ၿမင္းမူၿမဳိ႕နယ္မွာ ၿပင္သစ္ႏုိင္ငံသားတစ္ဦး ကားတုိက္ခံရၿပီးေသဆုံး

ၿမင္းမူၿမဳိ႕နယ္မွာ ၿပင္သစ္ႏုိင္ငံသားတစ္ဦး ကားတုိက္ခံရၿပီးေသဆုံး

ၿမင္းမူ ႏုိဝင္ဘာ ၁၆ -၂၀၁၉
ရႈိင္းေအာင္ (VOM)

စစ္ကုိင္းခရုိင္၊ၿမင္းမူၿမဳိ႕နယ္၊ေဂြးပင္ေတာေက်းရြာမွာ ႏုိဝင္ဘာလ ဒီေန႔မနက္ ၁၁ နာရီေက်ာ္ ေလာက္က ၿပင္သစ္ႏုိင္ငံသားတစ္ဦး ကားတုိက္ခံရၿပီး ေသဆုံးသြားခဲ႕ပါတယ္။

 

ၿပင္သစ္ႏုိင္ငံ၊ Lyon ၿမိဳ႕မွာေနတဲ့ Mr.Duvernay Roger Francois (၇၆) အပါအဝင္ ၿပင္သစ္ႏုိင္ငံသား ေလးဦးက စစ္ကုိင္းကေန မုံရြာၿမဳိ႕ကုိ ဆုိင္ကယ္ေလးစီးနဲ႔ စီးနင္းေမာင္းႏွင္းလာရာ မ်က္ႏွာခ်င္ဆုိင္က အရာေတာ္ၿမဳိ႕နယ္၊ သလဲပါေက်းရြာေန ေက်ာ္ရဲေအာင္ (၃၁)ႏွစ္ ေမာင္းႏွင္းလာတဲ့ ယာဥ္အမွတ္ 5H/×××× KLUGER အၿဖဴေရာင္ယာဥ္က သူ႕ရဲ႔ေရွ႕က ကားႏွစ္စီးကုိ ေက်ာ္တက္တာမွာ တဖက္ယာဥ္ေႀကာကုိ ေရာက္သြားၿပီး ၿပင္သစ္ႏုိင္ငံ သားေလးဦးအနက္ အေရွ႕ဆုံးက စီးနင္းေမာင္းႏွင္တဲ့Mr.Duvernay Roger Francois ရဲ႕ HONDA CRF အၿဖဴေရာင္ဆုိင္ကယ္ကုိ မ်က္ႏွာခ်င္ဆုိင္ ဝင္ေရာက္တုိက္မိခဲ့တာပါ လုိ႔ တပ္ၾကပ္ႀကီး ဦးေမာင္ေမာင္သန္းက ေျပာပါတယ္။

ဝင္ေရာက္တုိက္မိခဲ့သည့္ အတြက္ Mr.Duvernay Roger Francois တြင္ ညာဘက္ဝမ္းဗုိက္သုံးလက္မေလာက္ ၿပတ္ရွဒဏ္ရာတစ္ခ်က္၊ ဘယ္ဘက္လက္ဖမုိး ပြန္းပဲဒဏ္ရာ၊မ်က္ႏွာစုတ္ၿပဲဏ္ရာ၊ဦးေခါင္းေႀကြမြဒဏ္ရာ၊ဝဲေၿခက်င္းဝတ္ေပါက္ၿပဲဒဏ္ရာမ်ားရရွိၿပီး အခင္းၿဖစ္ပြားရာေနရာမွာတင္ပဲ ေသဆုံးသြားတယ္လုိ႔ တပ္ၾကပ္ႀကီး ဦးေမာင္ေမာင္သန္းက ေျပာပါတယ္။

ေသဆုံးသြားတဲ့ ၿပင္သစ္ႏုိင္ငံသားရဲ႕ ရုပ္အေလာင္းကုိ ၿမင္းမူေဆးရုံႀကီးသုိ႕ ပုိ႕ေဆာင္ကာ အဲ႔ဒီကတစ္ဆင့္ မႏၲေလးၿပည္သူေဆးရုံကုိ ပုိ႔ေဆာင္ထားေၾကာင္းနဲ႔ ယာဥ္ေမာင္း ေက်ာ္ရဲေအာင္ ကုိ ၿမင္းမူၿမဳိ႕မရဲစခန္းက ယာဥ္(ပ)၅၁/၂၀၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄-က အရ အမႈဖြင့္ဖမ္းဆီးထိန္းသိမ္းထားပါတယ္။

#voiceofmyanmar #ျပင္သစ္နုုိင္ငံသားကားတိုုက္လိုု႕ေသဆံုုး #ျမင္းမူယာဥ္တိုုက္မွဳ

Unicode

မြင်းမူမြို့နယ်မှာ ပြင်သစ်နိုင်ငံသားတစ်ဦး ကားတိုက်ခံရပြီးသေဆုံး

မြင်းမူ နိုဝင်ဘာ ၁၆ -၂၀၁၉
ရှိုင်းအောင် (VOM)

စစ်ကိုင်းခရိုင်၊မြင်းမူမြို့နယ်၊ဂွေးပင်တောကျေးရွာမှာ နိုဝင်ဘာလ ဒီနေ့မနက် ၁၁ နာရီကျော် လောက်က ပြင်သစ်နိုင်ငံသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ၊ Lyon မြို့မှာနေတဲ့ Mr.Duvernay Roger Francois (၇၆) အပါအဝင် ပြင်သစ်နိုင်ငံသား လေးဦးက စစ်ကိုင်းကနေ မုံရွာမြို့ကို ဆိုင်ကယ်လေးစီးနဲ့ စီးနင်းမောင်းနှင်းလာရာ မျက်နှာချင်ဆိုင်က အရာတော်မြို့နယ်၊ သလဲပါကျေးရွာနေ ကျော်ရဲအောင် (၃၁)နှစ် မောင်းနှင်းလာတဲ့ ယာဉ်အမှတ် 5H/×××× KLUGER အဖြူရောင်ယာဉ်က သူ့ရဲ့ရှေ့က ကားနှစ်စီးကို ကျော်တက်တာမှာ တဖက်ယာဉ်ကြောကို ရောက်သွားပြီး ပြင်သစ်နိုင်ငံ သားလေးဦးအနက် အရှေ့ဆုံးက စီးနင်းမောင်းနှင်တဲ့Mr.Duvernay Roger Francois ရဲ့ HONDA CRF အဖြူရောင်ဆိုင်ကယ်ကို မျက်နှာချင်ဆိုင် ဝင်ရောက်တိုက်မိခဲ့တာပါ လို့ တပ်ကြပ်ကြီး ဦးမောင်မောင်သန်းက ပြောပါတယ်။

ဝင်ရောက်တိုက်မိခဲ့သည့် အတွက် Mr.Duvernay Roger Francois တွင် ညာဘက်ဝမ်းဗိုက်သုံးလက်မလောက် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်ဘက်လက်ဖမိုး ပွန်းပဲဒဏ်ရာ၊မျက်နှာစုတ်ပြဲဏ်ရာ၊ဦးခေါင်းကြွေမွဒဏ်ရာ၊ဝဲခြေကျင်းဝတ်ပေါက်ပြဲဒဏ်ရာများရရှိပြီး အခင်းဖြစ်ပွားရာနေရာမှာတင်ပဲ သေဆုံးသွားတယ်လို့ တပ်ကြပ်ကြီး ဦးမောင်မောင်သန်းက ပြောပါတယ်။

သေဆုံးသွားတဲ့ ပြင်သစ်နိုင်ငံသားရဲ့ ရုပ်အလောင်းကို မြင်းမူဆေးရုံကြီးသို့ ပို့ဆောင်ကာ အဲ့ဒီကတစ်ဆင့် မန္တလေးပြည်သူဆေးရုံကို ပို့ဆောင်ထားကြောင်းနဲ့ ယာဉ်မောင်း ကျော်ရဲအောင် ကို မြင်းမူမြို့မရဲစခန်းက ယာဉ်(ပ)၅၁/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

#voiceofmyanmar #ပြင်သစ်နိုင်ငံသားကားတိုက်လို့သေဆုံး #မြင်းမူယာဉ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW