ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ပြဲရံုအပါအဝင္ က်ဴေက်ာ္ေနအိမ္(၂၄၀)မီးေလာင္ဆုံးရႈံး

ရန္ကုန္ ႏိုဝင္ဘာ ၂၁-၂၀၁၉
မိုးယံ(VOM)

ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၁၈)ရပ္ကြက္၊ ဆိပ္ကမ္းသာလမ္း၊ အမွတ္-၆၂ (မသင္းကြင္း) မွာ ဒီေန႔ေန႔လယ္ ၁၂နာရီ ခြဲအခ်ိန္ခန႔္က မီးေလာင္မႈျဖစ္ပြားခဲ့ရာ က်ဴးေက်ာ္ ေနအိမ္(၂၄၀)ေက်ာ္အပါအဝင္ ဝါးဓနိပြဲ႐ုံ (၅)႐ုံမီးလာင္ဆုံးရႈံး ခဲ့တယ္လို႔ ရပ္ကြက္အုက္ခ်ဳပ္ေရးမႉး႐ုံးကသိရပါတယ္။

” မိသားစုအေနနဲ႔ေျပာရင္ ၂၄၂စု ၊ လူဦးေရ ၉၆၄ဦးရွိတယ္၊ အိမ္ေျခကေတာ့ ၂၄၀ ေက်ာ္ေလာက္ရွိတယ္၊ မီးေလာင္ခ်ိန္မွာ ေလကလည္း အရမ္းတိုက္ေနေတာ့ ေလာင္တာျမန္တယ္၊ အိမ္ေတြကလည္း ေသးေသးေလးေတြ ပူးကပ္ေနၾကတယ္၊ လမ္းေက်ာ္ၿပီးေတာ့ ဝါးဓနိပြဲ႐ုံတန္းဘက္ဆက္ေလာင္တယ္၊ ဝါးဓနိ ပြဲ႐ုံကေတာ့ ေလးငါး႐ုံေလာက္ပါသြားတယ္၊ အေသးစိတ္စာရင္းကေတာ့ မရေသးဘူး လို႔” အမွတ္(၁၈)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေဌးကေျပာပါတယ္။

မီးေလာင္မႈျဖစ္ပြားရာကို ရန္ကုန္တိုင္းမီးသတ္တပ္ဖြဲ႕က မီးေလာင္မွဳအဆင့္ Level 2 နဲ႔ ဆိပ္ကမ္းသာလမ္းကို ၂ဘက္ညႇပ္ ၿငိမ္းသတ္ရာ မြန္းလြဲ၁ နာရီ ၁၃ အခ်ိန္မွာမီးထိန္းႏိုင္ခဲ့ၿပီး ၁နာရီခြဲအခ်ိန္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့တယ္လို႔ ရန္ကုန္တိုင္းမီးသတ္ဦးစီးဌာနကသိရပါတယ္။

မီးေလာင္ရတဲ့အေၾကာင္းရင္းနဲ႔ ဆုံးရႈံးမႈတန္ဖိုးေတြကို တာဝန္ရွိသူေတြက စီစစ္ေနဆဲျဖစ္ၿပီး မီးေဘးသင့္ျပည္သူေတြအတြက္ လတ္တေလာထမင္းထုပ္မ်ားေပးေဝဖို႔အနီး ရပ္ကြက္မ်ားမွစုေဆာင္းေနၾကတယ္လို႔သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #မီးေလာင္ #အိမ္၂၄၀

Unicode

ရွှေပြည်သာမြို့နယ်တွင် ပွဲရုံအပါအဝင် ကျူကျော်နေအိမ်(၂၄၀)မီးလောင်ဆုံးရှုံး

ရန်ကုန် နိုဝင်ဘာ ၂၁-၂၀၁၉
မိုးယံ(VOM)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ်-၆၂ (မသင်းကွင်း) မှာ ဒီနေ့နေ့လယ် ၁၂နာရီ ခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျူးကျော် နေအိမ်(၂၄၀)ကျော်အပါအဝင် ဝါးဓနိပွဲရုံ (၅)ရုံမီးလာင်ဆုံးရှုံး ခဲ့တယ်လို့ ရပ်ကွက်အုက်ချုပ်ရေးမှူးရုံးကသိရပါတယ်။

” မိသားစုအနေနဲ့ပြောရင် ၂၄၂စု ၊ လူဦးရေ ၉၆၄ဦးရှိတယ်၊ အိမ်ခြေကတော့ ၂၄၀ ကျော်လောက်ရှိတယ်၊ မီးလောင်ချိန်မှာ လေကလည်း အရမ်းတိုက်နေတော့ လောင်တာမြန်တယ်၊ အိမ်တွေကလည်း သေးသေးလေးတွေ ပူးကပ်နေကြတယ်၊ လမ်းကျော်ပြီးတော့ ဝါးဓနိပွဲရုံတန်းဘက်ဆက်လောင်တယ်၊ ဝါးဓနိ ပွဲရုံကတော့ လေးငါးရုံလောက်ပါသွားတယ်၊ အသေးစိတ်စာရင်းကတော့ မရသေးဘူး လို့” အမှတ်(၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးကပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့က မီးလောင်မှုအဆင့် Level 2 နဲ့ ဆိပ်ကမ်းသာလမ်းကို ၂ဘက်ညှပ် ငြိမ်းသတ်ရာ မွန်းလွဲ၁ နာရီ ၁၃ အချိန်မှာမီးထိန်းနိုင်ခဲ့ပြီး ၁နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနကသိရပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို တာဝန်ရှိသူတွေက စီစစ်နေဆဲဖြစ်ပြီး မီးဘေးသင့်ပြည်သူတွေအတွက် လတ်တလောထမင်းထုပ်များပေးဝေဖို့အနီး ရပ်ကွက်များမှစုဆောင်းနေကြတယ်လို့သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #မီးလောင် #အိမ်၂၄၀

Related posts

Leave a Comment

VOM News

FREE
VIEW