ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ေတာင္ေရကန္လူထုေတြ႕ဆုံပြဲ ပုဂၢလိကမီဒီယာေတြ သတင္းယူခြင့္ပိတ္ပင္ခံရ

ဇီးကုန္း ႏိုဝင္ဘာ ၂၂-၂၀၁၉
မိုးယံ (VOM)

ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္၊ ဇီးကုန္းၿမိဳ႕နယ္၊ ေတာင္ေရကန္ေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းမွာ ဒီေန႔မနက္ပိုင္းက ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ျပည္သူေတြဆုံပြဲျပဳလုပ္ရာမွာ ႏိုင္ငံပိုင္အစိုးရ
မီဒီယာ MRTV၊ ျပန္/ဆက္တို႔ကိုသာ သတင္းရယူခြင့္ျပဳခဲ့ၿပီး
ပုဂၢလိကသတင္းမီဒီယာေတြကို သတင္းယူခြင့္ပိတ္ပင္ခံခဲ့ရပါတယ္။

NLDပဲခူးတိုင္းျပန္ၾကားေရး ဦးမ်ိဳးေဇယ်ာေအာင္က ‟ ဝန္ႀကီးခ်ဳပ္ နဲ႔ ျပည္သူ အျပန္အလွန္ေျပာဆိုေနတဲ့ အေၾကာင္းအရာေတြကို ပုဂၢလိကမီဒီယာေတြ သတင္းမယူပါနဲ႔ ဗီဒီယိုမ႐ိုက္ပါနဲ႔ ႏိုင္ငံပိုင္မီဒီယာ MRTVနဲ႔ျပန္/ဆက္ဘဲ႐ိုက္ခြင့္ေပးပါတယ္ ”လို႔ ေတြ႔ဆံုပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

‟က်ေနာ္တို႔မီဒီယာေတြကို ခြဲျခားတာလား။ မီဒီယာလြတ္လပ္ခြင့္မရွိတာလား။ ဝန္ၾကီးခ်ဳပ္နဲ႔အတူပါလာတဲ့ MRTV ျပန္/ဆက္တို႔ကိုေတာ့ခြင့္ျပဳတယ္။ က်န္တဲ့ပုဂၢလိကမီဒီယာေတြျဖစ္တဲ့
Bago Weekly ၊ VOM(Voice Of Myanmar) ၊ Bago Post စတဲ့ မီဒီယာေတြအားလုံး သတင္းယူခြင့္ပိတ္ခံရတယ္။ ဒါေတြဟာ ဒီမိုကေရစီအစိုးရလက္ထက္မွာ ျဖစ္သင့္သလားလို႔ သက္ဆိုင္ရာေတြ နဲ႔ မီဒီယာေကာင္စီကိုေမးခ်င္ပါတယ္လို႔ ” ဇီးကုန္းၿမိဳ႕နယ္က Bago Weeklyသတင္းေထာက္ ကိုသက္ခိုင္ကေျပာပါတယ္။

ဇီးကုန္းၿမိဳ႕နယ္၊ ေမွာ္ရအုပ္စု၊ သံပုရာကုန္းမွာ တည္ေဆာက္ထားတဲ့ဆန္စက္ဟာ အနီးဝန္းက်င္က
ျပည္သူေတြကို က်န္းမာေရးဆိုး႐ြားေစတဲ့အတြက္ လာေရာက္တင္ျပေတာင္းဆိုတဲ့ ကိုသန္းထိုက္က ပုဂၢလိကမီဒီယာေတြကို သတင္းပိတ္ပင္ခံရတာနဲ႔ပတ္သက္ၿပီး ‟က်ေနာ္တို႔ျပည္သူေတြ ဝန္ႀကီးခ်ဳပ္ကိုတင္ျပဖို႔လာတာမွာ လူတစ္ေယာက္က မိုက္ကိုင္ၿပီး ႏိုင္ငံေတာ္ပိုင္ MRTVနဲ႔ျပန္/ဆက္တို႔ဘဲသတင္းယူခြင့္ျပဳႏိုင္မယ္။ တျခားပုဂၢလိက မီဒီယာေတြကို အခုျပည္သူေတြတင္ျပတာကို
ဗီဒီယို႐ိုက္ကူးျခင္း၊ အသံဖမ္းျခင္း၊ သတင္းယူခြင့္ပိတ္ပင္တာကို ေတြ႕ရပါတယ္။
မီဒီယာဆိုတာ စတုတၳမဏၰိဳင္ပါ။ ျပည္သူနဲ႔ဝန္ႀကီးခ်ဳပ္ အျပန္အလွန္ေျပာဆိုတင္ျပတာကို မီဒီယာက သတင္းမယူရဘူးဆိုတာ ဘာေၾကာင့္ပါလဲေမးခ်င္ပါတယ္လို႔ ”ေျပာပါတယ္။

လူထုေတြ႕ဆုံပြဲကို လယ္/ဆည္ဝန္ႀကီး ဦးေအာင္ေဇာ္ႏိုင္အပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ဌာနဆိုင္ရာဝန္ထမ္းမ်ား NLDပါတီဝင္မ်ား ေဒသခံျပည္သူမ်ား တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

#voiceofmyanmar #ပဲခူး #ဝန္ႀကီးခ်ဳပ္ #မီဒီယာ

Unicode

ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ တောင်ရေကန်လူထုတွေ့ဆုံပွဲ ပုဂ္ဂလိကမီဒီယာတွေ သတင်းယူခွင့်ပိတ်ပင်ခံရ

ဇီးကုန်း နိုဝင်ဘာ ၂၂-၂၀၁၉
မိုးယံ (VOM)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ တောင်ရေကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့မနက်ပိုင်းက ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ပြည်သူတွေဆုံပွဲပြုလုပ်ရာမှာ နိုင်ငံပိုင်အစိုးရ
မီဒီယာ MRTV၊ ပြန်/ဆက်တို့ကိုသာ သတင်းရယူခွင့်ပြုခဲ့ပြီး
ပုဂ္ဂလိကသတင်းမီဒီယာတွေကို သတင်းယူခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။

NLDပဲခူးတိုင်းပြန်ကြားရေး ဦးမျိုးဇေယျာအောင်က ‟ ဝန်ကြီးချုပ် နဲ့ ပြည်သူ အပြန်အလှန်ပြောဆိုနေတဲ့ အကြောင်းအရာတွေကို ပုဂ္ဂလိကမီဒီယာတွေ သတင်းမယူပါနဲ့ ဗီဒီယိုမရိုက်ပါနဲ့ နိုင်ငံပိုင်မီဒီယာ MRTVနဲ့ပြန်/ဆက်ဘဲရိုက်ခွင့်ပေးပါတယ် ”လို့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

‟ကျနော်တို့မီဒီယာတွေကို ခွဲခြားတာလား။ မီဒီယာလွတ်လပ်ခွင့်မရှိတာလား။ ဝန်ကြီးချုပ်နဲ့အတူပါလာတဲ့ MRTV ပြန်/ဆက်တို့ကိုတော့ခွင့်ပြုတယ်။ ကျန်တဲ့ပုဂ္ဂလိကမီဒီယာတွေဖြစ်တဲ့
Bago Weekly ၊ VOM(Voice Of Myanmar) ၊ Bago Post စတဲ့ မီဒီယာတွေအားလုံး သတင်းယူခွင့်ပိတ်ခံရတယ်။ ဒါတွေဟာ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဖြစ်သင့်သလားလို့ သက်ဆိုင်ရာတွေ နဲ့ မီဒီယာကောင်စီကိုမေးချင်ပါတယ်လို့ ” ဇီးကုန်းမြို့နယ်က Bago Weeklyသတင်းထောက် ကိုသက်ခိုင်ကပြောပါတယ်။

ဇီးကုန်းမြို့နယ်၊ မှော်ရအုပ်စု၊ သံပုရာကုန်းမှာ တည်ဆောက်ထားတဲ့ဆန်စက်ဟာ အနီးဝန်းကျင်က
ပြည်သူတွေကို ကျန်းမာရေးဆိုးရွားစေတဲ့အတွက် လာရောက်တင်ပြတောင်းဆိုတဲ့ ကိုသန်းထိုက်က ပုဂ္ဂလိကမီဒီယာတွေကို သတင်းပိတ်ပင်ခံရတာနဲ့ပတ်သက်ပြီး ‟ကျနော်တို့ပြည်သူတွေ ဝန်ကြီးချုပ်ကိုတင်ပြဖို့လာတာမှာ လူတစ်ယောက်က မိုက်ကိုင်ပြီး နိုင်ငံတော်ပိုင် MRTVနဲ့ပြန်/ဆက်တို့ဘဲသတင်းယူခွင့်ပြုနိုင်မယ်။ တခြားပုဂ္ဂလိက မီဒီယာတွေကို အခုပြည်သူတွေတင်ပြတာကို
ဗီဒီယိုရိုက်ကူးခြင်း၊ အသံဖမ်းခြင်း၊ သတင်းယူခွင့်ပိတ်ပင်တာကို တွေ့ရပါတယ်။
မီဒီယာဆိုတာ စတုတ္ထမဏ္ဏိုင်ပါ။ ပြည်သူနဲ့ဝန်ကြီးချုပ် အပြန်အလှန်ပြောဆိုတင်ပြတာကို မီဒီယာက သတင်းမယူရဘူးဆိုတာ ဘာကြောင့်ပါလဲမေးချင်ပါတယ်လို့ ”ပြောပါတယ်။

လူထုတွေ့ဆုံပွဲကို လယ်/ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများ NLDပါတီဝင်များ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #ပဲခူး #ဝန်ကြီးချုပ် #မီဒီယာ

Related posts

Leave a Comment

VOM News

FREE
VIEW