အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း လြတ္ေျမာက္ေရး တိုင္းရင္းသားေတြ ဆႏၵထုတ္ေဖာ္မယ္

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း လြတ္ေျမာက္ေရး တိုင္းရင္းသားေတြ ဆႏၵထုတ္ေဖာ္မယ္

ပလက္ဝ၊ ႏိုဝင္ဘာ ၁၅ -၂၀၁၉

မင္းရန္ႏိုင္(VOM)

AA အဖြဲ႕က ဖမ္းဆီးထားတဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း လြတ္ေျမာက္ေရးအတြက္ ခ်င္းတိုင္းရင္းသားေတြအပါအဝင္ တျခားတိုင္းရင္းသားေတြစုုျပီး ရန္ကုန္မွာ လမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္သြားမယ္လို႔ ခ်င္းအရပ္ဘက္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီရဲ႕ ညႇိႏႈိင္းေရးမႉး ဦးေစာျမက ဒီေန႔ VOM ကို ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ လမ္းေလွ်ာက္ဆႏၵေဖာ္ထုတ္ၿပီး အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းလြတ္ေျမာက္ေရးအတြက္ ျပင္ဆင္ေနတယ္။ အဓိကေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းအဖမ္းခံရတာနဲ႔ ေဒါက္တာေအးေမာင္ အဖမ္းခံရတဲ့ ပုံစံခ်င္းမတူဘူးဆိုတာရယ္၊ လူအခြင့္အေရးခ်ိဳးေဖာက္ခံရတယ္ဆိုတာကို ျပခ်င္တဲ့ သဆဘာပါပဲ” လို႔ ဦးေစာျမက ေျပာပါတယ္။

NLD ကိုယ္စားျပဳ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းဟာ ႏိုဝင္ဘာ ၃ ရက္ေန႔မွာ AA အဖြဲ႕က ဖမ္းဆီးခဲ့တာျဖစ္ၿပီး ယေန႔အခ်ိန္ထိ ထိန္းသိမ္းထားဆဲျဖစ္ပါတယ္။

ဦးေဝွ႔တင္းနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဆြးေႏြးဖို႔ ျပင္ဆင္ေနတာေတြ ရွိၿပီး NLD ပါတီကေတာ့ ထုတ္ျပန္ခ်က္ထုတ္ခဲ့ေပမယ့္ ဖမ္းဆီးခဲ့တဲ့ AA အဖြဲ႕ရဲ႕ အမည္ကို တိုက္႐ိုက္ေဖာ္ျပျခင္း မရွိခဲ့တာေၾကာင့္ ေဝဖန္ခံေနရပါတယ္။

#VOICEOFMYANMAR #ဦးေဝွ႕တင္း #အမ်ိဳးသားလႊတ္ေတာ္ကိုုယ္စားလွယ္ #ခူမီး

Unicode

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်ရေး တိုင်းရင်းသားတို့ ဆန္ဒထုတ်ဖော်မယ်

ပလက်ဝ၊ နိုဝင်ဘာ ၁၅ -၂၀၁၉

မင်းရန်နိုင်(VOM)

AA အဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်ရေးအတွက် ချင်းတိုင်းရင်းသားတွေအပါအဝင် တခြားတိုင်းရင်းသားတွေစုပြီး ရန်ကုန်မှာ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားမယ်လို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီရဲ့ ညှိနှိုင်းရေးမှူး ဦးစောမြက ဒီနေ့ VOM ကို ပြောပါတယ်။

“ကျွန်တော်တို့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းလွတ်မြောက်ရေးအတွက် ပြင်ဆင်နေတယ်။ အဓိကတော့ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအဖမ်းခံရတာနဲ့ ဒေါက်တာအေးမောင် အဖမ်းခံရတဲ့ ပုံစံချင်းမတူဘူးဆိုတာရယ်၊ လူအခွင့်အရေးချိုးဖောက်ခံရတယ်ဆိုတာကို ပြချင်တဲ့ သဆဘာပါပဲ” လို့ ဦးစောမြက ပြောပါတယ်။

NLD ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ AA အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

ဦးဝှေ့တင်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဖို့ ပြင်ဆင်နေတာတွေ ရှိပြီး NLD ပါတီကတော့ ထုတ်ပြန်ချက်ထုတ်ခဲ့ပေမယ့် ဖမ်းဆီးခဲ့တဲ့ AA အဖွဲ့ရဲ့ အမည်ကို တိုက်ရိုက်ဖော်ပြခြင်း မရှိခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။

#VOICEOFMYANMAR #ဦးဝှေ့တင်း #အမျိုးသားလွှတ်တော်ကိုယ်စားလှယ် #ခူမီး

Related posts

Leave a Comment

VOM News

FREE
VIEW