ေက်ာင္းျပင္ပေရာက္ကေလးငယ္ ၁၇၀၀၀ေက်ာ္၊ ၁၅ ႏွစ္နဲ႔အထက္ လူငယ္၊လူႀကီး ၅၀၀၀၀ေက်ာ္ကို ၃ႏွစ္အတြင္း ပညာသင္ယူခြင့္ရရွိေရး ေဆာင္႐ြက္ေပးႏိုင္ခဲ့

ေနျပည္ေတာ္ ႏိုဝင္ဘာ ၂၂-၂၀၁၉
သီရိ(VOM)

အစိုးရသစ္လက္ထက္ သုံးႏွစ္တာကာလအတြင္းမွာ ေက်ာင္းျပင္ပေရာက္ကေလးငယ္ေပါင္း ၁၇၀၀၀ ေက်ာ္နဲ႔ ၁၅ ႏွစ္နဲ႔ အထက္ လူငယ္၊ လူႀကီး ၅၀၀၀၀ ေက်ာ္ကို ပညာသင္ယူခြင့္ရရွိေရး ေဆာင္႐ြက္ေပးႏိုင္ခဲ့တယ္လို႔
ဒီကေန႔မနက္ပိုင္းက ေနျပည္ေတာ္မွာရွိတဲ့ မဂၤလာသီရိဟိုတယ္မွာ က်င္းပခဲ့တဲ့ ေက်ာင္းျပင္ပႏွင့္ တစ္သက္တာပညာေရးက႑လုပ္ငန္းအၫႊန္းေဘာင္ မိတ္ဆက္ျခင္းအခမ္းအနားမွာ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦဝင္းေမာ္ထြန္းက ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

“လက္ရွိအစိုးရသက္တမ္း သုံးႏွစ္တာကာလအတြင္း ေက်ာင္းျပင္ပေရာက္ ကေလးငယ္ေပါင္း ၁၇၀၀၀ ေက်ာ္ကို ေက်ာင္းျပင္ပမူလတန္းပညာေရးနဲ႔ ေက်ာင္းျပင္ပအလယ္တန္းပညာေရးအစီအစဥ္ေတြနဲ႔ အေျခခံပ ညာ သင္ယူခြင့္ရေအာင္ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေပးႏိုင္ခဲ့တာကို ေတြ႕ရမွာျဖစ္ပါ တယ္။ အလားတူပဲ ၁၅ ႏွစ္နဲ႔အထက္ လူငယ္ ၊ လူႀကီး ၅၀၀၀၀ ေက်ာ္ကို အေျခခံစာေရး ၊ စာဖတ္၊ အတြက္အခ်က္ သင္ယူခြင့္ရရွိေအာင္ အေျခခံစာတတ္ေျမာက္သင္တန္းေတြ တိုင္းေဒသႀကီး၊ ျပည္နယ္ အသီးသီး သင္ၾကားပို႔ခ်ေပးႏိုင္ခဲ့တာလည္း အားလုံးအသိပဲျဖစ္ပါတယ္”လို႔ ဦဝင္းေမာ္ထြန္းကေျပာပါတယ္။

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ၂၀၁၆ခုႏွစ္ကစၿပီး အမ်ိဳးသားပညာေရးဥပေဒ (၂၀၁၄)၊ အမ်ိဳးသားပညာေရးဥပေဒကိုျပင္ဆင္တဲ့ ဥပေဒ(၂၀၁၅)ေတြနဲ႔အညီ ပညာေရးလုပ္ငန္းစဥ္ေတြကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိကာ အေျခခံပညာက႑မွာ ေက်ာင္းေနအ႐ြယ္ကေလးတိုင္း ေက်ာင္းအပ္ႏွံေရး၊ ေက်ာင္းေနၿမဲေရးနဲ႔ ေက်ာင္းထြက္မႈ မရွိေစေရးတို႔ကို မည္သည့္ကေလး၊ လူငယ္တစ္ဦး တစ္ေယာက္ကိုမွ မက်န္ခဲ့ေစေရး (No One Left Behind) မူဝါဒဦးတည္ခ်က္နဲ႔ ဘက္စုံ၊ က႑စုံက စီမံျဖည့္ ဆည္းေဆာင္႐ြက္ေပးေနတယ္လို႔ ေျပာခဲ့ပါတယ္။

ေက်ာင္းျပင္ပနဲ႔ တစ္သက္တာပညာေရးက႑လုပ္ငန္းအၫႊန္းေဘာင္ (Alternative Education Subsector Framework) ဟာ ယေန႔ႏိုင္ငံေတာ္က ေဆာင္႐ြက္ေနတဲ့ “မည္သူတစ္ဦးတစ္ေယာက္မွ် ခ်န္မထားပဲ ပညာသင္ယူခြင့္ ရရွိေရး” မူဝါဒ ဦးတည္ခ်က္ကို အေထာက္အကူျပဳေစမယ့္ လုပ္ငန္းအၫႊန္းေဘာင္တစ္ခုလို႔ ဆိုရမယ္လို႔လည္း ဒုတိယဝန္ႀကီးက ေျပာခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနအရ ေက်ာင္းျပင္ပက ဘယ္ကေလးမွ မက်န္ခဲ့ေစရဘူးဆိုတဲ့ ရည္ မွန္းခ်က္ကို အေကာင္အထည္ေဖာ္ဖို႔က စိန္ေခၚမႈႀကီးမားေနၿပီး အၿမိဳ႕ၿမိဳ႕အနယ္နယ္မွာက ဆင္းရဲမြဲေတေနတဲ့ လူတန္းစာေတြမွာ ကေလးေတြကို မိသားစုစားဝတ္ေနေရးအတြက္ အသုံးခ်ေနတာမ်ိဳး ေတြရတယ္လို႔လည္း သိရပါတယ္။

ဥပမာအားျဖင့္ဆိုရင္ စာေသာက္ဆိုင္လိုဟာမ်ိဳးေတြနဲ႔ ေဈးေရာင္းတဲ့ေနရာမ်ိဳးေတြ၊ ကြၽဲ၊ ႏြား၊ သိုး၊ ဆိတ္ ေက်ာင္းတာမ်ိဳးေတြမွာ အမ်ားဆုံး အသုံးခ်မႈရွိသလို စိုက္ပ်ိဳးေရးလုပ္ငန္းလုပ္ကိုင္ၾကတဲ့ ေတာင္သူမိသားစုေတြ မွာလည္း ကေလးေတြ ထမ္းေဆာင္ႏိုင္တဲ့ဝန္ကို ပါဝင္ထမ္းေဆာင္ေစတာမ်ိဳးေတြရွိေနလို႔ ျဖစ္ပါတယ္။

ပညာေရးဝန္ႀကီးဌာနက ေဆာင္႐ြက္ေနတဲ့ “မည္သူတစ္ဦးတစ္ေယာက္မွ် ခ်န္မထားပဲ ပညာသင္ယူခြင့္ ရရွိေရး” မူဝါဒကို အေကာင္အထည္ေဖာ္လို႔ ျဖစ္ႏိုင္ပါ့မလားဆိုတာနဲ႔ ပက္သက္ၿပီး VOM သတင္းဌာနက ရတ နာပုံတကၠသိုလ္၊ အဂၤလိပ္စာဌာန ကထိက ဦးသုတ ဆက္သြယ္ေမးျမန္းတဲ့အခါ “မျဖစ္ႏိုင္ဘူးဆိုၿပီး က်ေနာ္တို႔ကေတာ့ မလုပ္လို႔ေတာ့ မရဘူးေလ။ မလုပ္ရင္ ပိုဆိုး သြားမွာပဲ။ ရသေလာက္လုပ္ရမွာေပါ့ေနာ္။ ဥပမာ ဒီႏွစ္မွာ ဘယ္ေလာက္ရာႏႈန္းလုပ္ႏိုင္သလဲ။ ေနာင္ႏွစ္မွာ ရာခိုင္ႏႈန္းဘယ္ေလာက္ လုပ္ႏိုင္သလဲ။ ဒီလိုမ်ိဳး တစ္ဆင့္ခ်င္း တက္သြားရမွာေပါ့။ ဒီဟာႀကီးကို မျဖစ္ႏိုင္ဘူး ဆိုၿပီးေတာ့ ေဘးထိုင္ေနလို႔ေတာ့မရဘူး။ အလုပ္ဆိုတာ လုပ္သြားရင္ေတာ့ ျဖစ္မွာေပါ့။ မလုပ္ၾကည့္ဘဲနဲ႔ ျဖစ္ ပါ့မလားဆိုတဲ့ စိုးရိမ္စိတ္ေတြကိုေတာ့ ေဖ်ာက္ေစခ်င္တာေပါ့ေနာ္”လို႔ ေျပာပါတယ္။

ေနာက္ၿပီး သုံးႏွစ္တာကာလအတြင္းမွာ ေက်ာင္းျပင္ပေရာက္ကေလးငယ္ ၁၇၀၀၀ ေက်ာ္နဲ႔ ၁၅ ႏွစ္နဲ႔အထက္ လူငယ္၊ လူႀကီး ၅၀၀၀၀ ေက်ာ္ကို ပညာသင္ယူခြင့္ရရွိေရးေဆာင္႐ြက္ေပးႏိုင္ခဲ့တာဟာ အားရရွိတဲ့ပမာ ဏတစ္ခု ဟုတ္၊ မဟုတ္ဆိုတာနဲ႔ ပက္သက္ၿပီးေတာ့လည္း “က်ေနာ္တို႔က တစ္ရာရာခိုင္ႏႈန္းျဖစ္ေစခ်င္တဲ့ လူေတြကိုး။ ဒီေလာက္လုပ္ႏိုင္တာကိုပဲ လက္ခံရမယ့္ အေျခအေန၊ ဒီထက္ေကာင္းေအာင္ လုပ္ဖို႔က ဝိုင္းၿပီး ေတာ့ အားလုံးပူးေပါင္းေဆာင္႐ြက္ၿပီး တိုက္တိုက္တြန္း တြန္းနဲ႔ လုပ္ရမွာေပါ့။ အဲ့ဒီလိုဆိုရင္ေတာ့ ေအာင္ျမင္ႏိုင္တာေပါ့။ အခု ဒီဖက္လက္ထပ္မွာ ေက်ာင္းျပင္ပ ပညာေရးဆိုၿပီး ဦးစီးဌာနတစ္ခုဖြဲ႕ၿပီး သူတို႔လိုက္ၿပီး လုပ္တဲ့ အတြက္ ဒါေတြကိုလည္း က်ေနာ္တို႔က လက္ခံရမယ္။ ႀကိဳဆိုရမွာေပါ့။ အားရသလားဆိုေတာ့ ပညာေရးမွာရတဲ့ဘက္ဂ်က္နဲ႔ တိုင္းျပည္မွာ ႏွစ္ငါးဆယ္ေလာက္ ပစ္ထားခဲ့တဲ့ ပညာေရးအေျခအေနကို အခု ဒီဖက္အစိုးရလက္ထက္မွာ ငါးႏွစ္မွာမွစၿပီး၊ အကုန္လုံး (၁) ကေန စျပင္ရတာဆိုေတာ့ က်ေနာ္တို႔အားရတဲ့ အပိုင္းေတြရွိသလို အားမရတဲ့ အပိုင္းေတြလည္း ရွိတာေပါ့ေနာ္။ လုံးလုံးေက်ာင္းမေနႏိုင္တဲ့ကေလးေတြကို ေက်ာင္းထဲကိုေခၚႏိုင္တယ္ဆိုေတာ့ အတိုင္းအတာတစ္ခုေတာ့ ေအာင္ျမင္တယ္။ ဒါေပသိ ကြၽန္ေတာ္တို႔လိုလားတဲ့ ရာခိုင္ႏႈန္းတစ္ခု မဟုတ္ေသးဘူလို႔ေတာ့ ေျပာလို႔ရတာေပါ့”လို႔ ဦးသုတကသုံးသပ္ေျဖၾကားေပးခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ေက်ာင္းျပင္ပပညာေရး

Unicode

ကျောင်းပြင်ပရောက်ကလေးငယ် ၁၇၀၀၀ကျော်၊ ၁၅ နှစ်နဲ့အထက် လူငယ်၊လူကြီး ၅၀၀၀၀ကျော်ကို ၃နှစ်အတွင်း ပညာသင်ယူခွင့်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့

နေပြည်တော် နိုဝင်ဘာ ၂၂-၂၀၁၉
သီရိ(VOM)

အစိုးရသစ်လက်ထက် သုံးနှစ်တာကာလအတွင်းမှာ ကျောင်းပြင်ပရောက်ကလေးငယ်ပေါင်း ၁၇၀၀၀ ကျော်နဲ့ ၁၅ နှစ်နဲ့ အထက် လူငယ်၊ လူကြီး ၅၀၀၀၀ ကျော်ကို ပညာသင်ယူခွင့်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့
ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပခဲ့တဲ့ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍလုပ်ငန်းအညွှန်းဘောင် မိတ်ဆက်ခြင်းအခမ်းအနားမှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦဝင်းမော်ထွန်းက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“လက်ရှိအစိုးရသက်တမ်း သုံးနှစ်တာကာလအတွင်း ကျောင်းပြင်ပရောက် ကလေးငယ်ပေါင်း ၁၇၀၀၀ ကျော်ကို ကျောင်းပြင်ပမူလတန်းပညာရေးနဲ့ ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်တွေနဲ့ အခြေခံပ ညာ သင်ယူခွင့်ရအောင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါ တယ်။ အလားတူပဲ ၁၅ နှစ်နဲ့အထက် လူငယ် ၊ လူကြီး ၅၀၀၀၀ ကျော်ကို အခြေခံစာရေး ၊ စာဖတ်၊ အတွက်အချက် သင်ယူခွင့်ရရှိအောင် အခြေခံစာတတ်မြောက်သင်တန်းတွေ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီး သင်ကြားပို့ချပေးနိုင်ခဲ့တာလည်း အားလုံးအသိပဲဖြစ်ပါတယ်”လို့ ဦဝင်းမော်ထွန်းကပြောပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၆ခုနှစ်ကစပြီး အမျိုးသားပညာရေးဥပဒေ (၂၀၁၄)၊ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေ(၂၀၁၅)တွေနဲ့အညီ ပညာရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာ အခြေခံပညာကဏ္ဍမှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေးနဲ့ ကျောင်းထွက်မှု မရှိစေရေးတို့ကို မည်သည့်ကလေး၊ လူငယ်တစ်ဦး တစ်ယောက်ကိုမှ မကျန်ခဲ့စေရေး (No One Left Behind) မူဝါဒဦးတည်ချက်နဲ့ ဘက်စုံ၊ ကဏ္ဍစုံက စီမံဖြည့် ဆည်းဆောင်ရွက်ပေးနေတယ်လို့ ပြောခဲ့ပါတယ်။

ကျောင်းပြင်ပနဲ့ တစ်သက်တာပညာရေးကဏ္ဍလုပ်ငန်းအညွှန်းဘောင် (Alternative Education Subsector Framework) ဟာ ယနေ့နိုင်ငံတော်က ဆောင်ရွက်နေတဲ့ “မည်သူတစ်ဦးတစ်ယောက်မျှ ချန်မထားပဲ ပညာသင်ယူခွင့် ရရှိရေး” မူဝါဒ ဦးတည်ချက်ကို အထောက်အကူပြုစေမယ့် လုပ်ငန်းအညွှန်းဘောင်တစ်ခုလို့ ဆိုရမယ်လို့လည်း ဒုတိယဝန်ကြီးက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ကျောင်းပြင်ပက ဘယ်ကလေးမှ မကျန်ခဲ့စေရဘူးဆိုတဲ့ ရည် မှန်းချက်ကို အကောင်အထည်ဖော်ဖို့က စိန်ခေါ်မှုကြီးမားနေပြီး အမြို့မြို့အနယ်နယ်မှာက ဆင်းရဲမွဲတေနေတဲ့ လူတန်းစာတွေမှာ ကလေးတွေကို မိသားစုစားဝတ်နေရေးအတွက် အသုံးချနေတာမျိုး တွေရတယ်လို့လည်း သိရပါတယ်။

ဥပမာအားဖြင့်ဆိုရင် စာသောက်ဆိုင်လိုဟာမျိုးတွေနဲ့ ဈေးရောင်းတဲ့နေရာမျိုးတွေ၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ကျောင်းတာမျိုးတွေမှာ အများဆုံး အသုံးချမှုရှိသလို စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူမိသားစုတွေ မှာလည်း ကလေးတွေ ထမ်းဆောင်နိုင်တဲ့ဝန်ကို ပါဝင်ထမ်းဆောင်စေတာမျိုးတွေရှိနေလို့ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ “မည်သူတစ်ဦးတစ်ယောက်မျှ ချန်မထားပဲ ပညာသင်ယူခွင့် ရရှိရေး” မူဝါဒကို အကောင်အထည်ဖော်လို့ ဖြစ်နိုင်ပါ့မလားဆိုတာနဲ့ ပက်သက်ပြီး VOM သတင်းဌာနက ရတ နာပုံတက္ကသိုလ်၊ အင်္ဂလိပ်စာဌာန ကထိက ဦးသုတ ဆက်သွယ်မေးမြန်းတဲ့အခါ “မဖြစ်နိုင်ဘူးဆိုပြီး ကျနော်တို့ကတော့ မလုပ်လို့တော့ မရဘူးလေ။ မလုပ်ရင် ပိုဆိုး သွားမှာပဲ။ ရသလောက်လုပ်ရမှာပေါ့နော်။ ဥပမာ ဒီနှစ်မှာ ဘယ်လောက်ရာနှုန်းလုပ်နိုင်သလဲ။ နောင်နှစ်မှာ ရာခိုင်နှုန်းဘယ်လောက် လုပ်နိုင်သလဲ။ ဒီလိုမျိုး တစ်ဆင့်ချင်း တက်သွားရမှာပေါ့။ ဒီဟာကြီးကို မဖြစ်နိုင်ဘူး ဆိုပြီးတော့ ဘေးထိုင်နေလို့တော့မရဘူး။ အလုပ်ဆိုတာ လုပ်သွားရင်တော့ ဖြစ်မှာပေါ့။ မလုပ်ကြည့်ဘဲနဲ့ ဖြစ် ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကိုတော့ ဖျောက်စေချင်တာပေါ့နော်”လို့ ပြောပါတယ်။

နောက်ပြီး သုံးနှစ်တာကာလအတွင်းမှာ ကျောင်းပြင်ပရောက်ကလေးငယ် ၁၇၀၀၀ ကျော်နဲ့ ၁၅ နှစ်နဲ့အထက် လူငယ်၊ လူကြီး ၅၀၀၀၀ ကျော်ကို ပညာသင်ယူခွင့်ရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့တာဟာ အားရရှိတဲ့ပမာ ဏတစ်ခု ဟုတ်၊ မဟုတ်ဆိုတာနဲ့ ပက်သက်ပြီးတော့လည်း “ကျနော်တို့က တစ်ရာရာခိုင်နှုန်းဖြစ်စေချင်တဲ့ လူတွေကိုး။ ဒီလောက်လုပ်နိုင်တာကိုပဲ လက်ခံရမယ့် အခြေအနေ၊ ဒီထက်ကောင်းအောင် လုပ်ဖို့က ဝိုင်းပြီး တော့ အားလုံးပူးပေါင်းဆောင်ရွက်ပြီး တိုက်တိုက်တွန်း တွန်းနဲ့ လုပ်ရမှာပေါ့။ အဲ့ဒီလိုဆိုရင်တော့ အောင်မြင်နိုင်တာပေါ့။ အခု ဒီဖက်လက်ထပ်မှာ ကျောင်းပြင်ပ ပညာရေးဆိုပြီး ဦးစီးဌာနတစ်ခုဖွဲ့ပြီး သူတို့လိုက်ပြီး လုပ်တဲ့ အတွက် ဒါတွေကိုလည်း ကျနော်တို့က လက်ခံရမယ်။ ကြိုဆိုရမှာပေါ့။ အားရသလားဆိုတော့ ပညာရေးမှာရတဲ့ဘက်ဂျက်နဲ့ တိုင်းပြည်မှာ နှစ်ငါးဆယ်လောက် ပစ်ထားခဲ့တဲ့ ပညာရေးအခြေအနေကို အခု ဒီဖက်အစိုးရလက်ထက်မှာ ငါးနှစ်မှာမှစပြီး၊ အကုန်လုံး (၁) ကနေ စပြင်ရတာဆိုတော့ ကျနော်တို့အားရတဲ့ အပိုင်းတွေရှိသလို အားမရတဲ့ အပိုင်းတွေလည်း ရှိတာပေါ့နော်။ လုံးလုံးကျောင်းမနေနိုင်တဲ့ကလေးတွေကို ကျောင်းထဲကိုခေါ်နိုင်တယ်ဆိုတော့ အတိုင်းအတာတစ်ခုတော့ အောင်မြင်တယ်။ ဒါပေသိ ကျွန်တော်တို့လိုလားတဲ့ ရာခိုင်နှုန်းတစ်ခု မဟုတ်သေးဘူလို့တော့ ပြောလို့ရတာပေါ့”လို့ ဦးသုတကသုံးသပ်ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #ကျောင်းပြင်ပပညာရေး

Related posts

Leave a Comment

VOM News

FREE
VIEW