀၁၉
မိုးယံ(VOM)

ရန္ကုန္တိုင္း ေ႐ႊျပည္သာၿမိဳ႕နယ္(၁၉)ရပ္ကြက္မွာ ေဖာ္ေဆာင္ေဆာက္လုပ္ေနတဲ့
ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕ လူမႈအဖြဲ႕အစည္း အေျချပဳ အိမ္ရာ စီမံကိန္း
ေျခာက္ဆယ္ရာခိုင္ႏႈန္းၿပီးစီးေနၿပီလို႔ သိရပါတယ္။

 

‟စီမံကိန္းစနစ္ကေတာ့ ေျခာက္ၿမိဳ႕နယ္မွာ စေနပါၿပီ ေ႐ႊျပည္သာကေတာ့ ေျခာက္ဆယ္ရာခိုင္ႏႈန္းၿပီးေနပါၿပီ သြပ္မိုး ငါးထပ္သားခင္း ေက်ာက္ျပားကာ အလ်ား၂၅ေပ အနံ၁၂ေပနဲ႔ အလ်ား ၂၅ေပ အနံ၁၄ေပ ရွိတဲ့အိမ္ေတြေဆာက္ေပးေနတာပါ။
တစ္ခ်ိဳ႕အိမ္ေတြက တိုင္ေထာင္သြပ္မိုးၿပီး တစ္ခ်ိဳ႕အိမ္ေတြက တိုင္ထူးထားပါတယ္ လာမယ့္ဒီဇင္ဘာလကုန္ေလာက္မွာ လူေနလို႔ရပါၿပီ။ ေတာင္ဒဂုံနဲ႔ေျမာက္ဒဂုံမွာလည္း ဆက္တိုက္ေဆာက္လုပ္ေပးသြားမွာပါလို႔”

အဆိုပါစီမံကိန္းကို အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေနတဲ့ ပ်ိဳေမ့အိမ္ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းတည္ေထာင္သူ ေဒၚဗန္လီဇာေအာင္ကေျပာပါတယ္။

ေ႐ႊျပည္သာၿမိဳ႕နယ္ အမွတ္(၁၉)ရပ္ကြက္ရွိ စီမံကိန္းမွာပါဝင္ၾကတဲ႕ အိမ္မဲ့ျပည္သူေတြဟာ တစ္လ ၇၉၅၀၀က်ပ္ လစဥ္ေပးသြင္းရမွာျဖစ္ျပီး လေပါင္း ၇၀ၾကာေပးသြင္းရမည္ျဖစ္ေၾကာင္းႏွင့္အိမ္ေျခ ၂၆၄လုံးကို ကနဦးအသုတ္အေနနဲ႔ စိစစ္ေနရာခ်ထားေပးမွာျဖစ္တယ္လို႔သိရပါတယ္။

အိမ္ရာစီမံကိန္းေဆာက္ေနတာမွာ ေျမေနရာေပးျခင္း ေရ ၊ မီး ၊ လမ္း စတဲ့အေျခခံအေဆာက္အအုံမ်ားတည္ေဆာက္ေပးျခင္းကို ရန္ကုန္တိုင္း ေဒသႀကီးအစိုးရကပံ့ပိုးေပးထားၿပီးရပ္႐ြာလူထု စာရင္းဇယားျပဳလုပ္ျခင္း၊ အခ်က္အလက္ ေကာက္ခံျခင္း ၊ ေငြစုေငြေခ်းဖြဲ႕စည္းျခင္း စတဲ့နည္းပညာမ်ားသင္ၾကားေပးျခင္း၊ ျပည္သူလူထုနဲ႔ဗိသုကာပညာရွင္မ်ား၊ နည္းပညာရွင္မ်ားခ်ိတ္ဆက္ေပးၿပီးအိမ္ပုံစံဒီဇိုင္းမ်ားကို အတူတကြ ပူးေပါင္းေရးဆြဲကာ ဘဏ္ေတြကေငြေခ်းေပးတာေတြကိုု ပ်ိဳေမ့အိမ္က ပံပိုးကူညီ ေဆာင္႐ြက္ေပးေနတယ္လိုု႕ သိရပါတယ္။

လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ ေတာင္ဒဂုံ ၊ ေျမာက္ဒဂုံ ၊ ဒဂုံအေရွ႕ ၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ေတြမွာ
အစုအဖြဲ႕ပိုင္အိမ္ယာစီမံကိန္းေဖာ္ေဆာင္ေနတာျဖစ္ျပီး တလကိုု အိမ္ရာ အခန္းတစ္ေသာင္းႏႈန္းစီလ်ာထားကာ ၿမိဳ႕နယ္အားလုံးတစ္ၿပိဴင္နက္ေဖာ္ေဆာင္ေနတာျဖစ္ပါတယ္။

#voiceofmyanmar #ေရႊျပည္သာအိမ္ရာ

Unicode

ရွှေပြည်သာမြို့နယ်မှာ ဆောက်နေတဲ့ အိမ်ရာစီမံကိန်း ခြောက်ဆယ်ရာခိုင်နှုန်းပြီးစီး

ရန်ကုန် နိုဝင်ဘာ ၁၅-၂၀၁၉
မိုးယံ(VOM)

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်(၁၉)ရပ်ကွက်မှာ ဖော်ဆောင်ဆောက်လုပ်နေတဲ့
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုအဖွဲ့အစည်း အခြေပြု အိမ်ရာ စီမံကိန်း
ခြောက်ဆယ်ရာခိုင်နှုန်းပြီးစီးနေပြီလို့ သိရပါတယ်။

‟စီမံကိန်းစနစ်ကတော့ ခြောက်မြို့နယ်မှာ စနေပါပြီ ရွှေပြည်သာကတော့ ခြောက်ဆယ်ရာခိုင်နှုန်းပြီးနေပါပြီ သွပ်မိုး ငါးထပ်သားခင်း ကျောက်ပြားကာ အလျား၂၅ပေ အနံ၁၂ပေနဲ့ အလျား ၂၅ပေ အနံ၁၄ပေ ရှိတဲ့အိမ်တွေဆောက်ပေးနေတာပါ။
တစ်ချို့အိမ်တွေက တိုင်ထောင်သွပ်မိုးပြီး တစ်ချို့အိမ်တွေက တိုင်ထူးထားပါတယ် လာမယ့်ဒီဇင်ဘာလကုန်လောက်မှာ လူနေလို့ရပါပြီ။ တောင်ဒဂုံနဲ့မြောက်ဒဂုံမှာလည်း ဆက်တိုက်ဆောက်လုပ်ပေးသွားမှာပါလို့”

အဆိုပါစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းတည်ထောင်သူ ဒေါ်ဗန်လီဇာအောင်ကပြောပါတယ်။

ရွှေပြည်သာမြို့နယ် အမှတ်(၁၉)ရပ်ကွက်ရှိ စီမံကိန်းမှာပါဝင်ကြတဲ့ အိမ်မဲ့ပြည်သူတွေဟာ တစ်လ ၇၉၅၀၀ကျပ် လစဉ်ပေးသွင်းရမှာဖြစ်ပြီး လပေါင်း ၇၀ကြာပေးသွင်းရမည်ဖြစ်ကြောင်းနှင့်အိမ်ခြေ ၂၆၄လုံးကို ကနဦးအသုတ်အနေနဲ့ စိစစ်နေရာချထားပေးမှာဖြစ်တယ်လို့သိရပါတယ်။

အိမ်ရာစီမံကိန်းဆောက်နေတာမှာ မြေနေရာပေးခြင်း ရေ ၊ မီး ၊ လမ်း စတဲ့အခြေခံအဆောက်အအုံများတည်ဆောက်ပေးခြင်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရကပံ့ပိုးပေးထားပြီး
ရပ်ရွာလူထု စာရင်းဇယားပြုလုပ်ခြင်း၊ အချက်အလက် ကောက်ခံခြင်း ၊ ငွေစုငွေချေးဖွဲ့စည်းခြင်း
စတဲ့နည်းပညာများသင်ကြားပေးခြင်း၊ ပြည်သူလူထုနဲ့ဗိသုကာပညာရှင်များ၊ နည်းပညာရှင်များချိတ်ဆက်ပေးပြီးအိမ်ပုံစံဒီဇိုင်းများကို အတူတကွ ပူးပေါင်းရေးဆွဲကာ ဘဏ်တွေကငွေချေးပေးတာတွေကို ပျိုမေ့အိမ်က ပံပိုးကူညီ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ ၊ ဒဂုံအရှေ့ ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ
အစုအဖွဲ့ပိုင်အိမ်ယာစီမံကိန်းဖော်ဆောင်နေတာဖြစ်ပြီး တလကို အိမ်ရာ အခန်းတစ်သောင်းနှုန်းစီလျာထားကာ မြို့နယ်အားလုံးတစ်ပြိူင်နက်ဖော်ဆောင်နေတာဖြစ်ပါတယ်။

#voiceofmyanmar #ရွှေပြည်သာအိမ်ရာ

Related posts

Leave a Comment

VOM News

FREE
VIEW