အတိုင္ပင္ခံပုဂၢိဳလ္ဖြင့္ေပးခဲ့တဲ့ ဓာတ္အားခြဲစက္ရံုက လ်ွပ္စစ္မီးကို ေငြ၃သိန္းသြင္းမွ သံုးရမယ့္ျပႆနာ ျဖစ္ပြားေန

ျမဝတီ ၊ ႏိုဝင္ဘာ ၂၁-၂၀၁၉
သူရိန္(VOM)

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ ၊ေဝွ႔ရွမ္းေက်း႐ြာအုပ္စု ၊ေညာင္နန္းသာေက်း႐ြာမွာ ႐ြာသူ႐ြာသားေတြ ေ႐ြးခ်ယ္ထားတာမဟုတ္ဘဲ မိမိဆႏၵအေလ်ာက္ဖြဲ႕ထားတဲ့ အရပ္ဘက္မီးလင္းေရးေကာ္မတီ က ျမန္မာ့လွ်ပ္စစ္မီးကို ေငြက်ပ္ ၃ သိန္းသြင္းမွသာ သုံးစြဲခြင့္ရမည္ဆိုၿပီး ေငြေၾကးေကာက္ခံေနတာကို ေဒသခံ႐ြာသားတစ္ခ်ိဳ႕က ေက်နပ္မႈမရွိတဲ့ျပႆနာျဖစ္ပြားေနပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၿပီးခဲ့တဲ့မတ္လ ၁၉ရက္ ျမဝတီၿမိဳ႕ကို ေရာက္ရွိေနခ်ိန္ ဖြင့္လွစ္ခဲ့တဲ့ သကၤန္းညီေနာင္ဓာတ္အားခြဲ႐ုံက ျဖန္႔ျဖဴးေပးတဲ့ျမန္မာ့လွ်ပ္စစ္မီးကို ေငြက်ပ္ ၃ သိန္းသြင္းမွသာ သုံးခြင့္ျပဳလို႔ ေဒသခံ႐ြာသား ၆၀ ခန္႔က ေက်နပ္မႈမရွိတဲ့အတြက္ နိုဝင္ဘာ ၂၀ရက္ေန႔က အဲ့ဒီရြာမွာပဲ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

” က်မတို႔ အရင္က ျမန္မာလွ်ပ္စစ္မီးမရခင္ ၂၀၁၇ ကစၿပီး တစ္အိမ္လွ်င္ေငြ ၃ သိန္းထည့္ဝင္ၿပီး ကိုယ္ထူကိုယ္ထစနစ္နဲ႔ မီးတိုင္ေတြ ႀကိဳးေတြဝယ္ၿပီး ထိုင္းလွ်ပ္စစ္မီးကို ကုမၼဏီမွဝယ္ယူ သုံးစြဲၾကပါတယ္။ အခု၂၀၁၉ခုႏွစ္ ျမန္မာလွ်ပ္စစ္မီး ေရာက္တဲ့အခါမွာလဲ က်မတို႔ ယခင္တပ္ဆင္အသုံးျပဳေနတဲ့ မီးတိုင္၊မီးႀကိဳး မီတာကေနတဆင့္ သြယ္တန္းထားတဲ့မီးကို ေငြ ၃ သိန္းသြင္းမွသာ အသုံးျပဳရမယ္ဆိုေတာ့ က်မတို႔ ျပည္သူေတြဟာ မိေအးႏွစ္ခါနာ ျဖစ္ေနရတယ္။ ေညာင္နန္းသာ႐ြာက ေဝွ႔ရွမ္းေက်း႐ြာနဲ႔ ေက်ာျခင္းကပ္မွာရွိၿပီး ႐ြာလမ္းမႀကီးနဲ႔ဆို ေပေပါင္း ၃၀၀၀ ေက်ာ္ေလာက္ပဲေဝးပါတယ္။ ေဝွ႔ရွမ္းေက်း႐ြာမွာ ဒီလို အရပ္ဘက္မီးလင္းေရးေကာ္မတီ မရွိဘူး၊ အစိုးရ လွ်ပ္စစ္ဝန္ထမ္းေတြက တိုက္႐ိုက္ကိုင္တြယ္ၿပီး လွ်ပ္စစ္မီတာ တပ္ဆင္ျခင္းမွာလဲ ၉ေသာင္း ၁သိန္းသာ ကုန္က်မႈရွိပါတယ္လို႔” ေညာင္နန္းသာေက်း႐ြာသူ ေဒၚေအးသိန္းက ေျပာပါတယ္။

ခုလို ေငြက်ပ္၃သိန္းသြင္းမွ မီးသံုးစြဲရမယ့္ ကိစၥနဲ႔ပက္သက္ၿပီး ေအာင္းနန္းသာေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးသက္ဦးက “ က်ေနာ္တို႔႐ြာမွာလဲ အစိုးရဘတ္ဂ်က္နဲ႔ ႀကိဳးေတြတိုင္ေတြ စိုက္ထူၿပီး ကြၽမ္းက်င္တဲ့ လွ်ပ္စစ္ဝန္ထမ္းမ်ားျဖင့္ ဌာနကထုတ္ျပန္ထားတဲ့ သတ္မွတ္ေစ်းႏႈန္းအတိုင္း လွ်ပ္စစ္မီးသုံးစြဲခြင့္ရေအာင္ ေဆာင္႐ြက္ေပးေစလိုပါတယ္။ အခုေတာ့ ထိုင္းလွ်ပ္စစ္မီး သုံးစဥ္ကလဲ ကိုယ္ထူကိုယ္ထစနစ္နဲ႔ ျပည္သူေတြ ေငြကုန္ခဲ့ရတယ္၊ အခုလဲ ထပ္ၿပီး ေငြ ၃ သိန္းသြင္းမွသာ မီးသုံးစြဲခြင့္ရမယ္ဆိုေတာ့ အေျခခံလူတန္းစား အမ်ားစုေနထိုင္တဲ့ က်ေနာ္တို႔႐ြာကလူေတြအတြက္ မ်ားစြာနစ္နာမႈရွိတယ္လို႔” သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ျမဝတီၿမိဳ႕မွာ အရင္က တစ္ၿမိဳ႕လုံးအတိုင္းအတာနဲ႔ ထိုင္းႏိုင္ငံကလွ်ပ္စစ္မီးကို ျဖန္႔ျဖဴးခြင့္ရ ကုမၼဏီကေန တဆင့္ဝယ္ယူအသုံးျပဳေနရၿပီး သဃၤန္းညီေနာင္ေက်း႐ြာရွိ ျမန္မာ့လွ်ပ္စစ္ျဖန္႔ျဖဴးေရး ဓာတ္အားခြဲ႐ုံဖြင့္လွစ္ၿပီးေနာက္ ၅ လခန္႔အၾကာ ျမဝတီၿမိဳ႕ျပင္ဘက္ျခမ္းမွာ ျမန္မာလွ်ပ္စစ္မီး သြယ္တန္းအသုံးျပဳျခင္းမႈမ်ား ရွိလာခဲ့ကာ လာမယ့္ဒီဇင္ဘာလအတြင္း ၿမိဳ႕တြင္းပိုင္းထိ တစ္ၿမိဳ႕လုံးအတိုင္းအတာနဲ႔ ျမန္မာ့လွ်ပ္စစ္မီးကို အသုံးျပဳႏိုင္ဖို႔ လ်ာထားတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #ျမဝတီ #လွ်ပ္စစ္မီး #ေငြ၃သိန္း

Unicode

အတိုင်ပင်ခံပုဂ္ဂိုလ်ဖွင့်ပေးခဲ့တဲ့ ဓာတ်အားခွဲစက်ရုံက လျှပ်စစ်မီးကို ငွေ၃သိန်းသွင်းမှ သုံးရမယ့်ပြဿနာ ဖြစ်ပွားနေ

မြဝတီ ၊ နိုဝင်ဘာ ၂၁-၂၀၁၉
သူရိန်(VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ဝှေ့ရှမ်းကျေးရွာအုပ်စု ၊ညောင်နန်းသာကျေးရွာမှာ ရွာသူရွာသားတွေ ရွေးချယ်ထားတာမဟုတ်ဘဲ မိမိဆန္ဒအလျောက်ဖွဲ့ထားတဲ့ အရပ်ဘက်မီးလင်းရေးကော်မတီ က မြန်မာ့လျှပ်စစ်မီးကို ငွေကျပ် ၃ သိန်းသွင်းမှသာ သုံးစွဲခွင့်ရမည်ဆိုပြီး ငွေကြေးကောက်ခံနေတာကို ဒေသခံရွာသားတစ်ချို့က ကျေနပ်မှုမရှိတဲ့ပြဿနာဖြစ်ပွားနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့မတ်လ ၁၉ရက် မြဝတီမြို့ကို ရောက်ရှိနေချိန် ဖွင့်လှစ်ခဲ့တဲ့ သင်္ကန်းညီနောင်ဓာတ်အားခွဲရုံက ဖြန့်ဖြူးပေးတဲ့မြန်မာ့လျှပ်စစ်မီးကို ငွေကျပ် ၃ သိန်းသွင်းမှသာ သုံးခွင့်ပြုလို့ ဒေသခံရွာသား ၆၀ ခန့်က ကျေနပ်မှုမရှိတဲ့အတွက် နိုဝင်ဘာ ၂၀ရက်နေ့က အဲ့ဒီရွာမှာပဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

” ကျမတို့ အရင်က မြန်မာလျှပ်စစ်မီးမရခင် ၂၀၁၇ ကစပြီး တစ်အိမ်လျှင်ငွေ ၃ သိန်းထည့်ဝင်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ မီးတိုင်တွေ ကြိုးတွေဝယ်ပြီး ထိုင်းလျှပ်စစ်မီးကို ကုမ္မဏီမှဝယ်ယူ သုံးစွဲကြပါတယ်။ အခု၂၀၁၉ခုနှစ် မြန်မာလျှပ်စစ်မီး ရောက်တဲ့အခါမှာလဲ ကျမတို့ ယခင်တပ်ဆင်အသုံးပြုနေတဲ့ မီးတိုင်၊မီးကြိုး မီတာကနေတဆင့် သွယ်တန်းထားတဲ့မီးကို ငွေ ၃ သိန်းသွင်းမှသာ အသုံးပြုရမယ်ဆိုတော့ ကျမတို့ ပြည်သူတွေဟာ မိအေးနှစ်ခါနာ ဖြစ်နေရတယ်။ ညောင်နန်းသာရွာက ဝှေ့ရှမ်းကျေးရွာနဲ့ ကျောခြင်းကပ်မှာရှိပြီး ရွာလမ်းမကြီးနဲ့ဆို ပေပေါင်း ၃၀၀၀ ကျော်လောက်ပဲဝေးပါတယ်။ ဝှေ့ရှမ်းကျေးရွာမှာ ဒီလို အရပ်ဘက်မီးလင်းရေးကော်မတီ မရှိဘူး၊ အစိုးရ လျှပ်စစ်ဝန်ထမ်းတွေက တိုက်ရိုက်ကိုင်တွယ်ပြီး လျှပ်စစ်မီတာ တပ်ဆင်ခြင်းမှာလဲ ၉သောင်း ၁သိန်းသာ ကုန်ကျမှုရှိပါတယ်လို့” ညောင်နန်းသာကျေးရွာသူ ဒေါ်အေးသိန်းက ပြောပါတယ်။

ခုလို ငွေကျပ်၃သိန်းသွင်းမှ မီးသုံးစွဲရမယ့် ကိစ္စနဲ့ပက်သက်ပြီး အောင်းနန်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ဦးက “ ကျနော်တို့ရွာမှာလဲ အစိုးရဘတ်ဂျက်နဲ့ ကြိုးတွေတိုင်တွေ စိုက်ထူပြီး ကျွမ်းကျင်တဲ့ လျှပ်စစ်ဝန်ထမ်းများဖြင့် ဌာနကထုတ်ပြန်ထားတဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း လျှပ်စစ်မီးသုံးစွဲခွင့်ရအောင် ဆောင်ရွက်ပေးစေလိုပါတယ်။ အခုတော့ ထိုင်းလျှပ်စစ်မီး သုံးစဉ်ကလဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြည်သူတွေ ငွေကုန်ခဲ့ရတယ်၊ အခုလဲ ထပ်ပြီး ငွေ ၃ သိန်းသွင်းမှသာ မီးသုံးစွဲခွင့်ရမယ်ဆိုတော့ အခြေခံလူတန်းစား အများစုနေထိုင်တဲ့ ကျနော်တို့ရွာကလူတွေအတွက် များစွာနစ်နာမှုရှိတယ်လို့” သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြဝတီမြို့မှာ အရင်က တစ်မြို့လုံးအတိုင်းအတာနဲ့ ထိုင်းနိုင်ငံကလျှပ်စစ်မီးကို ဖြန့်ဖြူးခွင့်ရ ကုမ္မဏီကနေ တဆင့်ဝယ်ယူအသုံးပြုနေရပြီး သင်္ဃန်းညီနောင်ကျေးရွာရှိ မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေး ဓာတ်အားခွဲရုံဖွင့်လှစ်ပြီးနောက် ၅ လခန့်အကြာ မြဝတီမြို့ပြင်ဘက်ခြမ်းမှာ မြန်မာလျှပ်စစ်မီး သွယ်တန်းအသုံးပြုခြင်းမှုများ ရှိလာခဲ့ကာ လာမယ့်ဒီဇင်ဘာလအတွင်း မြို့တွင်းပိုင်းထိ တစ်မြို့လုံးအတိုင်းအတာနဲ့ မြန်မာ့လျှပ်စစ်မီးကို အသုံးပြုနိုင်ဖို့ လျာထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #မြဝတီ #လျှပ်စစ်မီး #ငွေ၃သိန်း

Related posts

Leave a Comment

VOM News

FREE
VIEW