လိင္လုပ္သားေတြနဲ႔ဆိုင္တဲ့ ဥပေဒသစ္ျပင္ဆင္ေရးစြြဲမႈ အၾကမ္းၿပီးစီးလို႔သိရ

လိင္လုပ္သားေတြနဲ႔ဆိုင္တဲ့ ဥပေဒသစ္ျပင္ဆင္ေရးစြြဲမႈ အၾကမ္းၿပီးစီးလို႔သိရ

မႏၲေလး ႏိုဝင္ဘာ ၁၅-၂၀၁၉
ျဖဴျဖဴ (VOM)

လက္ရွိက်င့္သုံးေနတဲ့၁၉၄၉ ခုႏွစ္ ျပည့္တန္ဆာႏွိပ္ကြပ္ေရးဥပေဒဟာ ေခတ္ကာလနဲ႔ မေလ်ာ္ညီေတာ့တဲ့အတြက္ အသစ္ျပင္ဆင္ျပ႒ာန္းႏိုင္ဖို႔ ေရးဆြဲေနၿပီး အၾကမ္းၿပီးစီးေနၿပီလို႔
အဲဒီဥပေဒသစ္ေရးဆြဲရာမွာ ပါဝင္တဲ့ အရပ္ဖက္အဖြဲ႕အစည္းေတြထံက သိရပါတယ္။

“အဂၤလိပ္လက္ထက္ကတည္းက ေရးဆြဲထားတဲ့ဥပေဒဆိုေတာ့ တခ်ိဳ႕စကားလုံးေတြက နားလည္ရခက္တယ္။ အဓိပၸါယ္ေတြကလည္း အခုေခတ္နဲ႔ဆိုမေလ်ာ္ညီေတာ့ဘူးေလ။ ဥပမာ လွ်ပ္ေပၚေလာ္လီဆိုတဲ့ စကားလုံးဆိုရင္တျခားမိန္းကေလးေတြလည္းဝတ္ၾကတာပဲ။ အဲလိုဝတ္စားဆင္ယင္မႈနဲ႔တင္ဖမ္းလို႔ရတဲ့ဥပေဒကိုထုတ္ျပန္ထားတာ၊ ဟိုတုန္းကေတာ့ ႏွိပ္ကြပ္ေရး ပေပ်ာက္ေရးဆိုၿပီးလုပ္ခဲ့တာေပါ့ေလ။” လို႔ Sex worker in Myanmar Network ဥကၠဌ ေဒၚႏွင္းႏွင္းယုက ေျပာပါတယ္။

ဒါ့အျပင္အဲဒီဥပေဒဟာ လိုသလို ဖမ္းဆီးခြင့္ရွိတဲ့ အခြင့္အေရးေတြပါရွိေနၿပီး လိင္လုပ္ငန္းလုပ္ကိုင္ေနသူေတြအတြက္ ဥပေဒအကာအကြယ္မရရွိသလို တန္းတူညီမွ်ေရးေတြလည္း ဆုံးရႈံးေနတယ္လို႔ ဆိုပါတယ္။

လက္ရွိျပင္ဆင္ေရးစြဲေနတဲ့ဥပေဒသစ္ကို ျပည့္တန္ဆာဆိုင္ရာ ဥပေဒလို႔ အမည္ေပးထားၿပီး အဲဒီဥပေဒကို လူမႈဝန္ထမ္းဦးစီးဌာနတာဝန္ရွိသူေတြ ဥပေဒပညာရွင္ေတြ NGO အဖြဲ႕အစည္းေတြနဲ႔ လိင္လုပ္သားေတြရဲ႕အသံကိုနားေထာင္ၿပီး ၂၀၁၃ ခုႏွစ္ကတည္းကေဆာင္႐ြက္ေနခဲ့တာလို႔ သိရပါတယ္။

လိင္လုပ္ငန္းလုပ္ကိုင္ခဲ့ဖူးသူ အမ်ိဳးသမီးတစ္ဦးကလည္း “ အမ်ားစုက ဒီလုပ္ငန္းကို ေပ်ာ္လို႔ လုပ္ေနၾကတာမဟုတ္ဘူးေလ။ သူ႔ဘဝအေျခအေနေတြေၾကာင့္ လုပ္ခဲ့ၾကရတာ။ ဒါကို အလုပ္တစ္ခုလို႔ မျမင္ဘဲ ခြဲျခားဆက္ဆံခံရတာေတြရွိတယ္။ ကိုယ္ကဒါကိုလုပ္ေနေပမယ့္ ကိုယ္လမ္းေက်ာဆင္းေနတဲ့အခ်ိန္ ကိုယ္ထိလက္ေရာက္အႏိုင္က်င့္ခံရလို႔ ရဲစခန္းသြားတိုင္ရင္ေတာင္
အေရးမလုပ္တာေတြရွိတယ္။”လို႔ ဆိုပါတယ္။

ဒါေၾကာင့္ လိင္လုပ္ငန္းလုပ္ကိုင္သူေတြခြဲျခားႏွိမ့္ခ်ဆက္ဆံတာ ပေပ်ာက္ေစခ်င္ၿပီး ဒါကို အလုပ္တစ္ခုလို ျမင္ေစခ်င္ေၾကာင္း သူမကေျပာပါတယ္။

ဒါ့အျပင္ လိင္လုပ္ငန္းလုပ္ကိုင္သူေတြရွိေနျခင္းအားျဖင့္ သက္ငယ္မုဒိမ္းေတြ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေတြေလ်ာ့ႏိုင္တယ္လို႔ လိင္လုပ္သားအေရးေဆာင္႐ြက္ေနသူေတြက လည္းေျပာပါတယ္။

လိင္လုပ္သားေတြခြဲျခားဆက္ဆံမခံရဖို႔ အသိပညာေပးးေဆြးေႏြးပြဲကို ႏိုဝင္ဘာ ၁၄ရက္ေန႔က မႏၲေလးၿမိဳ႕ ဟိုတယ္မာဗယ္မွာ က်င္းပခဲ့ၿပီး အဲဒီေဆြးေႏြးပြဲမွာ
လက္ရွိက်င့္သုံးေနတဲ့ ျပည့္တန္ဆာႏွိပ္ကြပ္ေရး ဥပေဒနဲ႔ အသစ္ျပင္ဆင္ေရးစြဲေနတဲ့ ျပည့္တန္ဆာဆိုင္ရာဥပေဒအေၾကာင္းကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

#voiceofmyanmar #မႏၲေလး #ျပည့္တန္ဆာဥပေဒ #လိင္လုပ္သား

Unicode

လိင်လုပ်သားတွေနဲ့ဆိုင်တဲ့ ဥပဒေသစ်ပြင်ဆင်ရေးစွဲမှု အကြမ်းပြီးစီးလို့သိရ

မန္တလေး နိုဝင်ဘာ ၁၅-၂၀၁၉
ဖြူဖြူ (VOM)

လက်ရှိကျင့်သုံးနေတဲ့၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေဟာ ခေတ်ကာလနဲ့ မလျော်ညီတော့တဲ့အတွက် အသစ်ပြင်ဆင်ပြဋ္ဌာန်းနိုင်ဖို့ ရေးဆွဲနေပြီး အကြမ်းပြီးစီးနေပြီလို့
အဲဒီဥပဒေသစ်ရေးဆွဲရာမှာ ပါဝင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေထံက သိရပါတယ်။

“အင်္ဂလိပ်လက်ထက်ကတည်းက ရေးဆွဲထားတဲ့ဥပဒေဆိုတော့ တချို့စကားလုံးတွေက နားလည်ရခက်တယ်။ အဓိပ္ပါယ်တွေကလည်း အခုခေတ်နဲ့ဆိုမလျော်ညီတော့ဘူးလေ။ ဥပမာ လျှပ်ပေါ်လော်လီဆိုတဲ့ စကားလုံးဆိုရင်တခြားမိန်းကလေးတွေလည်းဝတ်ကြတာပဲ။ အဲလိုဝတ်စားဆင်ယင်မှုနဲ့တင်ဖမ်းလို့ရတဲ့ဥပဒေကိုထုတ်ပြန်ထားတာ၊ ဟိုတုန်းကတော့ နှိပ်ကွပ်ရေး ပပျောက်ရေးဆိုပြီးလုပ်ခဲ့တာပေါ့လေ။” လို့ Sex worker in Myanmar Network ဥက္ကဌ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။

ဒါ့အပြင်အဲဒီဥပဒေဟာ လိုသလို ဖမ်းဆီးခွင့်ရှိတဲ့ အခွင့်အရေးတွေပါရှိနေပြီး လိင်လုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် ဥပဒေအကာအကွယ်မရရှိသလို တန်းတူညီမျှရေးတွေလည်း ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

လက်ရှိပြင်ဆင်ရေးစွဲနေတဲ့ဥပဒေသစ်ကို ပြည့်တန်ဆာဆိုင်ရာ ဥပဒေလို့ အမည်ပေးထားပြီး အဲဒီဥပဒေကို လူမှုဝန်ထမ်းဦးစီးဌာနတာဝန်ရှိသူတွေ ဥပဒေပညာရှင်တွေ NGO အဖွဲ့အစည်းတွေနဲ့ လိင်လုပ်သားတွေရဲ့အသံကိုနားထောင်ပြီး ၂၀၁၃ ခုနှစ်ကတည်းကဆောင်ရွက်နေခဲ့တာလို့ သိရပါတယ်။

လိင်လုပ်ငန်းလုပ်ကိုင်ခဲ့ဖူးသူ အမျိုးသမီးတစ်ဦးကလည်း “ အများစုက ဒီလုပ်ငန်းကို ပျော်လို့ လုပ်နေကြတာမဟုတ်ဘူးလေ။ သူ့ဘဝအခြေအနေတွေကြောင့် လုပ်ခဲ့ကြရတာ။ ဒါကို အလုပ်တစ်ခုလို့ မမြင်ဘဲ ခွဲခြားဆက်ဆံခံရတာတွေရှိတယ်။ ကိုယ်ကဒါကိုလုပ်နေပေမယ့် ကိုယ်လမ်းကျောဆင်းနေတဲ့အချိန် ကိုယ်ထိလက်ရောက်အနိုင်ကျင့်ခံရလို့ ရဲစခန်းသွားတိုင်ရင်တောင်
အရေးမလုပ်တာတွေရှိတယ်။”လို့ ဆိုပါတယ်။

ဒါကြောင့် လိင်လုပ်ငန်းလုပ်ကိုင်သူတွေခွဲခြားနှိမ့်ချဆက်ဆံတာ ပပျောက်စေချင်ပြီး ဒါကို အလုပ်တစ်ခုလို မြင်စေချင်ကြောင်း သူမကပြောပါတယ်။

ဒါ့အပြင် လိင်လုပ်ငန်းလုပ်ကိုင်သူတွေရှိနေခြင်းအားဖြင့် သက်ငယ်မုဒိမ်းတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလျော့နိုင်တယ်လို့ လိင်လုပ်သားအရေးဆောင်ရွက်နေသူတွေက လည်းပြောပါတယ်။

လိင်လုပ်သားတွေခွဲခြားဆက်ဆံမခံရဖို့ အသိပညာပေးးဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ရက်နေ့က မန္တလေးမြို့ ဟိုတယ်မာဗယ်မှာ ကျင်းပခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ
လက်ရှိကျင့်သုံးနေတဲ့ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေနဲ့ အသစ်ပြင်ဆင်ရေးစွဲနေတဲ့ ပြည့်တန်ဆာဆိုင်ရာဥပဒေအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

#voiceofmyanmar #မန္တလေး #ပြည့်တန်ဆာဥပဒေ #လိင်လုပ်သား

Related posts

Leave a Comment

VOM News

FREE
VIEW