အိႏိၵယမွာ ေလထုညစ္ညမ္းမႈေၾကာင္႔ ၁၅ မိနစ္စာေအာက္ဆီဂ်င္ကို ရူပီး ၃၀၀ နဲ႔ေရာင္းခ်ေန

ေဒလီ၊ နို၀င္ဘာ-၂၂-၂၀၁၉
မ်ိဳးဆက္ (VOM)

အိႏိၵယနုိင္ငံ၊ ေဒလီျမိဳ႕မွာ ေလထုညစ္ညမ္းမႈေၾကာင္႔ အႏၱရာယ္ရိွတဲ႔ အဆိပ္အေတာက္ေလထုေတြ ျပန္႔နွံ႕ေနခ်ိန္ လတ္ဆတ္တဲ႔ေလကို ရွဴရိႈက္လိုသူ ေဒလီျမိဳ႕ခံေတြအတြက္ ေအာက္ဆီဂ်င္ဘားဆိုင္ ထြက္ေပၚလာပါတယ္။

အဲဒီဘားဆိုင္ေတြမွာ လတ္ဆတ္တဲ႔ေလထုကို ရွဴလိုသူေတြရဲ႕ဆႏၵကို ျဖည္႔ဆည္းေပးမွာျဖစ္ကာ ၁၅ မိနစ္စာ လတ္ဆတ္တဲ႔ ေအာက္ဆီဂ်င္ရွဴရိႈက္ဖို႔အတြက္ ရူပီး ၃၀၀ က်သင္႔မွာျဖစ္ျပီး အိႏိၵယရဲ႕ ေလထုညစ္ညမ္းမႈအမ်ားဆံုး ေဒလီျမိဳ႕မွာေတာ႔ ထူးျခားမႈတစ္ခုလို႔ ဆိုပါရမွာျဖစ္ပါတယ္။

အိႏိၵယနုိင္ငံ ေျမာက္ပိုင္းေနရာအမ်ားစုမွာေတာ႔ ေလထုဟာ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာေရာဂါေတြ ျဖစ္ပြားနိုင္တဲ႔ အႏၱရာယ္ရိွတဲ႔ အဆင္႔အထိ ေရာက္ရိွေနပါတယ္။

ေလထုညစ္ညမ္းမႈေၾကာင္႔ စာသင္ေက်ာင္းေတြကို ပိတ္ျခင္း၊ ေဆာက္လုပ္ေရးလုပ္ငန္းေတြကို ရပ္ဆိုင္းတာေတြနဲ႔ ေဒလီရိွလမ္းေတြေပၚမွာ ေမာ္ေတာ္ယာဥ္ေတြေမာင္းနွင္ျခင္း ကန္႔သတ္တာေတြကို အာဏာပိုင္ေတြက လုပ္ေဆာင္ခဲ႔ၾကပါတယ္။

ကမၻာေပၚရိွ ေလထုအညစ္ညမ္းဆံုးနိုင္ငံေပါင္း ၃၀ တြင္ ၂၂ ျမိဳ႕မွာ အိႏိၵယနုိင္ငံတြင္ တည္ရိွေနျပီး ေလထုညစ္လမ္းမႈေၾကာင္႔ ကမၻာတစ္ဝန္းမွာ နွစ္စဥ္လူေပါင္း ၄ ဒသမ ၂ ေက်ာ္ေသဆံုးေနတယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔က ထုတ္ျပန္ထားပါတယ္။

Ref : BBC Photo : Reuters
#voiceofmyanmar #အိႏိၵယနုိင္ငံ #ေလထုညစ္ညမ္း

Unicode

အိန္ဒိယမှာ လေထုညစ်ညမ်းမှုကြောင့် ၁၅ မိနစ်စာအောက်ဆီဂျင်ကို ရူပီး ၃၀၀ နဲ့ရောင်းချနေ

ဒေလီ၊ နိုဝင်ဘာ-၂၂-၂၀၁၉
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ လေထုညစ်ညမ်းမှုကြောင့် အန္တရာယ်ရှိတဲ့ အဆိပ်အတောက်လေထုတွေ ပြန့်နှံ့နေချိန် လတ်ဆတ်တဲ့လေကို ရှူရှိုက်လိုသူ ဒေလီမြို့ခံတွေအတွက် အောက်ဆီဂျင်ဘားဆိုင် ထွက်ပေါ်လာပါတယ်။

အဲဒီဘားဆိုင်တွေမှာ လတ်ဆတ်တဲ့လေထုကို ရှူလိုသူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမှာဖြစ်ကာ ၁၅ မိနစ်စာ လတ်ဆတ်တဲ့ အောက်ဆီဂျင်ရှူရှိုက်ဖို့အတွက် ရူပီး ၃၀၀ ကျသင့်မှာဖြစ်ပြီး အိန္ဒိယရဲ့ လေထုညစ်ညမ်းမှုအများဆုံး ဒေလီမြို့မှာတော့ ထူးခြားမှုတစ်ခုလို့ ဆိုပါရမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းနေရာအများစုမှာတော့ လေထုဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိတဲ့ အဆင့်အထိ ရောက်ရှိနေပါတယ်။

လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းတွေကို ပိတ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းတာတွေနဲ့ ဒေလီရှိလမ်းတွေပေါ်မှာ မော်တော်ယာဉ်တွေမောင်းနှင်ခြင်း ကန့်သတ်တာတွေကို အာဏာပိုင်တွေက လုပ်ဆောင်ခဲ့ကြပါတယ်။

ကမ္ဘာပေါ်ရှိ လေထုအညစ်ညမ်းဆုံးနိုင်ငံပေါင်း ၃၀ တွင် ၂၂ မြို့မှာ အိန္ဒိယနိုင်ငံတွင် တည်ရှိနေပြီး လေထုညစ်လမ်းမှုကြောင့် ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်လူပေါင်း ၄ ဒသမ ၂ ကျော်သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref : BBC Photo : Reuters
#voiceofmyanmar #အိန္ဒိယနိုင်ငံ #လေထုညစ်ညမ်း

Related posts

Leave a Comment

VOM News

FREE
VIEW