နွစ္နိုင္ငံဆက္ဆံေရး တင္းမာေနစဥ္ ေတာင္တရုတ္ပင္လယ္ျပင္အတြင္း အေမရိကန္စစ္သေဘၤာေတြျဖတ္သန္း

ဝါရွင္တန္၊ နိုဝင္ဘာ-၂၂-၂၀၁၉
မ်ိဳးဆက္ (VOM)

လြန္ခဲ႔တဲ႔ ရက္အနည္းငယ္အတြင္း ေတာင္တရုတ္ပင္လယ္ရွိ တရုတ္နုိင္ငံကပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားတဲ႔ ကြ်န္းေတြအနီးကို အေမရိကန္စစ္သေဘၤာေတြ နွစ္ၾကိမ္ျဖတ္သန္း ခုတ္ေမာင္းခဲ႔တယ္လို႔ အေမရိကန္စစ္ဘက္က နို၀င္ဘာ ၂၁ ရက္မွာေျပာပါတယ္။

ေတာင္တရုတ္ပင္လယ္အေရးဟာ ကုန္သြယ္ေရးစစ္ပြဲ၊ အေမရိကန္ရဲ႕အေရးယူပိတ္ဆို႔မႈေတြ၊ ေဟာင္ေကာင္နဲ႔ ထိုင္ဝမ္အေရးတို႔အပါအဝင္ အေမရိကန္-တရုတ္ဆက္ဆံေရးတို႔မွာ အကဲဆတ္တဲ႔ ကိစၥမ်ားထဲက တစ္ခုျဖစ္ပါတယ္။

ယခုသီတင္းပတ္အေစာပိုင္းက ထိပ္တန္းေဆြးေႏြးပြဲတစ္ခုမွာ အေမရိကန္အေနနဲ႔ ေတာင္တရုတ္ ပင္လယ္ျပင္အတြင္းမွာ စစ္ေရးအင္အားျပေနတာေတြကို ရပ္တန္႔ဖို႔နဲ႔ တရုတ္နိုင္ငံက ပိုင္ဆိုင္တယ္လို႔ ဆိုထားတဲ႔ ထိုင္ဝမ္ရဲ႕ ဒီမိုကေရစီအေရးနဲ႔ ပတ္သက္ျပီး ဝင္မစြက္ဖို႔ တရုတ္နုိင္ငံက တိုက္တြန္းထားပါတယ္။

အေမရိကန္ေရတပ္ဟာ နိုင္ငံတကာေရလမ္းေၾကာင္းကိုအသံုးျပဳျပီး တရုတ္နုိင္ငံပိုင္ ကြ်န္းေတြအနီးမွ ခုတ္ေမာင္းသြားလာေနတဲ႔အတြက္ တရုတ္နိုင္ငံအေနနဲ႔ အျမဲလိုလို အမ်က္ေဒါသထြက္ေနခဲ႔ပါတယ္။

ဒီလိုလုပ္ေဆာင္ေနတာေတြဟာ တရားဥပေဒစိုးမိုးေရးအေပၚအေျခခံထားျပီး အခြင္႔အေရး၊ လြတ္လပ္ျခင္းေတြကို ထိန္းသိမ္းဖို႔္နဲ႔ နိုင္ငံအားလံုးအေနနဲ႔ ေရျပင္နွင္႔ ေဝဟင္ပိုင္နက္ေတြကို တရားဝင္အသံုးျပဳေရး စတဲ႔မိမိတို႔ရဲ႕ ကတိကဝတ္ေတြကို ျပသျခင္းျဖစ္တယ္လို႔ အေမရိကန္ေရတပ္မွ ေျပာေရးဆိုခြင္႔ရွိသူတစ္ဦးက ေျပာပါတယ္။

အေမရိကန္ စစ္သေဘၤာေတြ ေတာင္တရုတ္ပင္လယ္အတြင္း ျဖတ္သန္းခုတ္ေမာင္းတာနဲ႔ ပတ္သက္ျပီး တရုတ္နိုင္ငံဘက္က အတည္ျပဳထားျပီး ရန္လိုတဲ႔လုပ္ရပ္ေတြ ရပ္တန္႔ဖို႔ အေမရိကန္ကို တိုက္တြန္းထားပါတယ္။

Ref : Reuters Photo : US Navy
#voiceofmyanmar #အေမရိကန္ #ေတာင္တရုတ္ပင္လယ္ #စစ္သေဘၤာ

Unicode

နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေစဉ် တောင်တရုတ်ပင်လယ်ပြင်အတွင်း အမေရိကန်စစ်သင်္ဘောတွေဖြတ်သန်း

ဝါရှင်တန်၊ နိုဝင်ဘာ-၂၂-၂၀၁၉
မျိုးဆက် (VOM)

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံကပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားတဲ့ ကျွန်းတွေအနီးကို အမေရိကန်စစ်သင်္ဘောတွေ နှစ်ကြိမ်ဖြတ်သန်း ခုတ်မောင်းခဲ့တယ်လို့ အမေရိကန်စစ်ဘက်က နိုဝင်ဘာ ၂၁ ရက်မှာပြောပါတယ်။

တောင်တရုတ်ပင်လယ်အရေးဟာ ကုန်သွယ်ရေးစစ်ပွဲ၊ အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်အရေးတို့အပါအဝင် အမေရိကန်-တရုတ်ဆက်ဆံရေးတို့မှာ အကဲဆတ်တဲ့ ကိစ္စများထဲက တစ်ခုဖြစ်ပါတယ်။

ယခုသီတင်းပတ်အစောပိုင်းက ထိပ်တန်းဆွေးနွေးပွဲတစ်ခုမှာ အမေရိကန်အနေနဲ့ တောင်တရုတ် ပင်လယ်ပြင်အတွင်းမှာ စစ်ရေးအင်အားပြနေတာတွေကို ရပ်တန့်ဖို့နဲ့ တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ဆိုထားတဲ့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး ဝင်မစွက်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းထားပါတယ်။

အမေရိကန်ရေတပ်ဟာ နိုင်ငံတကာရေလမ်းကြောင်းကိုအသုံးပြုပြီး တရုတ်နိုင်ငံပိုင် ကျွန်းတွေအနီးမှ ခုတ်မောင်းသွားလာနေတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ အမြဲလိုလို အမျက်ဒေါသထွက်နေခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်နေတာတွေဟာ တရားဥပဒေစိုးမိုးရေးအပေါ်အခြေခံထားပြီး အခွင့်အရေး၊ လွတ်လပ်ခြင်းတွေကို ထိန်းသိမ်းဖို့်နဲ့ နိုင်ငံအားလုံးအနေနဲ့ ရေပြင်နှင့် ဝေဟင်ပိုင်နက်တွေကို တရားဝင်အသုံးပြုရေး စတဲ့မိမိတို့ရဲ့ ကတိကဝတ်တွေကို ပြသခြင်းဖြစ်တယ်လို့ အမေရိကန်ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

အမေရိကန် စစ်သင်္ဘောတွေ တောင်တရုတ်ပင်လယ်အတွင်း ဖြတ်သန်းခုတ်မောင်းတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က အတည်ပြုထားပြီး ရန်လိုတဲ့လုပ်ရပ်တွေ ရပ်တန့်ဖို့ အမေရိကန်ကို တိုက်တွန်းထားပါတယ်။

Ref : Reuters Photo : US Navy
#voiceofmyanmar #အမေရိကန် #တောင်တရုတ်ပင်လယ် #စစ်သင်္ဘော

Related posts

Leave a Comment

VOM News

FREE
VIEW