စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနနှစ်ခုကို ပူးပေါင်းလျှင် စက်မှုလက်မှု အသွင်ကူးပြောင်းရေးအတွက် ရလဒ်ကောင်းမည်ဟုဆို

Zawgyi

စီမံဘ႑ာဝန္ႀကီးဌာနနဲ႔ စက္မႈဝန္ႀကီးဌာနႏွစ္ခုကို ပူးေပါင္းလွ်င္ စက္မႈလက္မႈ အသြင္ကူးေျပာင္းေရးအတြက္ ရလဒ္ေကာင္းမည္ဟုဆို

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၁၅၊ ၂၀၁၉
သီရိ (VOM)

စီမံဘ႑ာဝန္ႀကီးဌာနနဲ႔ စက္မႈဝန္ႀကီးဌာန ႏွစ္ခုကို ပူးေပါင္းလိုက္မယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕ စက္မႈလက္ မႈလုပ္ငန္းေတြ အသြင္ကူးေျပာင္းမႈလုပ္ငန္းစဥ္ အခုထက္ ပိုမိုျမန္ဆန္ထိေရာက္ၿပီး ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ အ သြင္းကူးေျပာင္းမႈ ရလဒ္ေတြကို ရရွိမွာျဖစ္တယ္လို႔ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနက ဒုတိယဝန္ႀကီး ဦးဆက္ ေအာင္က ေျပာပါတယ္။

ႏိုဝင္ဘာလ ၁၅ ရက္ေန႔က ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ စက္မႈဝန္ႀကီးဌာနႏွင့္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနတို႔ကို ပူးေပါင္း၍ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနအျဖစ္ ျပင္ဆင္ သတ္မွတ္ဖြဲ႕စည္းေရးကိစၥနဲ႔ စပ္လွ်ဥ္းရွင္းလင္းခ်ိန္မွာ ေျပာဆိုသြားတာျဖစ္ပါတယ္။

စက္မႈဝန္ႀကီးဌာနမွာ ဦးစီးဌာန ၃ ခုနဲ႔ လုပ္ငန္း ၄ ခုရွိၿပီး ဦးစီးဌာန ၃ ခုမွာ ဝန္ႀကီး႐ုံး၊ စက္မႈပူးေပါင္း ေဆာင္႐ြက္ေရးဦးစီးဌာနနဲ႔ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာနတို႔ ျဖစ္ပါတယ္။ လုပ္ငန္း ၄ ခုကေတာ့ အမွတ္ (၁) အႀကီးစားစက္မႈလုပ္ငန္း၊ အမွတ္ (၂) အႀကီးစားစက္မႈလုပ္ငန္း၊ အမွတ္ (၃) အႀကီးစားစက္မႈလုပ္ ငန္းနဲ႔ ျမန္မာ့စီးပြားလုပ္ငန္းတို႔ျဖစ္ၾကပါတယ္။

လက္ရွိ စက္မႈဝန္ႀကီးဌာနရဲ႕ ဖြဲ႕စည္းပုံဟာ ႏိုင္ငံေတာ္ စက္႐ုံ၊ အလုပ္႐ုံမ်ားကို စီမံႀကီးၾကပ္လည္ပတ္ႏိုင္ ေရးကို အဓိက ဦးစားေပးထားတဲ့ ဖြဲ႕စည္းပုံတစ္ခုျဖစ္တာကို ေတြ႕ရွိၿပီး ဗဟိုအုပ္ခ်ဳပ္တဲ့ စီးပြားေရးစနစ္အတြက္ လိုအပ္တဲ့ အုပ္ခ်ဳပ္ေရးယႏၲရားမ်ားနဲ႔ ေစ်းကြက္စီးပြားေရးစနစ္ကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာ အ ေရးပါ တဲ့ လုပ္ငန္းစဥ္မ်ားကို အခု ဖြဲ႕စည္းပုံမွာ ေရာေထြးစြာဖြဲ႕စည္းထားတာကို ေတြ႕ရွိရမွာျဖစ္တယ္လို႔ ဦးဆက္ေအာင္ ကဆိုပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံစီးပြားေရးစနစ္ဟာ ေစ်းကြက္စီးပြားေရးစနစ္ကို ဦးတည္ေနတဲ့အတြက္ ေစ်းကြက္စီး ပြားေရးစနစ္ကို အေကာင္အထည္ေဖာ္ေဆာင္ႏိုင္မယ့္ စက္မႈက႑ဆိုင္ရာမူဝါဒမ်ားနဲ႔ ႀကီးၾကပ္ထိန္းကြပ္မႈမ်ား ကို ေဆာင္႐ြက္ႏိုင္မယ့္ ဖြဲ႕စည္းပုံအသစ္ကို အသြင္ကူးေျပာင္းေရးဟာ အလြန္တရာအေရးႀကီးလွေၾကာင္း၊ စက္မႈ ဝန္ႀကီးဌာနလက္ေအာက္ လက္ရွိ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတဲ့ ျမန္မာႏိုင္ငံ စက္မႈ၊ လက္မႈလုပ္ငန္း မ်ား အသြင္ကူးေျပာင္းမႈလုပ္ငန္းစဥ္မွာ အဓိကအားျဖင့္ အပိုင္း ၂ ပိုင္းပါဝင္ေၾကာင္း ေျပာပါတယ္။

အပိုင္းႏွစ္ပိုင္းအနက္ ပထမပိုင္းကေတာ့ စက္မႈဝန္ႀကီးဌာန လက္ေအာက္မွာရွိတဲ့ ပုံေသပိုင္ပစၥည္းေတြ ကို ပုဂၢလိကက႑ကို မဟာဗ်ဴဟာက်က်နဲ႔ စနစ္တက်လႊဲေျပာင္းေပးရန္နဲ႔ ဒုတိယအပိုင္းကေတာ့ ျမန္မာႏိုင္ငံရဲ႕ စက္မႈလုပ္ငန္းမ်ားနဲ႔ SME အခန္းက႑ကို ထိေရာက္စြာထိန္းေက်ာင္းျမႇင့္တင္ႏိုင္ေစရန္အတြက္ မူဝါေတြခ်မွတ္ တာ၊ ႀကီးၾကပ္ထိန္းေက်ာင္းတာေတြမ်ားျပဳလုပ္တာ၊ လူသားအရင္းအျမစ္ေတြပ်ိဳးေထာင္တာနဲ႔ လုပ္ငန္းစဥ္ေတြ ကို ထိေရာက္စြာေဆာင္႐ြက္ႏိုင္တဲ့ ဖြဲ႕စည္းပုံသို႔ အသြင္ကူး ေျပာင္းတာတို႔ပဲ ျဖစ္ပါတယ္။

“ယင္း ဝန္ႀကီးဌာန ႏွစ္ခုကို ပူးေပါင္းဖြဲ႕စည္းျခင္းအားျဖင့္ အသြင္ကူးေျပာင္းေရးဆိုင္ရာလုပ္ငန္းစဥ္မ်ား ကိုလည္း ထိေရာက္ျမန္ဆန္ေစမွာျဖစ္ေၾကာင္း ဆက္လက္တင္ျပလိုပါတယ္။ ႏိုင္ငံတကာမွာလည္း စက္မႈဝန္ ႀကီးဌာနကို ကုန္သြယ္ေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ စီးပြားေရး၊ ကုန္ကူးသန္းေရာင္းဝယ္ေရးႏွင့္ စက္မႈဝန္ႀကီးဌာန စသည္ျဖင့္ စီးပြားေရးႏွင့္ ဆက္စပ္ေသာ ဝန္ႀကီးဌာနမ်ားႏွင့္ ပူးတြဲဖြဲ႕စည္းေလ့ရွိၾကပါတယ္။

ျမန္မာႏိုင္ငံ၏ အေျခအေနအရ ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံေတာ္ဘ႑ာေငြမ်ားကို စနစ္တက် အေကာင္ အထည္ေဖာ္ေဆာင္႐ြက္လွ်က္ရွိတဲ့ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနႏွင့္ စက္မႈဝန္ႀကီးဌာနကို ပူးေပါင္းဖြဲ႕စည္း ရန္ အသင့္ေလ်ာ္ဆုံးျဖစ္ေၾကာင္းတင္ျပလိုပါတယ္”လို႔ ဦးဆက္ေအာင္က ေျပာပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံမွာက စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနကို တာဝန္ယူထားတဲ့ ဝန္ႀကီးနဲ႔ စက္မႈဝန္ ႀကီးဌာနကို တာဝန္ယူထားတဲ့ ဝန္ႀကီးတို႔ဟာ ဝန္ႀကီးတစ္ဦးတည္းျဖစ္ေနတဲ့အတြက္ ပူးေပါင္းဖြဲ႕စည္းလိုက္ျခင္း ျဖင့္ အသြင္ကူးေျပာင္းေရးဆိုင္ရာလုပ္ငန္းစဥ္မ်ားအားလုံးကို ဝန္ႀကီးဌာနတစ္ခုတည္းေအာက္မွာ တစ္စုတစည္း တည္းျဖစ္ေစသျဖင့္ စီမံကိန္းႏွင့္ ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာ ကိစၥရပ္မ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရာမွာ မ်ားစြာထိေရာက္ျမန္ဆန္ေစမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ယခုကဲ့သို႔ ပူးေပါင္းဖြဲ႕စည္းျခင္းျဖင့္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္တာကာလကတည္းက စက္မႈဝန္ႀကီးဌာနမွာ ရပ္ ဆိုင္းထားရတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြကို ေလ့လာသုံးသပ္ခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ဦးေဆာင္တဲ့ ႏိုင္ငံ ေတာ္စီးပြားေရးအရ ေပါင္းစည္းညႇိႏႈိင္းေရးေကာ္မတီ NECC နဲ႔လည္း ပိုမိုနီးကပ္စြာ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ မွာျဖစ္သလို စက္မႈဝန္ထမ္းေတြအတြက္လည္း ၎တို႔ရဲ႕ ကြၽမ္းက်င္မႈ သေဘာဆႏၵမ်ားနဲ႔ ကိုက္ညီတဲ့လုပ္ငန္း ေတြကို ဝန္ႀကီးဌာနအသစ္မွာ ပိုမိုလြယ္ကူအဆင္ေျပစြာ ကူးေျပာင္းထမ္းေဆာင္ႏိုင္ေစမွာျဖစ္တယ္လို႔ သိရပါ တယ္။

#VoiceOfMyanmar #စီမံဘ႑ာႏွင့္ စက္မႈဝန္ၾကီး

 

Unicode

စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနနှစ်ခုကို ပူးပေါင်းလျှင် စက်မှုလက်မှု အသွင်ကူးပြောင်းရေးအတွက် ရလဒ်ကောင်းမည်ဟုဆို

နေပြည်တော်၊ နိုဝင်ဘာ ၁၅၊ ၂၀၁၉
သီရိ (VOM)

စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာန နှစ်ခုကို ပူးပေါင်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စက်မှုလက် မှုလုပ်ငန်းတွေ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် အခုထက် ပိုမိုမြန်ဆန်ထိရောက်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ အ သွင်းကူးပြောင်းမှု ရလဒ်တွေကို ရရှိမှာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဆက် အောင်က ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင် သတ်မှတ်ဖွဲ့စည်းရေးကိစ္စနဲ့ စပ်လျှဉ်းရှင်းလင်းချိန်မှာ ပြောဆိုသွားတာဖြစ်ပါတယ်။

စက်မှုဝန်ကြီးဌာနမှာ ဦးစီးဌာန ၃ ခုနဲ့ လုပ်ငန်း ၄ ခုရှိပြီး ဦးစီးဌာန ၃ ခုမှာ ဝန်ကြီးရုံး၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနနဲ့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ ဖြစ်ပါတယ်။ လုပ်ငန်း ၄ ခုကတော့ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၃) အကြီးစားစက်မှုလုပ် ငန်းနဲ့ မြန်မာ့စီးပွားလုပ်ငန်းတို့ဖြစ်ကြပါတယ်။

လက်ရှိ စက်မှုဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံဟာ နိုင်ငံတော် စက်ရုံ၊ အလုပ်ရုံများကို စီမံကြီးကြပ်လည်ပတ်နိုင် ရေးကို အဓိက ဦးစားပေးထားတဲ့ ဖွဲ့စည်းပုံတစ်ခုဖြစ်တာကို တွေ့ရှိပြီး ဗဟိုအုပ်ချုပ်တဲ့ စီးပွားရေးစနစ်အတွက် လိုအပ်တဲ့ အုပ်ချုပ်ရေးယန္တရားများနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အ ရေးပါ တဲ့ လုပ်ငန်းစဉ်များကို အခု ဖွဲ့စည်းပုံမှာ ရောထွေးစွာဖွဲ့စည်းထားတာကို တွေ့ရှိရမှာဖြစ်တယ်လို့ ဦးဆက်အောင် ကဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံစီးပွားရေးစနစ်ဟာ ဈေးကွက်စီးပွားရေးစနစ်ကို ဦးတည်နေတဲ့အတွက် ဈေးကွက်စီး ပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်မယ့် စက်မှုကဏ္ဍဆိုင်ရာမူဝါဒများနဲ့ ကြီးကြပ်ထိန်းကွပ်မှုများ ကို ဆောင်ရွက်နိုင်မယ့် ဖွဲ့စည်းပုံအသစ်ကို အသွင်ကူးပြောင်းရေးဟာ အလွန်တရာအရေးကြီးလှကြောင်း၊ စက်မှု ဝန်ကြီးဌာနလက်အောက် လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ စက်မှု၊ လက်မှုလုပ်ငန်း များ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်မှာ အဓိကအားဖြင့် အပိုင်း ၂ ပိုင်းပါဝင်ကြောင်း ပြောပါတယ်။

အပိုင်းနှစ်ပိုင်းအနက် ပထမပိုင်းကတော့ စက်မှုဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပုံသေပိုင်ပစ္စည်းတွေ ကို ပုဂ္ဂလိကကဏ္ဍကို မဟာဗျူဟာကျကျနဲ့ စနစ်တကျလွှဲပြောင်းပေးရန်နဲ့ ဒုတိယအပိုင်းကတော့ မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းများနဲ့ SME အခန်းကဏ္ဍကို ထိရောက်စွာထိန်းကျောင်းမြှင့်တင်နိုင်စေရန်အတွက် မူဝါတွေချမှတ် တာ၊ ကြီးကြပ်ထိန်းကျောင်းတာတွေများပြုလုပ်တာ၊ လူသားအရင်းအမြစ်တွေပျိုးထောင်တာနဲ့ လုပ်ငန်းစဉ်တွေ ကို ထိရောက်စွာဆောင်ရွက်နိုင်တဲ့ ဖွဲ့စည်းပုံသို့ အသွင်ကူး ပြောင်းတာတို့ပဲ ဖြစ်ပါတယ်။

“ယင်း ဝန်ကြီးဌာန နှစ်ခုကို ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာလုပ်ငန်းစဉ်များ ကိုလည်း ထိရောက်မြန်ဆန်စေမှာဖြစ်ကြောင်း ဆက်လက်တင်ပြလိုပါတယ်။ နိုင်ငံတကာမှာလည်း စက်မှုဝန် ကြီးဌာနကို ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီးပွားရေး၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန စသည်ဖြင့် စီးပွားရေးနှင့် ဆက်စပ်သော ဝန်ကြီးဌာနများနှင့် ပူးတွဲဖွဲ့စည်းလေ့ရှိကြပါတယ်။

မြန်မာနိုင်ငံ၏ အခြေအနေအရ မြန်မာနိုင်ငံအတွက် နိုင်ငံတော်ဘဏ္ဍာငွေများကို စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနကို ပူးပေါင်းဖွဲ့စည်း ရန် အသင့်လျော်ဆုံးဖြစ်ကြောင်းတင်ပြလိုပါတယ်”လို့ ဦးဆက်အောင်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာက စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကို တာဝန်ယူထားတဲ့ ဝန်ကြီးနဲ့ စက်မှုဝန် ကြီးဌာနကို တာဝန်ယူထားတဲ့ ဝန်ကြီးတို့ဟာ ဝန်ကြီးတစ်ဦးတည်းဖြစ်နေတဲ့အတွက် ပူးပေါင်းဖွဲ့စည်းလိုက်ခြင်း ဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာလုပ်ငန်းစဉ်များအားလုံးကို ဝန်ကြီးဌာနတစ်ခုတည်းအောက်မှာ တစ်စုတစည်း တည်းဖြစ်စေသဖြင့် စီမံကိန်းနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရာမှာ များစွာထိရောက်မြန်ဆန်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုကဲ့သို့ ပူးပေါင်းဖွဲ့စည်းခြင်းဖြင့် လွန်ခဲ့တဲ့ နှစ်နှစ်တာကာလကတည်းက စက်မှုဝန်ကြီးဌာနမှာ ရပ် ဆိုင်းထားရတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို လေ့လာသုံးသပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ နိုင်ငံ တော်စီးပွားရေးအရ ပေါင်းစည်းညှိနှိုင်းရေးကော်မတီ NECC နဲ့လည်း ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်နိုင် မှာဖြစ်သလို စက်မှုဝန်ထမ်းတွေအတွက်လည်း ၎င်းတို့ရဲ့ ကျွမ်းကျင်မှု သဘောဆန္ဒများနဲ့ ကိုက်ညီတဲ့လုပ်ငန်း တွေကို ဝန်ကြီးဌာနအသစ်မှာ ပိုမိုလွယ်ကူအဆင်ပြေစွာ ကူးပြောင်းထမ်းဆောင်နိုင်စေမှာဖြစ်တယ်လို့ သိရပါ တယ်။

#VoiceOfMyanmar #စီမံဘဏ္ဍာနှင့် စက်မှုဝန်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW