ေဟာင္ေကာင္ဆႏၵျပပြဲေတြနဲ႔ ပတ္သက္ျပီး တရုတ္သမၼတရိွီက်င္းပင္ သတိေပးျပီ

ေဟာင္ေကာင္ဆႏၵျပပြဲေတြနဲ႔ ပတ္သက္ျပီး တရုတ္သမၼတရိွီက်င္းပင္ သတိေပးျပီ

ေပက်င္း၊ နို၀င္ဘာ-၁၅-၂၀၁၉
မ်ိဳးဆက္ (VOM)

တစ္ပတ္အတြင္း လူနွစ္ဦးေသဆံုးေစခဲ႔ျပီး အၾကမ္းဖက္မႈေတြပိုမိုဆိုးရြားလာေနတဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင္႔ရ ေဟာင္ေကာင္က ဆႏၵျပပြဲေတြဟာ တစ္ျပည္ေထာင္စနစ္နွစ္ခု အုပ္ခ်ဳပ္ေရးမူ၀ါဒကို ျခိမ္းေျခာက္ေနတယ္လို႔ တရုတ္သမၼတ ရိွီက်င္းပင္က နို၀င္ဘာ ၁၄ ရက္မွာ သတိေပးေျပာဆိုလိုက္ပါတယ္။

တရုတ္နုိင္ငံဟာ ေဟာင္ေကာင္အစိုးရအဖြဲ႔နဲ႔ ရဲတပ္ဖြဲ႔တို႕ကို မေျပာင္းမလဲေထာက္ခံေနတယ္လို႔ သူက ကထပ္ေလာင္းေျပာၾကားခဲ႔ျပီး ဆႏၵျပသူေတြရဲ႕ မၾကာေသးမီကလုပ္ရပ္ေတြဟာ တစ္ျပည္ေထာင္ စနစ္နွစ္မ်ိဳး အေျခခံမူ၀ါဒကို ဆိုးဆိုးရြားရြားစိန္ေခၚေနတယ္လို႔ ရီွက်င္းပင္က သတိေပးလိုက္ပါတယ္။

ယခင္ကာလေတြအတိုင္း ျပန္လည္တည္ျငိမ္ေရး လုပ္ေဆာင္ေနခ်ိန္မွာ အၾကမ္းဖက္မႈေတြရပ္တန္႔ေရးနဲ႔ ပရမ္းပတာျဖစ္ေနတာေတြကို ထိန္းခ်ဳပ္ဖို႔ က လက္ရိွအခ်ိန္မွာ ေဟာင္ေကာင္ရဲ႕ အေရးတၾကီး လုပ္ေဆာင္ရမယ္႔ကိစၥျဖစ္တယ္လို႔ သူကဆိုပါတယ္။

၁၉၉၇ ခုနွစ္မွာ ျဗိတိသွ်အုပ္ခ်ဳပ္မႈကေန တရုတ္နုိင္ငံသို႔လႊဲေျပာင္းေပးခ်ိန္မွစျပီး ေဟာင္ေကာင္ကို တရုတ္ျပည္မၾကီးထက္ ပိုမိုလြတ္လပ္ခြင္႔ကိုအာမခံတဲ႔ ထူးျခားတဲ႔ စနစ္နဲ႔ အုပ္ခ်ဳပ္ခဲ႔ပါတယ္။

ဒါေပမယ္႔္ ယခုအခါရုပ္သိမ္းလိုက္ျပီျဖစ္တဲ႔ တရုတ္နုိင္ငံသို႔ တရားခံလႊဲေျပာင္းေရးဥပေဒၾကမ္း ကိုဆန္႔က်င္တာကစျပီး ဆႏၵျပပြဲေတြျဖစ္ပြားခဲ႔ျပီး ဒီမိုကေရစီအေရးနဲ႔ ႔ ရဲတပ္ဖြဲ႔ရဲ႕ အၾကမ္းဖက္မႈေတြကို အေရးယူေပးေရးေတာင္းဆိုမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ပြားခဲ႔ကာ တရုတ္ျပည္မၾကီးရဲ႕ အခြင္႔အာဏာကို စိန္ေခၚတဲ႔ ဆႏၵျပပြဲေတြေဟာင္ေကာင္အနွံ႕ျဖစ္ပြားခဲ႔ပါတယ္။

Ref : CNA
Photo : Kyodo
#voiceofmyanmar #ေဟာင္ေကာင္ဆႏၵျပပြဲ #တရုုတ္သမၼတ

Unicode

ဟောင်ကောင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်သမ္မတရှီကျင်းပင် သတိပေးပြီ

ပေကျင်း၊ နိုဝင်ဘာ-၁၅-၂၀၁၉
မျိုးဆက် (VOM)

တစ်ပတ်အတွင်း လူနှစ်ဦးသေဆုံးစေခဲ့ပြီး အကြမ်းဖက်မှုတွေပိုမိုဆိုးရွားလာနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်က ဆန္ဒပြပွဲတွေဟာ တစ်ပြည်ထောင်စနစ်နှစ်ခု အုပ်ချုပ်ရေးမူဝါဒကို ခြိမ်းခြောက်နေတယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က နိုဝင်ဘာ ၁၄ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ဟောင်ကောင်အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ကို မပြောင်းမလဲထောက်ခံနေတယ်လို့ သူက ကထပ်လောင်းပြောကြားခဲ့ပြီး ဆန္ဒပြသူတွေရဲ့ မကြာသေးမီကလုပ်ရပ်တွေဟာ တစ်ပြည်ထောင် စနစ်နှစ်မျိုး အခြေခံမူဝါဒကို ဆိုးဆိုးရွားရွားစိန်ခေါ်နေတယ်လို့ ရှီကျင်းပင်က သတိပေးလိုက်ပါတယ်။

ယခင်ကာလတွေအတိုင်း ပြန်လည်တည်ငြိမ်ရေး လုပ်ဆောင်နေချိန်မှာ အကြမ်းဖက်မှုတွေရပ်တန့်ရေးနဲ့ ပရမ်းပတာဖြစ်နေတာတွေကို ထိန်းချုပ်ဖို့ က လက်ရှိအချိန်မှာ ဟောင်ကောင်ရဲ့ အရေးတကြီး လုပ်ဆောင်ရမယ့်ကိစ္စဖြစ်တယ်လို့ သူကဆိုပါတယ်။

၁၉၉၇ ခုနှစ်မှာ ဗြိတိသျှအုပ်ချုပ်မှုကနေ တရုတ်နိုင်ငံသို့လွှဲပြောင်းပေးချိန်မှစပြီး ဟောင်ကောင်ကို တရုတ်ပြည်မကြီးထက် ပိုမိုလွတ်လပ်ခွင့်ကိုအာမခံတဲ့ ထူးခြားတဲ့ စနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။

ဒါပေမယ့် ယခုအခါရုပ်သိမ်းလိုက်ပြီဖြစ်တဲ့ တရုတ်နိုင်ငံသို့ တရားခံလွှဲပြောင်းရေးဥပဒေကြမ်း ကိုဆန့်ကျင်တာကစပြီး ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး ဒီမိုကရေစီအရေးနဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို အရေးယူပေးရေးတောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ကာ တရုတ်ပြည်မကြီးရဲ့ အခွင့်အာဏာကို စိန်ခေါ်တဲ့ ဆန္ဒပြပွဲတွေဟောင်ကောင်အနှံ့ဖြစ်ပွားခဲ့ပါတယ်။

Ref : CNA
Photo : Kyodo
#voiceofmyanmar #ဟောင်ကောင်ဆန္ဒပြပွဲ #တရုတ်သမ္မတ

Related posts

Leave a Comment

VOM News

FREE
VIEW