အကဲဆတ္တဲ့အခ်ိန္ျဖစ္ေနလို႔ စိတ္ရွည္သည္းခံၿပီးေဆာင္႐ြက္ႏိုင္မွ ေတာ္ရာက်မယ္လို႔ ဗိုလ္မႉးႀကီးစိုင္းငင္း သတိေပးေျပာဆို

အကဲဆတ္တဲ့အခ်ိန္ျဖစ္ေနလို႔ စိတ္ရွည္သည္းခံၿပီးေဆာင္႐ြက္ႏိုင္မွ ေတာ္ရာက်မယ္လို႔ ဗိုလ္မႉးႀကီးစိုင္းငင္း သတိေပးေျပာဆို

ခ်င္းမိုင္၊ ႏိုဝင္ဘာ ၁၆ ၊ ၂၀၁၉
ေအာင္ထူးႏိုင္(VOM)

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား (NCA-S EAO) ရဲ႕ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕ အစည္းအေဝး (ဒုတိယအႀကိမ္) ကို ႏိုဝင္ဘာလ ၁၆ ရက္ေန႔(ဒီေန႔)မွာ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွာ စတင္က်င္းပေနပါတယ္။

အဲဒီအစည္းအေဝးမွာ ႏႈတ္ခြန္းဆက္အဖြင့္အမွာစကားကို အဖြဲ႕ေခါင္းေဆာင္ျဖစ္တဲ့ ဗိုလ္မႉးႀကီး စိုင္းငင္းက ေျပာၾကားရာမွာ “ဒီအခ်ိန္ဟာ ၿငိမ္းခ်မ္းေရး၊ ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရးေတြအတြက္ အကဲဆတ္တဲ့ အခိုက္အတန႔္ျဖစ္လို႔ ဒီကိစၥေတြကို ကိုင္တြယ္ေျဖရွင္းေဆာင္႐ြက္ရာမွာ သတိတရား၊ အသိတရား၊ တည္ၿငိမ္မႈ၊ စိတ္ရွည္သည္းခံမႈ၊ ေထာင့္ေစ့ေအာင္ လုပ္ေဆာင္မႈတို႔နဲ႔ ေဆာင္႐ြက္ႏိုင္မွ ေတာ္ရာက်မွာ ျဖစ္ပါတယ္”လို႔ ေျပာဆိုပါတယ္။

NCA-S EAOရဲ႕ စုဖြဲ႕မႈနဲ႔ လုပ္ငန္းလမ္းၫႊန္ (ToR) ျပင္ဆင္ေဆာင္႐ြက္တဲ့အခါ အဖြဲ႕အစည္း တစ္ဖြဲ႕ ခ်င္းစီအတြက္ ထည့္သြင္းစဥ္းစားဖို႔ လိုအပ္သလို (၅၀) ဖြဲ႕အၾကား စုေပါင္းေဆာင္႐ြက္တဲ့ ဘုံလုပ္ငန္းေတြ အတြက္လည္း အေလးေပး စဥ္းစားေပးဖို႔ လိုအပ္တယ္လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

ဒါ့အျပင္ ၿငိမ္းခ်မ္းေရးအေကာင္အထည္ေဖာ္မႈဦးေဆာင္အဖြဲ႕(PPST) ထီးရိပ္ေအာက္မွာ NCA လက္မွတ္ေရးထိုးထားတဲ့ ညီေနာင္ EAO ၁၀ ဖြဲ႕စလုံး တက္ညီလက္ညီ အရိပ္ဝင္ခိုၿပီးျဖစ္လို႔ မိမိတို႔ အခ်င္းခ်င္းၾကား တည္ရွိေနတဲ့ ခ်စ္ၾကည္ရင္းႏွီးမႈ၊ ဘဝတူ ရဲေဘာ္ရဲဖက္ျဖစ္မႈ၊ စုစည္းမႈ၊ စုဖြဲ႕မႈ၊ စည္းလုံးညီၫြတ္မႈေတြကို ပိုမိုက်စ္လစ္ခိုင္မာေအာင္ ဆက္လက္ အားစိုက္ စဥ္ဆက္မျပတ္ ေဆာင္႐ြက္သြားဖို႔ဟာ အားလုံးရဲ႕ တာဝန္ျဖစ္တယ္လို႔လည္း ေျပာပါတယ္။
ယခု အစည္းအေဝးကို လာမယ့္ ႏိုဝင္ဘာလ ၁၈ ရက္ေန႔အထိ ဆက္လက္က်င္းပသြားမွာျဖစ္ပါတယ္။

ဒီအစည္းအေဝးမွာ ေန႔စဥ္နဲ႔အမွ် တိုးတက္ေျပာင္းလဲေနတဲ့ လက္ရွိၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို သုံးသပ္ျခင္း၊ NCA-S EAO တို႔ရဲ႕ စုဖြဲ႕မႈ၊ လုပ္ငန္းလမ္းၫႊန္ေတြနဲ႔ တျခားအေရးပါတဲ့ အေၾကာင္းအရာ ေတြကို ေဆြးေႏြးသြားမယ္လို႔ သိရပါတယ္။

#VoiceOfMyanmar #NCA_အေကာင္အထည္ေဖာ္မႈဆိုင္ရာမူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕ #အစည္းအေဝး

Unicode

အကဲဆတ်တဲ့အချိန်ဖြစ်နေလို့ စိတ်ရှည်သည်းခံပြီးဆောင်ရွက်နိုင်မှ တော်ရာကျမယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်း သတိပေးပြောဆို

ချင်းမိုင်၊ နိုဝင်ဘာ ၁၆ ၊ ၂၀၁၉
အောင်ထူးနိုင်(VOM)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ရဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး (ဒုတိယအကြိမ်) ကို နိုဝင်ဘာလ ၁၆ ရက်နေ့(ဒီနေ့)မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စတင်ကျင်းပနေပါတယ်။

အဲဒီအစည်းအဝေးမှာ နှုတ်ခွန်းဆက်အဖွင့်အမှာစကားကို အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားရာမှာ “ဒီအချိန်ဟာ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတွေအတွက် အကဲဆတ်တဲ့ အခိုက်အတန့်ဖြစ်လို့ ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရာမှာ သတိတရား၊ အသိတရား၊ တည်ငြိမ်မှု၊ စိတ်ရှည်သည်းခံမှု၊ ထောင့်စေ့အောင် လုပ်ဆောင်မှုတို့နဲ့ ဆောင်ရွက်နိုင်မှ တော်ရာကျမှာ ဖြစ်ပါတယ်”လို့ ပြောဆိုပါတယ်။

NCA-S EAOရဲ့ စုဖွဲ့မှုနဲ့ လုပ်ငန်းလမ်းညွှန် (ToR) ပြင်ဆင်ဆောင်ရွက်တဲ့အခါ အဖွဲ့အစည်း တစ်ဖွဲ့ ချင်းစီအတွက် ထည့်သွင်းစဉ်းစားဖို့ လိုအပ်သလို (၅၀) ဖွဲ့အကြား စုပေါင်းဆောင်ရွက်တဲ့ ဘုံလုပ်ငန်းတွေ အတွက်လည်း အလေးပေး စဉ်းစားပေးဖို့ လိုအပ်တယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုဦးဆောင်အဖွဲ့(PPST) ထီးရိပ်အောက်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ ညီနောင် EAO ၁၀ ဖွဲ့စလုံး တက်ညီလက်ညီ အရိပ်ဝင်ခိုပြီးဖြစ်လို့ မိမိတို့ အချင်းချင်းကြား တည်ရှိနေတဲ့ ချစ်ကြည်ရင်းနှီးမှု၊ ဘဝတူ ရဲဘော်ရဲဖက်ဖြစ်မှု၊ စုစည်းမှု၊ စုဖွဲ့မှု၊ စည်းလုံးညီညွတ်မှုတွေကို ပိုမိုကျစ်လစ်ခိုင်မာအောင် ဆက်လက် အားစိုက် စဉ်ဆက်မပြတ် ဆောင်ရွက်သွားဖို့ဟာ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့လည်း ပြောပါတယ်။
ယခု အစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သုံးသပ်ခြင်း၊ NCA-S EAO တို့ရဲ့ စုဖွဲ့မှု၊ လုပ်ငန်းလမ်းညွှန်တွေနဲ့ တခြားအရေးပါတဲ့ အကြောင်းအရာ တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

#VoiceOfMyanmar #NCA_အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်ညှိနှိုင်းရေးအဖွဲ့ #အစည်းအဝေး

Related posts

Leave a Comment

VOM News

FREE
VIEW