လားရႈိးၿမိဳ႕တြင္းကို ၿဗဳံးေတာင္ေပၚကေန လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုမွ ေရွာ့တိုက္ဒုံး ၈လုံးနဲ႔ ပစ္ခတ္၊ ပစ္ရန္၂လုံးက်န္ရွိေန

zawgyi

လားရႈိးၿမိဳ႕တြင္းကို ၿဗဳံးေတာင္ေပၚကေန လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုမွ ေရွာ့တိုက္ဒုံး ၈လုံးနဲ႔ ပစ္ခတ္၊ ပစ္ရန္၂လုံးက်န္ရွိေန

ေတာင္ႀကီး၊ ႏိုဝင္ဘာ ၁၆-၂၀၁၉

 

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕နယ္အတြင္းရွိ ၿဗဳံးေတာင္ေပၚကေန ဒီကေန႔ႏိုဝင္ဘာလ ၁၆ရက္၊ နံနက္ ၁၀နာရီဝန္းက်င္အခ်ိန္ခန႔္က လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုမွ ဘက္ထရီေရွာ့တိုက္ဒုံး ၈လုံးနဲ႔ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ၿဗဳံးေတာင္ေပၚမွာ ပစ္ခတ္ဖို႔ျပင္ဆင္ထားတဲ့ ေရွာ့တိုက္ဒုံး ၂လုံးကိုေတြ႕ရတယ္လို႔ သိရပါတယ္။

 

လားရႈိးၿမိဳ႕နယ္၊ ရပ္ကြက္(၁၁)အတြင္းရွိ ၿဗဳံးေတာင္ေပၚကေန ေရွာ့တိုက္ဒုံး ၈လုံးနဲ႔ ပစ္ခတ္ခဲ့တာျဖစ္ၿပီး ရပ္ကြက္ ၉အတြင္းကို က်ေရာက္ခဲ့ကာ ၃လုံးေပါက္ကြဲမႈျဖစ္ပြားၿပီး ၄လုံးကိုမေပါက္ကြဲဘဲေတြ႕ရေၾကာင္း၊ မေပါက္ကြဲဘဲက်န္ရွိေနတဲ့ (၁)လုံးကို ရွာလို႔ မေတြ႕ေသးေဘူးလို႔ သိရပါတယ္။

 

“ေတာင္ေပၚမွာ ပစ္ဖို႔လုပ္ထားတာ ၁၀ေနရာေတြ႕ရတယ္။ အခ်ိန္မရလို႔ ပစ္ဖို႔က်န္ခဲ့တဲ့ ၂လုံးေတြ႕ရတယ္။ ၃လုံးကြဲၿပီး ၄လုံးကို မကြဲဘဲေတြ႕တယ္။ မကြဲဘဲက်န္ေနတဲ့ ၁လုံးကိုလည္း ရွာလို႔မေတြ႕ေသးဘူး။ လူတစ္ေယာက္ဘဲ ထိသြားတယ္။ ႀကီးႀကီးမားမားေတာ့ မဟုတ္ဘူး။ ျပတ္ရွဒဏ္ရာေသးေသးေလးဘဲ ထိသြားတာပါ”လို႔ ၿဗဳံးေတာင္ေပၚကို ေရာက္ရွိေနတဲ့ ေ႐ႊႀတိဂံေဒသ သတင္းဌာနရဲ႕ သတင္းရင္းျမစ္က ေျပာပါတယ္။

 

ၿဗဳံးေတာင္ေပၚကေန ပစ္ခတ္လိုက္တဲ့ ဘက္ထရီေရွာ့တိုက္ဒုံးေတြက လမ္းသြယ္(၄)ကို တစ္လုံး၊ လမ္းသြယ္(၅)မွာ တစ္လုံး၊ လမ္းသြယ္(၈)ကို တစ္လုံး၊ နယ္ေျမ(၉)ကို တစ္လုံး၊ ငါးကန္အနီးကို တစ္လုံးနဲ႔ ေလယာဥ္ကြင္းလမ္းကို တစ္လုံးတို႔ က်ေရာက္ခဲ့တာ ျဖစ္ၿပီး ၃လုံးေပါက္ကြဲခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

 

အဲဒီလို ပစ္ခတ္မႈေတြေၾကာင့္ ေနအိမ္တစ္လုံးမီးဖိုေခ်ာင္ ထိမွန္ပ်က္စီးမႈ၊ HONDA FITကားတစ္စီး ထိမွန္ပ်က္စီးမႈ၊ ေနအိမ္ၿခံဝန္းအုတ္တံတိုင္းတစ္ခုကို ေဖာက္ဝင္ပ်က္စီးမႈနဲ႔ ေနအိမ္တစ္လုံးကို ရွပ္ထိမွန္ၿပီး အနည္းငယ္ပ်က္စီးမႈတို႔ ျဖစ္ပြားခဲ့ကာ ပစ္ခတ္မႈျဖစ္ပြားတဲ့ေနရာနဲ႔ ေရွာ့တိုက္ဒုံးက်ေရာက္တဲ့ ေနရာေတြကို တပ္မေတာ္မွ ရွင္းလင္းေရးေတြ လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။

သတင္း/ဓါတ္ပုံ-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)

#voiceofmyanmar #ေရႊၾတိဂံေဒသသတင္းလႊာ #လားရွိဳး

unicode

လားရှိုးမြို့တွင်းကို ဗြုံးတောင်ပေါ်ကနေ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ရှော့တိုက်ဒုံး
၈လုံးနဲ့ ပစ်ခတ်၊ ပစ်ရန်၂လုံးကျန်ရှိနေ

တောင်ကြီး၊ နိုဝင်ဘာ ၁၆-၂၀၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ ဗြုံးတောင်ပေါ်ကနေ ဒီကနေ့နိုဝင်ဘာလ ၁၆ရက်၊ နံနက် ၁၀နာရီဝန်းကျင်အချိန်ခန့်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဘက်ထရီရှော့တိုက်ဒုံး ၈လုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဗြုံးတောင်ပေါ်မှာ ပစ်ခတ်ဖို့ပြင်ဆင်ထားတဲ့ ရှော့တိုက်ဒုံး ၂လုံးကိုတွေ့ရတယ်လို့ သိရပါတယ်။

လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၁)အတွင်းရှိ ဗြုံးတောင်ပေါ်ကနေ ရှော့တိုက်ဒုံး ၈လုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ရပ်ကွက် ၉အတွင်းကို ကျရောက်ခဲ့ကာ ၃လုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၄လုံးကိုမပေါက်ကွဲဘဲတွေ့ရကြောင်း၊ မပေါက်ကွဲဘဲကျန်ရှိနေတဲ့ (၁)လုံးကို ရှာလို့ မတွေ့သေးဘေူးလို့ သိရပါတယ်။

“တောင်ပေါ်မှာ ပစ်ဖို့လုပ်ထားတာ ၁၀နေရာတွေ့ရတယ်။ အချိန်မရလို့ ပစ်ဖို့ကျန်ခဲ့တဲ့ ၂လုံးတွေ့ရတယ်။ ၃လုံးကွဲပြီး ၄လုံးကို မကွဲဘဲတွေ့တယ်။ မကွဲဘဲကျန်နေတဲ့ ၁လုံးကိုလည်း ရှာလို့မတွေ့သေးဘူး။ လူတစ်ယောက်ဘဲ ထိသွားတယ်။ ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ပြတ်ရှဒဏ်ရာသေးသေးလေးဘဲ ထိသွားတာပါ”လို့ ဗြုံးတောင်ပေါ်ကို ရောက်ရှိနေတဲ့ ရွှေတြိဂံဒေသ သတင်းဌာနရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဗြုံးတောင်ပေါ်ကနေ ပစ်ခတ်လိုက်တဲ့ ဘက်ထရီရှော့တိုက်ဒုံးတွေက လမ်းသွယ်(၄)ကို တစ်လုံး၊ လမ်းသွယ်(၅)မှာ တစ်လုံး၊ လမ်းသွယ်(၈)ကို တစ်လုံး၊ နယ်မြေ(၉)ကို တစ်လုံး၊ ငါးကန်အနီးကို တစ်လုံးနဲ့ လေယာဉ်ကွင်းလမ်းကို တစ်လုံးတို့ ကျရောက်ခဲ့တာ ဖြစ်ပြီး ၃လုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီလို ပစ်ခတ်မှုတွေကြောင့် နေအိမ်တစ်လုံးမီးဖိုချောင် ထိမှန်ပျက်စီးမှု၊ HONDA FITကားတစ်စီး ထိမှန်ပျက်စီးမှု၊ နေအိမ်ခြံဝန်းအုတ်တံတိုင်းတစ်ခုကို ဖောက်ဝင်ပျက်စီးမှုနဲ့ နေအိမ်တစ်လုံးကို ရှပ်ထိမှန်ပြီး အနည်းငယ်ပျက်စီးမှုတို့ ဖြစ်ပွားခဲ့ကာ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာနဲ့ ရှော့တိုက်ဒုံးကျရောက်တဲ့ နေရာတွေကို တပ်မတော်မှ ရှင်းလင်းရေးတွေ လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

သတင်း/ဓါတ်ပုံ-ရဲရင့်ဇွဲ(ရွှေတြိဂံ)

#voiceofmyanmar #ရွှေတြိဂံဒေသသတင်းလွှာ #လားရှိုး

Related posts

Leave a Comment

VOM News

FREE
VIEW