လားရှိုးမြို့တွင်းကို ဗြုံးတောင်ပေါ်ကနေ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ရှော့တိုက်ဒုံး ၈လုံးနဲ့ ပစ်ခတ်၊ ပစ်ရန်၂လုံးကျန်ရှိနေ

zawgyi လားရှိုးမြို့တွင်းကို ဗြုံးတောင်ပေါ်ကနေ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ရှော့တိုက်ဒုံး ၈လုံးနဲ့ ပစ်ခတ်၊ ပစ်ရန်၂လုံးကျန်ရှိနေ တောင်ကြီး၊ နိုဝင်ဘာ ၁၆-၂၀၁၉   ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ ဗြုံးတောင်ပေါ်ကနေ ဒီကနေ့နိုဝင်ဘာလ ၁၆ရက်၊ နံနက် ၁၀နာရီဝန်းကျင်အချိန်ခန့်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဘက်ထရီရှော့တိုက်ဒုံး ၈လုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဗြုံးတောင်ပေါ်မှာ ပစ်ခတ်ဖို့ပြင်ဆင်ထားတဲ့ ရှော့တိုက်ဒုံး ၂လုံးကိုတွေ့ရတယ်လို့ သိရပါတယ်။   လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၁)အတွင်းရှိ ဗြုံးတောင်ပေါ်ကနေ ရှော့တိုက်ဒုံး ၈လုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ရပ်ကွက် ၉အတွင်းကို ကျရောက်ခဲ့ကာ ၃လုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၄လုံးကိုမပေါက်ကွဲဘဲတွေ့ရကြောင်း၊ မပေါက်ကွဲဘဲကျန်ရှိနေတဲ့ (၁)လုံးကို ရှာလို့ မတွေ့သေးဘေူးလို့ သိရပါတယ်။   “တောင်ပေါ်မှာ ပစ်ဖို့လုပ်ထားတာ ၁၀နေရာတွေ့ရတယ်။ အချိန်မရလို့ ပစ်ဖို့ကျန်ခဲ့တဲ့ ၂လုံးတွေ့ရတယ်။ ၃လုံးကွဲပြီး ၄လုံးကို မကွဲဘဲတွေ့တယ်။ မကွဲဘဲကျန်နေတဲ့ ၁လုံးကိုလည်း ရှာလို့မတွေ့သေးဘူး။ လူတစ်ယောက်ဘဲ ထိသွားတယ်။…

Read More

မြင်းမူမြို့နယ်မှာ ပြင်သစ်နိုင်ငံသားတစ်ဦး ကားတိုက်ခံရပြီးသေဆုံး

မြင်းမူမြို့နယ်မှာ ပြင်သစ်နိုင်ငံသားတစ်ဦး ကားတိုက်ခံရပြီးသေဆုံး မြင်းမူ နိုဝင်ဘာ ၁၆ -၂၀၁၉ ရှိုင်းအောင် (VOM) စစ်ကိုင်းခရိုင်၊မြင်းမူမြို့နယ်၊ဂွေးပင်တောကျေးရွာမှာ နိုဝင်ဘာလ ဒီနေ့မနက် ၁၁ နာရီကျော် လောက်က ပြင်သစ်နိုင်ငံသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။   ပြင်သစ်နိုင်ငံ၊ Lyon မြို့မှာနေတဲ့ Mr.Duvernay Roger Francois (၇၆) အပါအဝင် ပြင်သစ်နိုင်ငံသား လေးဦးက စစ်ကိုင်းကနေ မုံရွာမြို့ကို ဆိုင်ကယ်လေးစီးနဲ့ စီးနင်းမောင်းနှင်းလာရာ မျက်နှာချင်ဆိုင်က အရာတော်မြို့နယ်၊ သလဲပါကျေးရွာနေ ကျော်ရဲအောင် (၃၁)နှစ် မောင်းနှင်းလာတဲ့ ယာဉ်အမှတ် 5H/×××× KLUGER အဖြူရောင်ယာဉ်က သူ့ရဲ့ရှေ့က ကားနှစ်စီးကို ကျော်တက်တာမှာ တဖက်ယာဉ်ကြောကို ရောက်သွားပြီး ပြင်သစ်နိုင်ငံ သားလေးဦးအနက် အရှေ့ဆုံးက စီးနင်းမောင်းနှင်တဲ့Mr.Duvernay Roger Francois ရဲ့ HONDA CRF အဖြူရောင်ဆိုင်ကယ်ကို မျက်နှာချင်ဆိုင် ဝင်ရောက်တိုက်မိခဲ့တာပါ…

Read More

လူလုပ်တဲ့ ရေဘေးကြောင့် လယ်ဧက လေးထောင်ကျော် ဒုက္ခရောက်နေ

လူလုပ်တဲ့ ရေဘေးကြောင့် လယ်ဧက လေးထောင်ကျော် ဒုက္ခရောက်နေ ရန်ကုန် နိုဝင်ဘာ-၁၆-၂၀၁၉ မိုးယံ(VOM) ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ် ကြမန်းကျေးရွာအုပ်စု ကြမန်းရွာ ဇေယျာသိဒ္ဒိဘုန်းတော်ကြီးကျောင်းမှာ ရွာပေါင်း (၁၉)ရွာကလယ်သမား နှစ်ရာနီးပါးဟာ လူလုပ်ရေဘေးကြောင့် လယ်ဧကလေးထောင်ကျော် ဒုက္ခရောက်ရတယ်ဆိုပြီး သတင်းစာရှင်းပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ‟ကျမတို့ကြမန်းအုပ်စုအပါအဝင် တလိုင်မေ ၊ ဘောလယ်၊ ကြမန်း၊ မဲပလီ၊ ရွှေကြာဗျိုက် စတဲ့ငါးအုပ်စုက ရေဘေးသင့်တဲ့တောင်သူနဲ့ပြည်သူတွေ တစ်သောင်းကျော် ဒုက္ခရောက်ကြရပြီးတော့ လယ်ဧက လေးထောင်ကျော် ရေသွင်း/ရေနှုတ်မြောင်းတွေ အခက်အခဲ တွေဖြစ်နေပါတယ်။ (၂၀၁၅-၂၀၁၆)ခုနှစ်က ဒီမြောင်းတွေကို ကင်းလွတ်ခွင့်ပေးထားပါတယ် အခု (၂၀၁၈-၂၀၁၉)ခုနှစ်ကျမှ မြို့နယ်ငါးလုပ်ငန်းဦးစီးက အင်းလေ လံပစ်တဲ့အထဲထည့်ပေးတာ လက်လုပ်လက်စားရေလုပ်သားတွေ စားဝတ်နေရေး ကျန်းမာရေး ပညာရေး အကုန်ဒုက္ခရောက်ကုန်ကြတယ် နောက်ပိုင်းပြည်သူတွေသူခိုး သူဝှက် ဆူပူအုံကြွမှုစတဲ့မလိုလားအပ်တာတွေဖြစ်လာနိုင်လို့ ပြည်သူတွေ တောင်သူတွေ ဒီဒုက္ခကအမြန်ဆုံးလွတ်မြောက်ပြီးသက်ဆိုင်ရာက…

Read More

အကဲဆတ်တဲ့အချိန်ဖြစ်နေလို့ စိတ်ရှည်သည်းခံပြီးဆောင်ရွက်နိုင်မှ တော်ရာကျမယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်း သတိပေးပြောဆို

အကဲဆတ်တဲ့အချိန်ဖြစ်နေလို့ စိတ်ရှည်သည်းခံပြီးဆောင်ရွက်နိုင်မှ တော်ရာကျမယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်း သတိပေးပြောဆို ချင်းမိုင်၊ နိုဝင်ဘာ ၁၆ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ရဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး (ဒုတိယအကြိမ်) ကို နိုဝင်ဘာလ ၁၆ ရက်နေ့(ဒီနေ့)မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စတင်ကျင်းပနေပါတယ်။ အဲဒီအစည်းအဝေးမှာ နှုတ်ခွန်းဆက်အဖွင့်အမှာစကားကို အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားရာမှာ “ဒီအချိန်ဟာ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတွေအတွက် အကဲဆတ်တဲ့ အခိုက်အတန့်ဖြစ်လို့ ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရာမှာ သတိတရား၊ အသိတရား၊ တည်ငြိမ်မှု၊ စိတ်ရှည်သည်းခံမှု၊ ထောင့်စေ့အောင် လုပ်ဆောင်မှုတို့နဲ့ ဆောင်ရွက်နိုင်မှ တော်ရာကျမှာ ဖြစ်ပါတယ်”လို့ ပြောဆိုပါတယ်။ NCA-S EAOရဲ့ စုဖွဲ့မှုနဲ့ လုပ်ငန်းလမ်းညွှန် (ToR) ပြင်ဆင်ဆောင်ရွက်တဲ့အခါ အဖွဲ့အစည်း…

Read More
VOM News

FREE
VIEW